Today morning feeling ……

Words
136
Reading
1 min
Listen
Play
8y

စကားပုံလေးတခုက B Pyae နဲ့တိုက်ဆိုင်လာတော့ သတိရမိသွားတယ် ……

" ထိုင်နေတာအကောင်း ထ သွားမှ ကျိုးမှန်းသိ " ဆိုတဲ့ စကားလေးပါဘဲ ။

Btc ကနေစလို့  B Pyae စုထားသမျှ coin တွေ အဆုံး ဈေးတွေကျပြီးရင်းကျနေလို့  ဘာမှလုပ်ချင်စိတ်မရှိအောင် စိတ်ဓာတ်ကျနေတာကြောင့် B Pyae တတ်သလောက်လေးတွေကို ဘာမှမလုပ်တော့ဘဲ ပစ်ထားခဲ့ပြီး ထိုင်နေတယ်ဆိုပါတော့ ။

ဈေးလေးကျလာလိုက် ပြန်တက်တော့မှာလားစိတ်ကထင်လိုက်
နဲနဲထပ်ဝယ်စုလိုက်နဲ့ B Pyae ကြိတ်စုလာခဲ့တာလဲ အကြိမ်ကြိမ်ပါဘဲ ။

ခက်တာက B Pyae ဝယ်စုလိုက် ဈေးတက်မလာဘဲ ထပ်ကျလိုက်ဖြစ်နေတော့ ကိုယ့်ကိုယ်ကိုတောင် စိတ်ကမသန့်ဖြစ်မိလာတယ် ။ " ငါ ဝယ်စုနေလို့ များ ကျနေလားမသိ - ငါများ ဘူပိတ်နေလား ? " ပေါ့ တွေးမိလာတာ ။

လွန်ခဲ့တဲ့ ၆ရက်က ဈေးလေးလှုပ်လာတော့ တက်တော့မှာလားအထင်နဲ့ eth လေးဝယ်စုထားမိတာ အခုထပ်ကျသွားက $100 ဘိုးဝယ်စုတဲ့ eth က $ 73.99 တဲ့ ။ အဲလိုကို ကံကဆိုးနေတော့တာပါဆို ။

IMG_20180915_092044.jpg

ဘယ်လောက်ထိကံဆိုးလဲဆို B Pyae မွေးထားတဲ့ခွေးက မမှတ်မိဘဲ ဟောင်နေလို့  ဒေါသဖြစ်ရသေးတာ ။ ဒီကြားထဲ စာမေးပွဲတွေက ရက်တွေကပ်လာတော့ ကျူရှင်လေးတက်ပါတယ် စာအုပ်ဖိုး ၆ထောင်ပေးပြီးသားကို မပေးသေးဘူးပြောလို့  ထပ်ပေးလိုက်ရတယ် ။ အစုံအစုံပါဘဲ ။

ဆရာမကို ပေးပြီးကြောင်းနဲ့ စာရေးမတွေအလုပ်သေချာမလုပ်ဘဲ facebook တွေသုံးနေကြတာလို့  ၆ထောင်ထပ်ပေးရတာနဲ့တန်အောင် B Pyae လဲ တိုင်ပစ်လိုက်တာပေါ့ ။

ဒ်ီမနက်ကျ အဲဒီ၆ထောင်ပြန်လာပေးတယ် ။ဘောင်ချာစာအုပ်ထဲ ညှပ်ထားမိပြီး မပေးသွားဘူးထင်လို့ တောင်းတာပါတဲ့ ။ တကယ်ကို စကားပုံထဲကလိုပါဘဲ ။

B Pyae တယောက် ထိုင်နေရင်အကောင်းသားပါလား ထ သွားလိုက်မှကျိုးဆိုသလိုပါလားနော်လို့ သာ အော်လိုက်ချင်တော့တယ် ။

pyaesonekhinkhin@pyaesonekhinkhin