btc ကို နိုင်ငံတကာမှာ ရောင်းနေ၀ယ်နေတာက BTC ပမာဏနဲ့ပဲတွက် ၀ယ်ကြရောင်းကြတယ်။ မြန်မာကလူတွေကတော့သူများထက်နည်းနည်းပိုထူးတယ်။ 1usd ကို ဘယ်လောက်ဆိုတဲ့ဈေးနဲ့ တွက်ချက်ရောင်းဝယ်ကြတယ်။ အဲ့တော့ သာမန် သူအများစုက ဈေးတွက်တာကိုအူလည်လည်ဖြစ်ကုန်ရော။အဲ့တာကိုပြန်ရှင်းပြရတာက တော်တော် အာပေါက်တယ်.။ အချို့ကတော့နားလည်သွားကြတယ်။ အချို့ကတော့ နားမလည်ဘူး။
မြန်မာက btc ရောင်းနေသူတွေကိုလေ့လာကြည့်တော့ အများစုက ပြည်တွင်းက ပြန်လာရောင်းသူတွေဆီကရယ် ထိုင်းက ၀က်ဘ်ဆိုက်တွေကနေပြန်ဝယ်တာရယ် ၂နေရာကနေသူတို့ရကြတယ်။ အဲ့တော့ ရောင်းဈေးတွက်တဲ့အခါ များသောအားဖြင့် ထိုင်းဆိုက်တွေကဈေးကိုမူသေယူကြတယ်။ တစ်ခါတစ်ရံ အချို့ ဈေးအတက်အဆင်း အချိန်တွေမှာ ထိုင်းဈေးကမြင့်နေပေမဲ့ ပြည်တွင်းက ၀ယ်ထားတာ ဈေးသက်သာတဲ့အခါဖြစ်စေ ထိုင်းကဈေးအနိမ့်မှာဝယ်ထားတာဖြစ်စေ ရထားတဲ့အခါ usd နဲ့ btc ဈေးတက်တဲ့အခါအရင်းက နည်းသွားလို့ ဈေးချရောင်းတာလည်းရှိတယ်။
ထိုင်းက ၀ယ်တဲ့အခါ ထိုင်းပေါက်ဈေးက တစ်ခါတစ်လေ ကမ္ဘာ့ပေါက်ဈေးထက်အရမ်းမြင့်နေတာရှိသလို အရမ်းနိမ့်နေတာလည်း ရှိတယ်။ နောကပြဿနာက ထိုင်းမြန်မာငွေဈေး။ မြန်မာကျပ်တန်ဖိုးကတက်တယ်ဆိုတာမရှိ အမြဲကိုကျနေတာ ဖြစ်နေလို့ ဟိုဘက်က btcthb ဈေးမတက်ပေမဲ့ကျပ်ဈေးကျတဲ့အတွက် ပိုပေး၇တာရှိပြန်တယ်။ အဲ့တော့တွက်တဲ့အခါ Thb mmk USD Btc ၄ခုဈေးကိုပတ်တွက်မှ တစ်ဒေါ်လာရောင်းဈေးရတယ်။
များသောအားဖြင့် btcusd ဈေးမြင့်နေတဲ့အခါ btc 1usd ဈေးက ကျလေ့ရှိပြီး btcusd ဈေးကျတဲ့အခါ btc 1 usd ရဲ့ mmk က မြင့်နေလေ့လ၇ှိတယ်။
အဲ့တော့ဈေးပြောတဲ့အခါ အများစုက မကျေနပ်ဘူး။ တစ်ဘက်မှာ ဈေးကျနေပါလှက်နဲ့ ဘာလို့ ကျပ်နဲ့ဈေးမြင့်နေတာလဲဆိုတဲ့ ပြဿနာလုပ်ကြတယ်။
တွက်ပြပါမယ်။
1btc = 19000 usd မှာ btc 1usd စာကို မြန်မာကျပ်ငွေ 1380 ပေးရတယ်
1btc = 16000 usd မှာ btc 1usd စာကို မြန်မာကျပ်ငွေ 1580 ပေးရတယ်
