မြန်မာ့ရိုးရာ နှစ်သစ်ကူး
ကြည်နူးဖွယ် နွေဂိမှာန်။
"ပိတောက်ငုဝါ" တူယှဉ်တွဲ
ပွင့်မြဲပွင့်ပြန်။
တူးပို့သံညံ
တိုင်းမြန်ပြည် ခြိမ့်ခြိမ့်သဲ။
ညီရင်းအစ်ကို မောင်နှမရင်းတမျှ
လောင်းပက်ကြမြဲ။
အလှူမစဲပါ မြန်မာဓလေ့ပေမို့
သဒ္ဓါကြည်မွေ့ ကုသိုလ်မကွာ
စတုဒိသာ။
မုန့်လုံးမှာ မိုးမျှော်ငရုတ်ကိုတော့
ကျုပ်တို့ဖြင့် မရှောင်သာ
ကံကြမ္မာယုံရခက်သေး။
မလေးပျို ကျီစယ်သမျှ
ချွေးဒီးကျဟေး။
မြန့်မာအလှ မြန်မာ့ယဉ်ကျေးမှု
ထိန်းသိမ်းပြုဝတ်စားဆင်
မျိုးဂုဏ်မြှင့်တင်။
မင်္ဂလာရှိတဲ့ ရေနန်းသဘင်
ချစ်ချစ်ခင်ခင် ပါဝင်နွှဲ။
သွန်းရေစင်ပက်ကာ ဖျန်းလိုက်မယ်
ချမ်းခိုက်စိုရွှဲ။ ။