ပညာလို အိုသည် မရှိ' ဆိုတဲ့ စကားပုံအတိုင်းပါဘဲ့
ပညာတွေဟာ ရှာလေ ရပ်တန့် လို့ မရလေအောင်ပါဘဲ့
ကိုယ်မသိသေး မတတ်သေးတာတွေ infinity ပါဘဲ့
အဆုံးစမရှိရလောက်အောင် များပြားလွန်းလှပါတယ်
Internet ကိုအကျိုးရှိရှိ အသုံးချတတ်လေ ယူစရာ ပညာရပ်တွေ မကုန်ခမ်းနိုင်အောင် တကယ်ကို များပြားလွန်းလှပါတယ်. . .
ဥပမာ- အကျီ င်္ ဖက်ရှင် ဒီဇိုင်နာ တစ်ယောက်ဆိုလျှင်လည်း ဒီအတိုင်း ကိုယ်သိနေတာလေးနဲ့ ရပ်တန့်နေလို့ မရဘူး။ ဒီထက်မက တီထွင်ဆန်းသစ်တဲ့ ဝတ်စုံတစ်စုံ ဖြစ်ပေါ်လာဖို့ ကိုယ်ပိုင် ဥာဏ်စွမ်းအပြင် ကိုယ့်ထက် လုပ်သက်များလို့ အတွေ့ကြုံတွေ များလှတဲ့ ဆရာ ဆရာမ တွေဆီက Refrences တွေယူလို့ ကိုယ်ပိုင်ဥာဏ်နဲ့ပေါင်းစပ်ပြီး အလှပဆုံး ဖြစ်အောင် ဖန်တီးယူကြရပါတယ်. .
Make-up Artist တစ်ယောက်ကလည်း ထိုနည်းလည်းကောင်းပါဘဲ့
ကိုယ်နေတဲ့ နိုင်ငံရဲ့ ဖီးလိမ်းပြင်ဆင်မှုတွေအပြင် နိုင်ငံတချို့က ပညာရှင်ကြီးတွေ ရဲ့ တီထွင်မှုတွေကို ကိုးကားလို့ ခေတ်နဲ့အမှီ လ်ုက်ကြရတာဘဲ့ ကိုယ်ရောက်နေတဲ့နေရာမှာဘဲ့ ရပ်တန့်နေလို့မရ.
Up-to- date ဖြစ်နေဖို့ အမြဲလေ့လာ သင်ယူနေကြရတာပါဘဲ့. .
ဒီလိုပါဘဲ့ စားသောက်ဆို ဟိုတယ် တွေမှာရှိတဲ့ စားဖိုးမှူးတစ်ယောက်ကလည်း ကိုယ့်ရဲ့ လက်ရာတွေ အမြဲကောင်းမွန်ပြီး လာရောက်စားသုံးကြတဲ့ စားသုံးသူတို့ စားသောက်ရ မငြီးငွေ့စေဖို့အတွက် Menu ကို ဆန်းသစ်စွာ ပြင်ဆင်နိုင်ဖို့အတွက် နိုင်ငံတကာ နဲ့ ရင်ဘောင်တန်းနိုင်ဖို့ အတွက် လေ့လာသင်ယူမှု အမြဲ ပြုလုပ်နေကြရတာပါဘဲ့ . .
