ငါးအကြီး ကြီးတွေက
ငါးအသေးလေးတွေကိုစားတဲ့ဈေးကွက်
ရန်ကုန်စတော့ရှယ်ယာဈေး
တွေစဖွင့်ခါစက ထီးလေးတွေ
ဆောင်းပြီးအလုအယက်တန်းစီ
ဝယ်နေတာမြင်လို့ ရှိသမျှ
ဝယ်ထည့်လိုက်တာ
တဝက်ဈေးနဲ့ပိုက်ဘောမိရော
အခုသကြားဈေးတွေ
ရုပ်ပျက်ဆင်းပျက်ဈေးကျပါပြီ
သကြားဈေးတက်မယ်ဆိုပြီး
အလှောင်ကောင်းလို့
ဒုက္ခရောက်တဲ့သူတွေဒုနဲ့ဒေး
ပဲဈေးတွေတက်မယ်ဆိုပြီး
လက်ကြီးသမားတွေတဖက်လှည့်နဲ့
ဆော်သြလို့ ပဲလှောင်လိုက်တာ
ရှိတာကုန်ပါလေရော
ကုန်လည်းကုန်ရော
ဈေးကပြန်တက်ပါလေရော
Online ကနေရွှေဒေါ်လာ
အရောင်းဝယ်လုပ်ရင်
အဆင်ပြေတယ်ဆိုလို့ဝင်လုပ်တာ
ရှိတဲ့အရင်းပါပျောက်ရော
ဒေါ်လာအရောင်းဝယ်
လုပ်မယ်ဆိုပြီးmoney changer
အားကိုးမိပါတယ်
ရွှေအရောင်းအဝယ်လုပ်မယ်
ဆိုပြီးနာမည်ကြီးလက်ကြီးသမား
အားကိုးမိပါတယ်
ဝယ်တုန်းကဈေးနဲ့
ပြန်ရောင်းတဲ့ဈေး ဟလွန်းလို့
မြတ်တဲ့အမြတ်သူတို့
ပေးရတာနဲ့ကုန်ပြန်ပါလေရော
လူတွေကမြေတွေကို
လိုက်မြိုနေတာကြည့်ပြီး
မြေဝယ်မကျဆိုတာမှန်ပါလားဆိုပြီး
မြေတွေဝယ်လိုက်တာ
မြေသူဌေးလည်းဖြစ်ရော
မြေက လူတွေကိုပြန်မြိုပါလေရော
သေရောဆရာ
စတော့ရှုံးလို့
စတော့ကိုသွားစိတ်မနာနဲ့
သကြားရှုံးလို့
သကြားကိုသွားစိတ်မနာနဲ့
ပဲရှုံးလို့ ပဲလောကစိတ်မနာနဲ့
ရွှေ ဒေါ်လာတွေရှုံးလို့လည်း
စိတ်နာမနေနဲ့
မြေရှုံးလို့မြေဈေးကွက်ကို
စိတ်နာမနေနဲ့
ဈေးကွက်ကိုသေချာလေ့လာ
နားလည်အောင်လုပ်
ဈေးကွက်ထဲမှာအနိင်အရှုံးဆိုတာ
ရှိတယ် ခင်ဗျားရှုံးရင်တဖက်ကမြတ်မယ်
လိုင်းစုံသွားမလုပ်နဲ့
တတ်ယောင်ကားသွားမလုပ်နဲ့
ကားသွားမယ်
ဈေးကွက်အထာဆိုတာရှိတယ်
သမ္ဘာဆိုတာရှိတယ်
အဲဒီဈေးကွက်တွေက
ခင်ဗျားမမွေးခင်ကတည်းက
ရှိနေတာ ခင်ဗျားသေသွားလည်း
ဆက်ရှိနေဦးမှာပဲ
ဈေးကွက်ရှိနေလို့ကိုယ်
ရှုံးတာမဟုတ်ဘူး
ကိုယ်အသုံးမကျလို့ရှုံးတာ
ဘယ်သူပြုပြု မိမိမှုပဲ
မည်သူမဆိုယဉ်ကျေးစွာ
လွတ်လပ်စွာ
ဝင်ရောက်ဆွေးနွေးနိင်ပါသည်။
အားလုံး Good Luck 👍
Credit###Thura Tun