ဂျက်လေယျဉ်ပျံကြီးလဲ
ဆီအပြည့်နဲ့ ထွက်သွားပြီ
မြို့ပြစီမံကိန်းအသစ်တွေနဲ့
တိုင်းပြည်စီးပွားရေးကို
တည့်မတ်ပေးမဲ့သူရဲကောင်းကြီး
လည်း ညာသံပေးလိုက်
ဘယ်သံပေးလိုက်နဲ့
မာန်ကတော့မလျှော့
ဟန်ကတော့ အပြည့်ပဲ...။
တိုင်းပြည်စီးပွားရေးတိုးတက်
မှုက အမြန်နူန်းအပြည့်ဆိုပဲ
ဒါပေမဲ့ ဘယ်လိုင်းမေးမေး
အလုပ်မဖြစ်လို့ ဘိုင်ပွတ် ပွတ်
နေကြရင်း အိတ်တွေပါးလာကြပြီ
ငြိမ်းချမ်းရေးဌက်ဘုရင်မကလည်း
ဇရာထောင်းလို့အိုမင်းလာပြီ..။
ကြိုးကူသံတွေ
ကြားရမဲ့အစားအမြှောက်ပစ်
သံတွေကြားနေရဆဲ....
သူတို့တတွေ...သံဝေဂတရား
တွေမရသေးမျှ....
အမေအိုလည်း လည်းပင်း
ကြိုးကွင်းစွပ်နေရဆဲပဲ.....
ခင်ဗျားတို့ ကျနော်တို့
ဒီမိုကရေစီ ခေတ်ကြီးမှာ
အမှန်တရားဆိုပြီး
လမ်းပေါ် ထွက်အော်လို့
မရသေးဘူး။ ၆၆ နဲ့ အကုတ်
ခံရလို့ သံတိုင်တွေကြား
ငပိကြော်စားနေကြတဲ့သူတွေ
ဒုနဲ့ဒေး...။
အမှောင်ခတ်ကနေ
အလင်းခေတ်ရောက်ပြီဆိုပြီး
ကြွေးကြော်မလို့ရှိသေး...
မီးကပျက် သွားတာနဲ့
စောင်ခြုံ ပြန်ကွေးလိုက်တယ်
မိုးကလည်း အေးသကိုး...
ခေတ်ကမကောင်းတာလား
လူတွေကမကောင်းတာလား
ခေတ်က ပျက်နေတာလား
လူတွေက ပျက်နေတာလား
ကျနော်တို့ ကွဲကွဲပြားပြား
သိဖို့ လိုပြီ...။
ပြောင်းလဲကြဖို့လိုပြီ...။
အားလုံး ခေတ်ကောင်းကြပါစေ 🍀
Credit###Thura Tun