ကိုယ့်အသိညီမလေးတယောက် ခိုးရာလိုက်သွားတယ်
ညီမလေးက ကိုယ့်ထက်လပိုင်းပဲငယ်ပေမယ့်
ကျောင်းမှာကျ ကိုယ့်ထက် တတန်းငယ်တယ်
သူက ကိုယ့်ထက်အရပ်ပိုပုသလို မျက်နှာကလဲ ကလေးမျက်နှာဘယ်လိုမှချွတ်မရတော့
သူ့ကို တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသူလို့ပြောရင် ဘယ်သူမှမယုံကြဘူး
ယုံတာတခုတော့ရှိတယ် ၇တန်းကျောင်းသူလို့ပြောရင်ပေါ့
ငယ်ငယ်လေးတည်းက စာအရမ်းတော်သလို
မိဘရဲ့ပံ့ပိုးမှု အားကောင်းတာကြောင့်
ရည်မှန်းချက်လဲအရမ်းကြီးတယ်
ကိုယ်နဲ့တူတာတခုက စကားလုံးတွေအမြဲတမ်းလေပေါ်ပျံနေတာပဲ 😁
ရန်ကုန်ရောက်တော့လဲ သူစိတ်ဝင်စားတဲ့
ဘာသာစကားတခုကို သေချာသင်တယ်ပေါ့
ကိုယ်တို့အဆက်အသွယ်တောင်အတော်ပြတ်သွားကြသေး
ဗြုန်းဆို မနေ့တနေ့က ခိုးရာလိုက်သွားတယ်ဆိုတဲ့ သတင်းကြားတယ်
ကိုယ့်မိဘတွေရော မောင်နှမတွေကပါ
သူ့ကို ဘယ်လိုမှမထင်ထားဘူးပေါ့
ငယ်ငယ်လေးနဲ့ ရည်မှန်းချက်ကလဲ အရမ်းကြီးတော့
အားလုံးကဝိုင်းနှမျှောသလိုပုံစံမျိုးတွေပြောကြတယ်
ကောင်လေးလဲ သူနဲ့ယှဉ်ရင် ပညာအရည်အချင်းကနိမ့်တာကိုး
(ကိုယ့်အမြင်အရတော့ ကိုယ့်လက်တွဲဖော်ကို ဘွဲ့ဘယ်နှစ်ခုရရမယ်
ပညာဘယ်လောက်ထိတတ်ရမယ်ဆိုတဲ့ ပေတံမျိုးမတိုင်းတတ်တော့
ဒီအပေါ်မှာ ဘားမှမပြောပါဘူး
တယောက်နဲ့တယောက် နားလည်မှု ယုံကြည်မှုနဲ့
တယောက်အကောင်းအဆုံးကို တယောက်က နားလည်နိုင်သလောက်နားလည်ပေးတယ်
အကြမ်းအားဖြင့်တော့ ဒီလောက်ပဲ)
အဲတော့ ကိုယ်ပြောချင်တာက လူတယောက်ကို
ဘယ်သူကမှ သူကတော့ ဒီလိုဖြစ်နေလို့ ဒီအလုပ်မျိုးမလုပ်လောက်ပါဘူး
သူ့မှာတော့ ဒီလိုအတွေးအခေါ်တွေရှိလို့ ဒီလိုအပြောမျိုးမပြောလောက်ပါဘူးဆိုပြီး ကိုယ်တခါမှမတွေးဖူးဘူး
လူတယောက်ကို ကိုယ့်အမြင်တခုတည်းနဲ့
သူကတော့ဒီလိုပါဆိုပြီး ပုံသေတွက်မထားဘူး
လူမှန်ရင် လူလုပ်လေ့လုပ်တတ်တာမှန်သမျှအကုန်လုပ်တတ်တယ်
လူ့စိတ်ဟာ အချိန် နေရာ ဒေသအလျောက်ပြောင်းလဲတတ်တာနဲ့အမျှ
