အားလုံး မင်္ဂလာပါ
ဒီနှစ် သင်္ကြန်အချိန်အခါတုန်းက အင်ဒိုနီးရှားနိုင်ငံ ဘာလီကို အလည်ရောက်ခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံကတော့ ၉၀ ရာခိုင်နုန်းကျော်က မွတ်စလင်ဖြစ်ပေမယ့် ဘာလီမှာကတော့ ၉၂ ရာခိုင်နုန်းက ဟိန္ဒူဖြစ်ပါတယ်။
ဘာလီမှာက ဟိန္ဒူဘုရားကျောင်း တစ်ထောင်ကျော်ရှိတာမို့ land of thousand temples လို့လဲခေါ်ပါတယ်။ ဘာလီမှာက လူဦးရေ ၄.၂ သန်းရှိတယ်ပြောတယ်။
အကျယ်အဝန်းအားဖြင့် 2000 sq mile အကျယ်ရှိတယ်။
မိသားစု တိုင်းမှာ temple ကိုယ်စီရှိကြတယ် ဒီကျောင်းဆောင်တွေက ကောင်းကင်ဘုံနဲ့ ချိတ်ဆက်ပေးတယ်လို့ဆိုတယ်။ ရွာတိုင်းမှာဆိုရင်လည်း temple ကြီး ကိုယ်စီရှိကြတယ်။ ဒီဘုရားကျောင်းတွေက သူတို့ သေဆုံးတဲ့အချိန်မှာ ကောင်းကင်ဘုံနဲ့ ချိတ်ဆက်ပေးတယ်ဆိုပါတယ်။
ကျွန်တော်တို့မှာ states တွေရှိသလို သူတို့ဆီမှာ 34 provinces ရှိတယ် အခု 38 provinces ရှိတော့မယ်ပြောတယ်၊ ဘာလီကတော့ provinceတွေထဲက တစ်ခုဖြစ်တယ်။
province တစ်ခုကို governor တစ်ယောက်အုပ်ချုပ်တယ်၊ သူတို့ election က ဖေဖော်ဝါရီမှာပြီးသွားပြီ။ သမ္မတ ကျမ်းသစ္စာကျိန်ဆိုတာက နိုဝင်ဘာမှာ လုပ်မယ်လို့ပြောတယ်။
အင်ဒိုနီးရှားမှာက လူမျိုးပေါင်း ၂၀၀ ကျော်ရှိတယ်။ ဘာသာစကားတစ်မျိုးစီပြောကြတယ်။ မြန်မာပြည်ထက် diverse ပိုဖြစ်တယ်ပြောရမယ်။
ရုံးသုံးစကားကတော့ အင်ဒိုနီးရှားစကားဖြစ်တယ်၊ အင်ဒိုနီးရှားစကားအပြင် ကျောင်းမှာ English အပြင် Japanese ကို မူလတန်းကျောင်းမှာ သင်ကြတယ်ပြောတယ်၊ ဒီမှာက Japanese investment ရှိလို့ ဂျပန်စာကို သင်ကြတယ်ပြောတယ်။
ကြာသပတေးနေ့တိုင်းရိုးရာဝတ်စုံဝတ်ကြတယ်။ ရိုးရာ အနေနဲ့ ဝတ်တာလား အစိုးရက သတ်မှတ်ထားလို့ ဝတ်ကြတာလား မမေးမိဘူး။ ဘာပဲ ဖြစ်ဖြစ် ရိုးရာယှဥ်ကျေးမှုကို ထိန်းသိမ်းရာရောက်တာမို့ ကောင်းမွန်တဲ့ အလေ့အထလို့ ဆိုရမယ်။
သူတို့ ဝတ်ကြတာက အမျိုးသားဆိုရင် Udeng လို့ခေါ်တဲ့ ခေါင်းပေါင်းဆောင်းတယ်။ အမျိုးသမီးတွေက မြန်မာလိုပဲ Sarong လို့ခေါ်တဲ့ ထမိန်ဝတ်တယ်။
အင်ဒိုနီရှားနိုင်ငံမှာက ကျွန်ပေါင်း ၁၇၆၆၇ ခုရှိတာရယ် လူမျိုးပေါင်း ၂၀၀ ကျော်ရှိတာရယ်ကြောင့်မို့ manage လုပ်ရတာ မလွယ်ဘူးဆိုပါတယ်။
အောက်ကတော့ Penataran Agung Lempuyang ဘုရားကျောင်းမှာမှာရိုက်ထားတာပါ။တောင်ပေါ်မှာရှိပြီး အတက်မတ်ပါတယ်။ တောင်ခြေအထိကိုယ့်ကားနဲ့ကိုယ်သွားကြပြီး တောင်ခြေကနေ တောင်တက်တဲ့ကားနဲ့ ပြန်ပြောင်းစီးကြတယ်။ အောက်ကတော့ တောင်ပေါ်က ဘုရားကျောင်းမှာ မိသားစု ရိုက်ထားတဲ့ပုံပါ။
အားလုံးကျန်းမာ ချမ်းသာကြပါစေ။
@princekham
1st May 2024
Myanmar