မိတ်ဆွေစစ်ဆိုတာ
တူညီခြင်းတွေနဲ့ကွဲပြားခြားနားခြင်း
တွေပေါင်းစပ်ထားပြီး
ကိုယ်နဲ့လိုက်လျောညီစွာနေတတ်သူ
ကိုယ့်အပေါ်မနာလို
ဝန်တိုစိတ်တွေကင်းတဲ့သူ
သဒ္ဓါတရားတွေနဲ့ပြည့်စုံတဲ့သူ
အခက်ခဲတွေ့ရင်
ကူညီဖေးမပေးသူ
ဒါပေမဲ့ လောကကြီးမှာ
အစစ် ဆိုတာရှားသွားပြီ
မိတ်ဆွေစစ်ထက် မိတ်ဆွေတု
ကပိုများနေတဲ့ခေတ်
ကိုယ်ကျိုးလိုလို့
ညောင်ပင်သေအောင်
ရေလောင်းတဲ့သူ
ဂုဏ်ပကာသန
မက်မောတဲ့စိတ်တွေနဲ့
ခင်မင်တတ်သူ
လောကွပ်သာများပြီ
လောကီအကျိုး လောကုတ်တ္တရာ
အကျိုးအတွက်ဘာမှမပေးသူ
ဤလိုလူကိုမိတ်ဆွေတုဟုခေါ်သည်။
မိတ်ဆွေတုမှန်းမသိ
မိတ်ဆွေစစ်မှန်းမသိ
ငွေအကုန်ခံ ဟန်ဆောင်ပြီး
မိတ်ဆွေများဖို့ မိတ်ဆွေရဖို့
မိတ်ဆက်ရှာနေရတဲ့ခေတ်မှာ
အမှတ်တမဲ့ကနေဖြစ်ခဲ့တဲ့
မိတ်ဆွေစစ်တွေကို တန်ဖိုးထားကြပါ
မိတ်ဆွေစစ်ဆိုတာ
အမှတ်မထင်အမှတ်တမဲ့ကနေ
တွေ့ကြတာများပါတယ်။
အမှတ်တရရှိမဲ့မိတ်ဆွေစစ်
တွေကိုတန်ဖိုးထားတတ်ရင်
သင်ဟာမိတ်ဆွေကောင်း
တစ်ယောက်ဖြစ်ပါပြီ။
မိတ်ကောင်းဆွေကောင်းအလိုရှိသူ
Credit###မောင်သူရ
အားလုံး Good Luck 👍