သူ့အပြုအမူတွေလဲ နေ့စဉ်နဲ့အမျှ အနည်းအများပြောင်းလဲမှာပဲ
ဒီအပေါ်မှာ တခါမှ ကိုယ်သံသယမရှိဘူး
နောက်ထပ်ဥပမာတခုက
ဒီရက်ပိုင်းကိုယ်လုပ်ချင်နေတဲ့ အလုပ်တခုနဲ့ပတ်သတ်ပြီးငွေလိုနေတယ်
သူများဆီကလဲမချေးချင် ငွေစုဖို့လဲအချိန်မစောင့်ချင်တာနဲ့
ကိုယ်ရစရာရှိတဲ့သူဆီက ငွေလေးပြန်တောင်းမိတယ်
အဲဒီလူဟာ ရန်ကုန်မှာ တိုက်နဲ့ကားနဲ့ အတန်သင့်ပြေလည်ပြီး
နယ်ဘက်တွေမှာပါ သူ့စီးပွားရေးတွေရှိပါတယ်
အပြင်မှာလဲ (အရင်က)ဂုဏ်သရေရှိလူတယောက်ပါ
လက်ရှိလဲသူ့မှာလုပ်ငန်းတွေလုပ်နေပါတယ်
ကိုယ့်အနေနဲ့ သူ့ဆီကပိုက်ဆံချေးတာမဟုတ်သလို
အတင်းဓားပြတိုက်သလိုတောင်းနေတာလဲမဟုတ်ပါဘူး
ကိုယ်ငွေလိုနေတဲ့အကြောင်းကို ပြေပြေလည်လည်ပဲပြောပြပီး
ရနိုင်မလားလို့အကျိုးအကြောင်းလှမ်းမေးတာပါ
မရနိုင်ရင်လဲ ရိုက်မတောင်းပါဘူး
ဒါပေမဲ့ ကိုယ့်ကိုအကျိုးသင့်အကြောင်းသင့်ပြန်ပြောပေးဖို့ကောင်းပါတယ်
ခုတော့ ကိုယ့်ကို အချိန်အမျိုးမျိုးပတ်ချိန်းပီး
တကယ့်တကယ်ဖုန်းမဆက်ရင်လဲလုံးဝမကိုင်တော့ပဲ
ကိုင်ရင်လဲ အဲလိုပဲထပ်ချိန်းနေတာပါ
ကိုယ်ပြန်တောင်းတဲ့ငွေဟာ ဆယ်သိန်းမပြည့်ပါဘူး
သူ့အနေနဲ့မပြေလည်ရင်လဲ ကိုယ့်ကိုပွင့်ပွင့်လင်လင်းပြောနိုင်ရက်နဲ့
တမင်ဝေ့လည်ကြောင်ပတ်လုပ်နေတာပါ
(မပြေလည်စရာအကြောင်းတော့မရှိပါ)
အဲဒီလူဟာ သူ့လုပ်ငန်းမှာရော onlineပေါ်မှာပါ
ဂုဏ်သရေရှိလူတယောက်လိုနေတာပါ
တခြားအဲလိုပဲ ဆင်တူအဖြစ်အပျက်တွေအများကြီးမို့
ကိုယ်တော့ ဘယ်သူ့ကိုမှ သူကတော့ဒီလိုအလုပ်မျိုးမလုပ်လောက်ပါဘူးလို့ တရားသေတွက်မထားဘူး
ကိုယ်လုပ်ပေးနိုင်တာရှိရင် လုပ်ပေးမယ်
ကူညီနိုင်တာရှိရင် အတတ်နိုင်ဆုံးကူညီမယ်
လူတယောက်နဲ့ပတ်သတ်ပြီး အများကြီးမတွေးဘူး
အများကြီးမမျှော်လင့်ဘူး
လက်ရှိ ပစ္စုပ္ပန်ကိုပဲတွေးတယ်
ပစ္စုပ္ပန်မှာပဲ ကိုယ်စွမ်းသလောက်ကူညီပေးလိုက်တယ်...
ခွက်ဒစ် တစ်နေရာရာကကူးလာသည်😝😝