သံသရာကျင်လည်နေရတဲ့
ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းဟာ
အတိတ်ဘဝတွေက မိမိတို့ လုပ်ခဲ့တဲ့
ကောင်းကံ မကောင်းကံတို့ရဲ့
ကောင်းမွေ ဆိုးမွေတွေကို ခံယူကြတယ် ။
ထိုကံများက ပေးတဲ့ ရုပ်ပုံလွှာများကို
ရရှိကြတာဖြစ်တယ် ၊လူတိုင်းလူတိုင်းဟာ
တစ်ယောက်နဲ့ တစ်ယောက်
ရုပ်ရည်ရူပကာယ မတူဘူးဆိုတာ
အဲဒီသဘောကို ဆောင်တာပါ ။
ကိုယ်လုပ်ခဲ့တဲ့
ကုသိုလ်ကံ အကုသိုလ်ကံဟာ တကယ်ဖန်ဆင်းရှင် အစစ်ဖြစ်တယ် ။
မိမိလုပ်ခဲ့တဲ့ ကံကြမ္မာရဲ့ ပုံရိပ်တွေနဲ့
လူလာဖြစ်လာကြတယ် ၊ လူဖြစ်လို့
ရှိရင်လဲ ပုံစံအမျိုးမျိုး ရုပ်လှတဲ့လူရှိသလို ရုပ်ဆိုးတဲ့လူလဲရှိတယ် ။
အရပ်ထွားနဲ့ လူရှိသလို အရပ်ပုတဲ့
လုလဲရှိတယ် အသားမဲတဲ့သူရှိသလို
အသားဖြူတဲ့လူလဲရှိတယ် ။
ဒီအနေအထားတွေရဲ့ အခြေခံအကြောင်းတရားဟာ
ဘယ်သူလဲလို့ဆိုရင် ကံကြမ္မာပဲ
မိမိလုပ်ခဲ့တဲ့ ကုသိုလ်ကံ အကုသိုလ်ကံပဲ ။
Credit###