ဒီလိုပါဘဲ့ ကွန်ပျူတာပညာရပ်ကို လေ့လာ လိုက်စားနေကြတဲ့ လူငယ်တွေလည်း အခြေခံမှ တစ်ဆင့် ထပ်ဆင့်ပွားလို့ Hardware , software တို့အပြင် တခြားသော ဆပ်စပ်ပညာတွေ ယူရင် ယူသလောက် ရှာရင် ရှာသလောက် မကုန်ခမ်းနိုင်လောက် များပြားလှပေတယ်။ လေ့လာရင်လေ့လာသလောက် မကုန်နိုင် ရှိနေတဲ့စာအုပ်တွေက မိမိအသက်ထက်များနေတော့ စာဖတိရင်းနဲ့သာအချိန်ကုန်သင့်ပါတယ်။
Excel program တစ်ခုတည်းလေ့လာနေရင်းနဲ့တောင် ကိုယ်သိထား တဲ့ Formula တွေအပြင် ကွန့်ရင်ကွန့်သလောက် ဖန်တီးရင်ဖန်တီး နိုင်သလောက် Formula တွေ များပြားလွန်းလှပါတယ်။ excelတခုတည်းမှာကိုလေ့လာစရာတွေ သိမှတ်စရာတွေက များပြားလွန်းလှပါတယ်။လေ့လာရင် အလွန်ကျယ်ပြန့်တဲ့ ဘာသာရပ်တစ်ခုပါဘဲ့။
photoshop ပညာတစ်ခုကို လေ့လာလိုက်ပြန်ရင်းလည်း ရုန်းထွက်လို့မရနိုင်အောင်ဖန်တီးလို့ရတာတွေလည်း အဆုံးမရှိနိုင်တော့ဘူး။အလင်းအမှောင် ကာလာချိန်တာတွေ effectအမျိုးမျိုးထည့်တာနဲ့ မဆုံးနိုင်ရှိနေပါတယ်။training site တွေမှာ photoshop skillတက်လာအောင် လေ့ကျင့်နိုင်ပါတယ်။
Internet ပေါ်မှာ ဘာသာရပ်ဆိုင်ရာ ပညာအသီးသီး ဝေငှပေးလို့ လက်ဆင့် ကမ်းနေကြတဲ့ ပညာရှင်အသီးသီးရှိနေခြင်းဟာလည်း လူငယ်တို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေ ပိုင်ဆိုင်ထားတာနဲ့အတူတူပါဘဲ့. . ကျနော်တို့ လိုင်းပေါ်မှာ social mediaတွေကိုဘဲ့ သုံးမနေဘဲ့ onlineကနေ သင်ကြားပေးနေတဲ့ courseတွေကိုလည်း အခမဲ့ တက်ရောက်သင်ကြားနိုင်တဲ့ siteတွေမှာ လေ့လာစေချင်ပါတယ်။
''သုံးတတ်လျှင် ဆေး
မသုံးတတ်လျှင်ဘေး'' ဆိုသည့်အတိုင်း အကျိုးရှိစွာ အသုံးချတတ်ဖို့ လူငယ်တို့အတွက် အရေးကြီးလှပါတယ်. . ယနေ့လူငယ်များ အင်တာနက် ကို အသုံးချတဲ့ နေရာမမှားစေဖို့ အရေးကြီးလွန်းလှပါတယ်။ အသက်မပြည့်သေးဘဲ အွန်လိုင်းမှာ ချက်တငိထိုင်ရင်း ကာမရဲ့သားကောင်များဖြစ်ကြရသူတွေ လည်းဒုနဲ့ဒေးပါဘဲ့။
လွှဲမှားစွာ အသုံးချမှုတွေကို ရှောင်ရှားနိုင်လို့ အင်တာနက်ကို
အကျိုးရှိရှိ အသုံးချခြင်းဖြင့် ပညာတွေ ဆထက်တပိုး တိုးလို့ရှာနိုင်ကြပါစေ. .
ပညာတွေ ဝေငှလို့ လက်ဆင့်ကမ်းပေးနေကြသော
ဆရာ ဆရာမများလည်း အသက်ရှည်ကျန်းမာလို့ ဘေးအန္တာရယ်ကင်းကြပါစေ လို့ ဆုမွန်ကောင်းတောင်းရင်း သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအား ဒီနေ့ post လေးနဲ့ ကန်တော့လိုက်ပါတယ်
Steemit အဖွဲ့သားများအားလုံး ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာ ချမ်းသာ ကြပါစေ
MSC 148
AUTHOR,@rocketgyi
Credit google.com