မေးခွန်းထုတ်စရာတွေရှိရဲ့သားနဲ့
အားနာတာတွေ များခဲ့တော့
လိုချင်တဲ့အဖြေ မရကြတာ
ကြာခဲ့ရောပေါ့
ပြောသင့်တာတွေရှိပါရဲ့နဲ့
မျိုသိပ်ခဲ့တာတွေ များလွန်းတော့
ဆွံ့အသွားခဲ့တာ ကြာရောပေါ့
လုပ်သင့်တာတွေရှိရဲ့နဲ့
မလုပ်ခဲ့တာများတော့
ဖြစ်ချင်တာတွေမဖြစ်ခဲ့တာ
ကြာရောပေါ့
လက်ညိုးထိုးစရာတွေများရဲ့သားနဲ့
လက်မြှောက်ဖို့ရာ
ပျင်းပေါင်းများတော့
လက်မ မထောင်နိင်တာကြာရောပေါ့
တာဝန်ယူစရာတွေများရဲ့သားနဲ့
မသိချင်ယောင်
ဆောင်ပေါင်းများတော့
လူမပီသခဲ့ကြတာကြာရောပေါ့
လူပေါ်လူဇော်လုပ်လို့
ဘနဖူးသိုက်တူးခဲ့ပေါင်းလည်းများလှပြီ
အကုသိုလ်တွေလည်းမနည်းတော့ပြီ
အမြင်မှန်ရဖို့ကလည်း
လမ်းမမြင် ကမ်းမမြင်
ဒီတော့ ခပ်လှမ်းလှမ်းကပင်
နေပါတော့မည်။
အားလုံးGood Luck
ဖြစ်ကြပါစေ
Credit###မောင်သူရ