This content got low rating by people.

စီးပွား​ရေးလုပ်​ငန်းဆိုတာ...

Words
124
Reading
1 min
Listen
Play
8y

စီးပွားရေးလုပ်တယ်ဆိုတာ
ထင်သလောက်မလွယ်ပါဘူး
ခေတ်ကာလအခြေနေ
ပြောင်းလဲမှုနဲ့အစိုးရပေါ်လစီ
တွေကြား ကျွမ်းကျင်စွာ
ကူးခတ်နိင်မှ အောင်မြင်နိင်မှာပါ။
ဆိုင်လေးတဆိုင်ဖွင့်
ဆိုင်ဘုတ်လေးတင်
ကုန်ပစ္စည်းတွေရောင်းရုံနဲ့
စီးပွားရေးလုပ်တတ်ပြီ
ကျွမ်းကျင်ပြီလို့
ပြောလို့မရပါဘူး။

စီးပွားရေးလောကထဲ
ဝင်တော့မယ်ဆိုရင်
အောင်မြင်ဖို့အတွက်
B ၅လုံးကို မှတ်သား
လိုက်နာကြည့်ပါ။
ကျနော်ကိုယ်တိုင်လိုက်နာ
ကျင့်သုံးနေတဲ့ ဒီ ၅ချက်ကို
မိတ်ဆွေများအတွက်
ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(၁)business Network
မိတ်ဆွေကောင်းတွေများ
လာအောင်ကြိုးစားပါ ဒါမှ
ကိုယ့် network ကျယ်ပြန့်ပြီး
စီးပွားရေးလုပ်တဲ့အခါ
အဆက်သွယ်ကောင်းတွေ
ရမှာပါ။စီးပွားရေးလောကမှာ
မိတ်ဆွေကောင်းရှိဖို့အရေးကြီး
ပါတယ်။ မိတ်ဆွေဆိုးနဲ့တွေ့
ရင်တော့ ဘဝပါ ပျက်နိင်ပါတယ်။

(၂) business management
အကြောင်းသေချာလေ့လာပါ
ထဲထဲဝင်ဝင်သိလေ
လုပ်ငန်းလုပ်ရတာလွယ်ကူ
လေပါပဲ။လုပ်ငန်းကြီးလာရင်
လုပ်ငန်းချဲ့လာရင်
ပိုလိုအပ်ပါတယ်။လူခွဲမရှိလို့
လုပ်ငန်းခွဲတွေမချဲ့နိင်ဘူးလို့
ပြောနေတဲ့သူတွေဟာ
Business management
ဆိုတဲ့ လုပ်ငန်းစီမံခန့်ခွဲမှုကို
မလုပ်တတ်သူတွေ
သာဖြစ်ပါတယ်။

(၃)business Knowledge
ကိုယ်လုပ်နေတဲ့လုပ်ငန်း
က ကြီးကနေ အ အထိသိထား
ဖို့လိုပါတယ်။ ဒါမှ တပည့်တွေ
လုပ်ဖော်ကိုင်ဘက်တွေရဲ့
အလိမ် မခံရမှာပါ။
လုပ်ငန်းတခုထောင်တော့မယ်
ဆိုရင် အဲဒီလုပ်ငန်းအကြောင်း
သိအောင်အရင်ကြိုးစားပါ။

(၄)business eyes
စီးပွားရေးလောကထဲဝင်
မယ်ဆိုရင် စီးပွားရေးအမြင်
ရှိဖို့လိုပါတယ်။ဘယ်ပစ္စည်းကို
ဘယ်ဈေးနဲ့ဘယ်မှာဝယ်ပြီး
ဘယ်လောက်နဲ့ဘယ်နေရာ
တွေမှာပြန်ရောင်းမလဲဆိုတာ
သိထားရပါ့မယ်။Market Circle
ကိုနားလည်ထားရပါ့မယ်
Market trend ကို
ကြည့်တတ်ရပါ့မယ်။

(၅)Busines ideaတွေ
ရှိဖို့လိုပါတယ်။
Business ideaဆိုတာ
ထုတ်ကုန်သို့ဝန်ဆောင်မှု
လုပ်ငန်းတခုခုအပေါ်ကနေ
ဝင်ငွေကောင်းအောင်ရှာနိင်ပြီး
ကိုယ့်ရဲ့ရင်းနှီးမြုပ်နှံမှုတွေ
တိုးပွားသထက်တိုးပွားအောင်
လုပ်နိင်မဲ့အယူအဆ
အတွေးခေါ်ကိုခေါ်ပါတယ်။
Business idea ကောင်းကောင်း
ရှိတဲ့သူဟာအကျိုးမြတ်များပြီး
ပြိုင်ဘက်မရှိတဲ့
Blue Oceans market တွေကို
ဖန်တီးနိင်လေ့ရှိပါတယ်။

ချစ်သောမိတ်ဆွေများအားလုံး
B 5လုံးနဲ့အတူ အောင်မြင်
ကြီးပွားသော စီးပွားရေး
လုပ်ငန်းရှင်ကြီးများဖြစ်ကြပါစေ။
image
Credit##မောင်သူရ

စီးပွား​ရေးလုပ်​ငန်းဆိုတာ... | Ecency