1380 က ဈေးများတာလား 1580 က ဈေးများတာလားမေးရင် အများစုက 1580 ကဈေးများလိုက်တာလို့ပြောပါတယ်။
1btc = 19000 usd မှာ btc 1usd စာကို မြန်မာကျပ်ငွေ 1380 ပေးရတဲ့အချိန်မှာ 1btc = 26220000 ကျပ် ကျပါတယ်။ မြန်မာငွေသိန်းပေါင်း 262သိန်းကျော်ပါ။
1btc = 16000 usd မှာ btc 1usd စာကို မြန်မာကျပ်ငွေ 1500 ပေးရတဲ့အချိန်မှာ 1btc = 24000000 ကျပ် ကျပါတယ်။ မြန်မာငွေသိန်းပေါင်း 240 ပဲပေးရပါတယ်။
အဲ့တော့ btc 1usd ကို ကျသင့်တဲ့ ကျပ်ဈေးကိုကြည့်ပြီး ဈေးနည်းတယ်များတယ် ပြောမလား
1btc ကို ကျသင့်မဲ့ ကျပ်ပမာဏကိုကြည့်ပြီး ဈေးနည်းတယ်များတယ်ပြောမလား။
ကြိုက်သလိုသာ ပြောကြပါလေကုန်။
နောက်တစ်ချက်
ဝယ်ဈေးရောင်းဈေးဟတဲ့ပြဿနာ။
အိပ်ချိန်းတစ်ယောက်က အမြဲချင့်ချိန်နေရတယ်။ကံကိုလည်းမှီခိုရတယ်။
ဈေးအတက်ဘက်အားသာနေချိန်မှာ ရောင်းဈေးဝယ်ဈေးက 1usd ကို ၅၀ ထက်ပိုမဟပေမဲ့ ဈေးအတက်အကျကြမ်းလာတဲ့အခါ ၁၀၀ ကျော်အထိဟပါတယ်။ ၁၀၀ ကျပ် ဟတဲ့ အချိန်မှာ တွက်ပြပါမယ်။
1btc = 18000 usd မှာ အိပ်ချိန်းသမားတစ်ယောက်က btc 1usd ကို 1350 ၀ယ်တယ်ဆိုပါစို့။ သူ့အရင်းက 243 သိန်းကျပ် ။ အဲ့အချိန် ဈေးက
1btc= 17000 usd ဖြစ်သွားတဲ့အခါ သူ့မူလအရင်းဟာ 1350 ကျပ်ကနေ 1424.4 ကျပ်ဖြစ်သွားပါတယ်။ အဲ့အချိန်မှာ 75 ကျပ် အရင်းပိုတက်သွားပါပြီ။ ဒါ 1btc ကို usd 1000 ပဲကျတာ။ ခုရက်ပိုင်း မှာ 1btc ကို 7000 usd ထိကျမယ်ဆိုရင် သူ့အရင်းဟာ btc 1usd ကို 2200 ကျပ်အထက် ဖြစ်သွားပါတယ်။
ဈေးကပြန်တက်မှာပဲ ဆိုပေမဲ့ ၀ယ်သူလာရင်ဈးမကိုက်သေးဘူးဆို မရောင်းဘဲထားမလား အရှုံးခံရောင်းမလား ဆိုတာကလည်း တော်တော်လေးကိုဆုံးဖြတ်ရခက်တဲ့ကိစ္စပါ။ ဈေးပြန်မတက်မချင်း လက်ထဲကိုင်ထားပြန်တော့့လည်း ငွေအိပ်ခ ငွေသိပ်ခ နစ်နာပြန်တယ်။ ဘယ်အချိန်ပြန်တက်မယ်မှန်းမသိတော့ပိုဆိုးပါတယ်။
တွက်နိုင်စဉ်စားနိုင်အောင် အတတ်နိုင်ဆုံး စာနည်းနည်းနဲ့ရှင်းပြပေးထားပါတယ်။ ၀ယ်ရောင်းကနေ မြတ်နိုင်ကြပါစေ.....။
Credit###မူရင်း