ခရေပန်းတွေက....
မြေလမ်းထက်သို့ ဖွေးဖွေးဖြူ
လမ်းပေါ်မှာ ခရေတွေ ဖွေးလေတော့
လေပျို မှာ မနေ မွှေးလို့ သပါ့
ပြေးလို့ကောက်ယူ....။
ကောက်စဉ်ကမွှေး ပန်ချင်သူ
ယူငင်မှာ မပေးရက်....။
ပန်းချစ်သူမို့.....
နွမ်းရစ်လျှင် နှမြောလှတာမို့
ဗုဒ္ဓေါ ဘဂဝါ ရှင်တော်ဦးကိုသာ
ရည်စူးသီစက်....။ ။