မင်း ကိုယ့်အပေါ်မှာ သိပ်ချစ်တာကိုလည်း ကို သိပါတယ်။ အဲဒီ့အတွက်လည်း ကို မင်းကို သိပ်ကျေးဇူးတင်ပါတယ်။ မင်းရဲ့ နားလည်ခွင့်လွှတ်တတ်တဲ့ စိတ်ကလေးအတွက် ကိုယ်ကလည်း မင်းကို ပြန်ပြီးလက်ဆောင်တစ်ခုပေးပါ့မယ် အဲဒါကတော့ သစ္စာပါ မင်းအပေါ်မှာ ကိုယ်အမြဲတမ်း သစ္စာရှိပါ့မယ်၊ မင်းကို ကို သိပ်ချစ်ပါတယ်။ မင်းက ကိုယ့်ရဲ့ အချစ်ဦးမဟုတ်ရင်တောင်မှ တစ်သက်စာအချစ်ပါဘဲ။ ကိုယ့်လို လိုအပ်ချက်တွေ များလွန်းတဲ့သူအတွက် နားအလည်ဆုံးနဲ့ လက်ခံနိုင်ဆုံးသူဟာ မင်းတစ်ယောက်တည်းပဲ ရှိမှာပါ။ ကို လိုအပ်နေတဲ့ အချိန်တွေမှာ မင်းက အားဖြည့်ပေးနေသလို မင်းလိုအပ်နေတဲ့ အချိန်တွေမှာလည်း မင်းရဲ့ နားမှာ အမြဲတမ်းရှိနေမှာပါ။ အရမ်းချစ်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းကို ကြည့်ပြီး ချစ်ခြင်းရဲ့ အနက်အရှိုင်းကို တိုင်းတာလို့မရပါဘူး။ အချစ်နဲ့ အချိန်က တစ်သားတည်း ကျနေတဲ့အတွက် မင်း ကိုယ့်ရဲ့ နှလုံးသား အမှန်ကို တစ်ချိန်ချိန်မှာ မြင်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။ တကယ့်အစစ်အမှန်ကို ရှာတွေ့ပြီးတဲ့ လူတစ်ယောက်အတွက် အတုအယောင်တွေနဲ့ ဘာလို့ ရောနှောနေတော့မှာလဲ၊ ကို့မှာ မင်းနဲ့အတူ လုပ်ဆောင်ရမယ့် ကိစ္စတွေ တော်တော်များများ ရှိသေးတယ်။ အာရုံ သိပ်များနေတဲ့ လူအတွက် တစ်ခါတစ်လေမှာ လစ်ဟင်းမှုလေးတွေ တော်တော်များများ ရှိခဲ့မယ်ဆိုရင်လည်း ဖြူ့ကို ကို တောင်းပန်ပါတယ်။ အေးဆေးလွန်းတာ မချစ်လို့ မဟုတ်ပါဘူး။ မင်း ရွေးချယ်ခွင့်ရအောင် လမ်းဖွင့်ပေးထားတာပါ။ ခပ်မာမာပြောတာလဲ မချစ်လို့ မဟုတ်ပါဘူး မင်း စဉ်းစားချင့်ချိန်နိုင်အောင်လို့ပါ။ ကို ၀န်ခံပါတယ် ကိုယ်က လျှို့ဝှက်သူတစ်ယောက် တချို့ကိစ္စတွေကို ဖွင့်ချမပြတတ်တဲ့သူတစ်ယောက်ဆိုတာကို။
author:@sanmoon
photo:google