သင်ဟာ ကမ္ဘာမှာရှိသော သန်းပေါင်းများစွာသော လူများထက် ကံကောင်းသူတစ်ယောက် ဖြစ်လိုပါသလား
ဒီဝါကျလေးဟာ ရိုးရိုးတွေးရင်
သင်သည် လူတစ်ယောက် ဖြစ်ချင်သည်
You want to be a man.
မေးခွန်းလုပ်တော့
Do you want to be a man?
သင်သည် လူတစ်ယောက် ဖြစ်ချင်သလား
ဘယ်လိုလူလဲဆိုတော့
လူအများထက်ပို၍ကံကောင်းသောသူ
တဲ့
ဒါကလည်း a manကို နောက်ကနေအထူးပြုထားတာပါပဲ။
ဘယ်လိုအထူးပြုသလဲဆိုတော့
မူရင်းဝါကျကိုပြန်ကြည့်မယ်
A man is luckier than millions of people in the world.
လူတစ်ယောက်သည် ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာထက် ပို၍ကံကောင်းသည်။
ဒါကို Man ရဲ့နောက်က whoလေးထည့်လိုက်ရင်
ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာထက် ပို၍ကံကောင်းသော သူဆိုပြီးဖြစ်သွားပါတယ်။
A man who is luckier than millions of people in the world
နောက်တစ်မျိုးက who isကိုဖြုတ်ရေး
တဲ့နည်းပါ
A man luckier than millions of people in the world
အဓိပ္ပာယ် ကအတူတူပါပဲ။
ကဲ ဒါဆိုရင် ဝါကျကိုအစအဆုံး ရေးလို့ရပါပီ
Do you want to be a man (who is) luckier than millions of people in the world?
ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာထက် ကံကောင်းသော လူတစ်ယောက် ဖြစ်လိုပါသလား
Luckier လို့ရေးပြီးသားဖြစ်လို့ moreရေးစရာမလိုတော့တာကိုသတိပြုပါ။
မေတ္တာဖြင့်
Credit##ဧရာနွယ်