ထိုင်ခုံ....သက်မဲ့ထိုင်ခုံလေး
တခုဟာ သက်ရှိလူသားတွေ
ရဲ့စိတ်ဓာတ်...ခံယူချက်...
တွေကို ပြောင်းလဲပစ်နိင်တာ
ဆိုတာ မိတ်ဆွေ ယုံပါသလား?
သက်မဲ့ထိုင်ခုံလေးတခုံကြောင့်
ဘဝင်မြင့်သွားသူတွေ......
ဘဝမေ့သွားသူတွေ.......
သွေးနားထင်
ရောက်သွားသူတွေ......
တခုသိထားရမှာက
သင်တို့ထို်င်ခွင့်ရနေတဲ့
အဲဒီ့ထိုင်ခုံလေးဟာ
သင်တသက်စာပိုင်တာ
မဟုတ်ပါဘူး...ခေတ္တထိုင်ခွင့်ရတဲ့
အဌားထိုင်ခုံလေးပါ
အမှန်တော့ လူ့ဘဝဆိုတာ
ထိုင်ခုံလေးတခုပါပဲ....
တချို့တွေက နောက်ကျော
အမှီမပါလာဘူး
တချို့တွေက
ထိုင်ခင်းမပါလာဘူး
တချို့တွေက ခြေလေးချောင်း
မပြည့်စုံဘူး....
တချို့ဘဝတွေကတော့
ထိုင်ခုံမှာပြည့်စုံစွာပါလာပေမဲ့
ခြေထောက်တွေတချောင်းပြီး
တချောင်းကျိုးသွားတယ်
နောက်ကျောအမှီတွေ
ပျက်စီးသွားတယ်။
ခေတ္တခဏထိုင်ခွင့်ရနေတဲ့
ထိုင်ခုံပေါ်မှာထိုင်တာကြာရင်
ကိုယ့်ဘဝ ရဲ့ထိုင်ခုံ
အစစ်လေးကို
မေ့နေကြမှာစိုးလို့ပါ......
စေတနာနဲ့ချစ်လို့ပြောတဲ့
Credit###Thura Tun