ဘဝရဲ့နေဝင်ချိန်ဆည်းဆာ
အလှတွေနဲ့ ကမ္ဘာလောကကြီးကို
အလှတန်ဆာဆင်သွားခဲ့ကြတဲ့
အမေရိကန်ဘီလျံနာ
သူဌေးကြီးတွေရဲ့အားကျစရာ
အလှူဒါနများ....🙏🙏🙏
အမေရိကန်သမိုင်းတလျှောက်မှာ
အချမ်းသာဆုံးလို့
ကင်ပွန်းတပ်ခံရတဲ့
ရေနံလုပ်ငန်းရှင်သူဌေးကြီး
ဂျွန်ဒီရော့ဖဲလားရဲ့ကြွယ်ဝ
ချမ်းသာပိုင်ဆိုင်ခဲ့မှုကို
2010တုန်းကဒေါ်လာတန်ဖိုး
နဲ့တွက်မယ်ဆိုရင် ၃၃၆ဘီလျံ
လောက်ချမ်းသာခဲ့သူဖြစ်ပါတယ်။
(ယနေ့မျက်မှောက်ခေတ်
ကမ္ဘာ့အချမ်းသာဆုံးဖြစ်ခဲ့တဲ့
ဘီလ်ဂိတ်တောင်မှဘီလျံ
၉၀ကျော်လောက်သာ
ကြွယ်ဝချမ်းသာတာပါ။)
ရော့ဖဲလားကို 1839ခုနှစ်မှာ
မွေးဖွားခဲ့ပြီး 1937 အသက်
၉၇နှစ်မှာကွယ်လွန်ခဲ့ပါတယ်။
သူမသေခင်မှာသူရဲ့ကြွယ်ဝ
ချမ်းသာမှုရဲ့50%ကျော်ဖြစ်တဲ့
ဒေါ်လာမီလျံသန်း၅၀၀ကျော်ကို
ဆေးပညာရပ်သုတေသနလုပ်
ဖို့နဲ့ပညာရေးပိုင်းတွေမှာအဓိက
လှုဒါန်းခဲ့ပါတယ်။
နောက်ထပ်တချို့တဝက်ငွေ
တွေကိုလည်းသူ့မိသားစု အဖွဲ့ဝင်
တွေကို ပေးကမ်းခဲ့ပြီး
နောက်ဆုံးသူ့ကိုယ်ပိုင်ငွေအဖြစ်
ဒေါ်လာသန်း၂၀လောက်ကိုသာ
ချန်ထားခဲ့သူဖြစ်ပါတယ်။
(၂)အင်ဒရူးကာနယ်ဂျီ
အမေရိကန်သမိုင်းတလျှောက်မှာ
ဒုတိယအချမ်းသာဆုံးလို့
သတ်မှတ်ခံရတဲ့သံမဏိ
လုပ်ငန်းရှင်ကြီးAndrew
Carnegie ရဲ့ကြွယ်ဝ
ချမ်းသာပိုင်ဆိုင်ခဲ့မှုကို
2010တုန်းကဒေါ်လာတန်ဖိုး
နဲ့တွက်မယ်ဆိုရင် ဘီလျံ ၃၁၀
လောက်ရှိပါတယ်။
ကာနယ်ဂျီရဲ့ငယ်စဉ်ဘဝက
ကြေးနန်းရိုက်သမားလေးတစ်ဦး
အဖြစ်ဘဝကိုရုန်းကန်
ခဲ့ရသူဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့အုပ်ချုပ်ရေး
မှုးအထိရာထူးတက်ခဲ့ပြီး
သူ အသက်၃၀ဝန်းကျင်မှာ
သံမဏိလုပ်ငန်းကိုဇောက်ချ
လုပ်ကိုင်ဖို့ဝန်ထမ်းဘဝမှ
ထွက်ခဲ့ပါတယ်။
ကာနယ်ဂျီဟာ သံမဏိထုတ်လုပ်
တဲ့စက်ရုံကိုတည်ထောင်ပြီး
နောက် ကမ္ဘာ့အကြီးဆုံး
သံမဏိထုတ်လုပ်ရေး
ကော်ပိုရေးရှင်းကြီး(USSC)ကို
ဦးဆောင်နိင်ခဲ့ပါတယ်။
ကာနယ်ဂျီကို1835နှစ်တွင်
စကော့တလန်မှာမွေးဖွားခဲ့ပြီး
1919 အသက်၈၃နှစ်မှာတော့
အမေရိကန်ပြည်ထောင်မှာ
ကွယ်လွန်ခဲ့ပါတယ်။
သူမသေဆုံးခင်မှာသူကြွယ်ဝ
