မြန်မာနိုင်ငံသည် မြေသယံဇာတများပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။အထူးသဖြင့်မြေသယံဇာတများ ပေါများပြီး နိုင်ငံလူဦးရေ၏ အများဆုံးဖြစ်သော ကျေးလက်ဒေသနေတောင်သူများက စိုက်ပျိုးမြေများအဖြစ် ဓားမဦးချလုပ်ကိုင်ပိုင်ဆိုင်လာခဲ့ကြသည်။
ယခင်ခေတ်ကာလက စနစ်တကျမဟုတ်သော ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် လုပ်ပိုင်ခွင့်အာဏာများကို လွဲမှားစွာကျင့်သုံးမှုများကြောင့် တောင်သူများပိုင်ဆိုင်သော လယ်ယာမြေများမှာ အခြားစီမံခန့်ခွဲမှု မြေများအဖြစ် သိမ်းဆည်းခံရကာ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည်။
ထို့ကြောင့်မြေယာအုပ်ချုပ်မှုဆိုင်ရာ အခက်အခဲများ၊မြေယာသိမ်းဆည်းမှုများ၊အငြင်းပွားမှုများ၊တိုင်တန်းမှုများဖြစ်ပေါ်ခဲ့ကာ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်ဖြေရှင်းရမည့်နည်းလမ်းများ ရှုပ်ထွေးများပြားမှုရှိသည့်အတွက် မြေယာစိမံခန့်ခွဲမှုများ ဖြေရှင်းဆောင်ရွက်ရာတွင် အခက်အခဲများဖြစ်ပေါ်နေပြီး နိုင်ငံတော်ဖွံဖြိုးတိုးတက်မှူများကို အဟန့်အတားဖြစ်ပေါ်စေလျက်ရှိပါသည်။
ထိုမြေသယံဇာတများကို နိုင်ငံသားများ၏ အကျိုးစီးပွားနှင့်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ်တကျ စီမံခန့်ခွဲရန် အမျိုးသားမြေအသုံးချမှု မူဝါဒတစ်ရပ်ကို ချမှတ်ထားပြီးဖြစ်သည်။
ထိုမြေအသုံးချမှုမူဝါဒတွင် မြေယာနှင့်အရင်းအမြစ်များကို ရေရှည်တည်တံ့စွာအသုံးပြုနိုင်မှု ဖွံဖြိုးတိုးတက်ရေး၊ပြည်သူများမြေယာလုပ်ပိုင်ခွင့်ခိုင်မာရေး၊တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးတမ်း မြေယာလုပ်ပိုင်ခွင့်နှင့်လုပ်ထုံးလုပ်နည်းများကို အသိအမှတ်ပြု အကာအကွယ်ပေးရေး၊ပွင့်လင်းမြင်သာမှု၊တရားမျှတမှု၊ငွေကြေးအကုန်အကျသက်သာမှုနှင့်လွတ်လပ်မှုရှိသည့် မြေယာအမှုအခင်းများ ဖြေရှင်းဆုံးဖြတ်သည့် လုပ်ငန်းစဉ်များ ထူထောင်ရေး၊တာဝန်ခံမှု၊တာဝန်ယူမှုရှိသော ရင်းနှီးမြှပ်နှံမှုနှင့်မြေအသုံးချစီမံခန့်ခွဲမှုတို့ ဖွံ့ဖြိုးတိုးတက်စေရေး၊အမျိုးသားမြေဥပဒေရေးဆွဲပြီး တည်ဆဲမြေယာဥပဒေများကို သဟဇာတဖြစ်အောင် ဆောင်ရွက်ရေးတို့ကို အကောင်အထည်ဖော်ရန်တို့ပါဝင်သည်။
အထက်ပါမြေအသုံးချမှု မူဝါဒတွင်ပါရှိသော လမ်းညွှန်ချက်များကို အတိအကျလိုက်နာပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊အဖွဲ့အစည်းများနှင့်တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့တို့က ဟန်ချက်ညီစွာ ပူးပေါင်းကာ စနစ်တကျ စီမံခန့်ခွဲနိုင်မှသာလျှင် မြေယာအငြင်းပွားမှုများ လျော့နည်းလာပြီး ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှပ်နှံမှုများ တိုးတက်များပြားလာမည်ဟု မျှော်လင့်မိပါသည်။ ။
Please Follow Me&Upvote @pockerlay