ချမ်းသာမှုအားလုံးနီးပါးကို
စာကြည့်တိုက်များ|ပညာရေး
နှင့်တခြားသုတေသနလုပ်ငန်း
များမှာအသုံးပြုဖို့လှူဒါန်း
ခဲ့ပြီး သူ့အတွက်ဒေါ်လာ
သန်း၃၀ကိုသာ
ချန်ထားရစ်ခဲ့ပါတယ်။
(၃)ဘီလ်ဂိတ်
ဆယ်စုနှစ်ကျော်တဲ့အထိ
ကမ္ဘာ့အချမ်းသာဆုံး(၃)ဦးစာရင်း
ထဲအမြဲပါခဲ့တဲ့
Microsoft company ကြီး၏
ပဲ့ကိုင်ရှင် ဘီလိဂိတ်ကို
1955ခုနှစ် အမေရိကန်ဝါရှင်တန်
မြို့မှာမွေးဖွားခဲ့ပါတယ်။
1975 ခုနှစ်မှာဂိတ်ဟာ
Paul Allen ဆိုသူနဲ့ Microsoft
ကိုစတင်မွေးဖွားခဲ့ပြီး
နောက်ပိုင်းမှာတော့
ကမ္ဘာ့အကြီးဆုံးPc software
Company ဖြစ်လာအောင်
စွမ်းဆောင်နိင်ခဲ့ပါတယ်။
ဘီလ်ဂိတ်ဟာ
1987 ကစပြီး Forbes ကထုတ်
ပြန်တဲ့ ကမ္ဘာ့အချမ်းသာဆုံး
စာရင်းတွေထဲမှာပါလာခဲ့ပါတယ်။
ဘီလ်ဂိတ်ဟာ
ကမ္ဘာ့အချမ်းသာဆုံး
နံပါတ်(၁)နေရာမှာ
မကြာခဏရပ်တည်နိင်ခဲ့
ပြီး တဖက်မှာလည်း ပရဟိတ
အလှူအတန်းတွေကို
ဆထက်တပိုး ပိုပြီး
လုပ်လာခဲ့ပါတယ်။
သက္ကရာဇ် ၂၀၀၀ မှာတော့
Bills & Melinda Gates
ဖောင်ဒေးရှင်းကိုထူထောင်ခဲ့ပြီး
ကမ္ဘာအနှံ့မှာကျန်းမာရေး
ပညာရေး လူမှု့ဘဝ
တိုးတက်ရေး စတဲ့လိုအပ်
ချက်တွေကို ဖြည့်ဆည်းပေး
နေပါတယ်။
2018 feb,17ရက်နေ့ကထုတ်
ပြန်ခဲ့တဲ့စာရင်းများအရ
ဘီလ်ဂိတ်ဟာ ၉၁.၇ဘီလျံနဲ့
ကမ္ဘာ့ဒုတိယအချမ်းသာဆုံး
အဖြစ်ရပ်တည်နေပါတယ်။
ဘီလ်ဂိတ်ဟာ လက်ရှိမှာ
သူ့ပိုင်ဆိုင်မှုတဝက်ကျော်ရှိတဲ့
ဘီလျံ၅၀ဝန်းကျင်ကို လှူဒါန်း
ထားပါတယ်လို့ CNBC က
ဖော်ပြခဲ့ပါတယ်။
သူတို့တွေဟာ မွေးကထဲက
ရွှေလင်ဗန်းနဲ့အချင်းဆေး
ခဲ့သူတွေမဟုတ်ပါ။ မိဘက
ဘီလျံနာသူဌေးဖြစ်လို့
ကမ္ဘာ့အချမ်းသာဆုံးစာရင်း
ဝင်ခဲ့ကြတာမဟုတ်ပါ။
ကိုယ့်ဒူးကိုယ်ချွန်ပြီး
ကိုယ်သွားမဲ့လမ်းကြောင်း
ကိုယ်ကိုယ်တိုင်ဖောက်ခဲ့
ကြတာပါ။ ကမ္ဘာကြီးအတွက်
အများအကျိုးအတွက်
သူတို့ဘဝရဲ့နေဝင်ချိန်
ဆည်းဆာအလှနဲ တန်ဆာ
ဆင်ပေးခဲ့တာ ကျနော်တို့
အတွက် အတုယူစရာပါ။
ကဲ...ကျနော်တို့လည်း
ဘဝရဲ့နေဝင်ချိန်မှာ
ဆည်းဆာ အလှတွေနဲ့
အများအကျိုးရှိအောင်
အခုချိန်ကစပြီးကြိုးစားကြပါစို့💪🏻
Credit###Ko Thura