ဆင်သေကောင် ပေါ်မှာ လိုက်ပါသွားတဲ့ ကျီးမိုက် ပုံပြင်ကို ငယ်ငယ်တုန်းက ကြားဖူးခဲ့တယ် လားရှိုးသိန်းအောင်လည်း သီချင်းလုပ်ဆိုတာကြားဖူးတယ်။ မြစ်ထဲမှာ မျောနေတဲ့ ဆင်သေကောင် က အသားတွေကို ကျီးတွေ ငှက်တွေ ထိုးဆိပ်စားသောက် နေရင်း ပင်လယ်ဝ အရောက်မှာ ကျန်တဲ့ ငှက်တွေက ကမ်း မှာ နေခဲ့ပေမဲ့ ကျီးတစ်ကောင်ကတော့ ဒီမကုန်နိုင် မခမ်းနိုင် တဲ့ အသားတွေ အစားတွေ ရှိနေတဲ့ ဆင်သေကြီးကို မက်မောပြီး ကမ်းနဲ့ဝေးရာ ရောက်တဲ့ အထိ လိုက်ပါသွားလို့ ပြန်လမ်း မရှိတဲ့ အချိန်မှာ အသားတွေ မကုန်တောင် ပုတ်ဆွေးသွားပြီး စားစရာမရှိတဲ့ အချိန်မှာ သူပါသေသွားနိုင်တဲ့ ဆုံးဖြတ်ချက်ချလို့ ကျေးမိုက် လို့ ပုံပြင်ထဲမှာသုံးထားပုံရပါတယ်။
တကယ်လို့ သာ ဆင်သေက တောထဲမှာဆိုရင်တော့ နေလို့ရတာပေါ့ အဆင်ပြေတဲ့အချိန်စား မပြေရင် ခွာထားခဲ့ယုံဘဲ။ ကျေးငှက်တွေ အစာရှာစားနေရသလိုဘဲ လူသားတွေ အလုပ်လုပ်ကြတဲ့ အချိန်မှာလည်း တစ်ခါတစ်ရံ ကိုယ်စားနေတဲ့ အစာဟာဆင်လောက် ကြီးပြီး မကုန်နိုင်ဘူးထင်တတ်ကြတယ်။ ကိုယ်တတ်ထားတဲ့ ပညာနဲ့ အလုပ်လုပ် နေရင်လည်း ပုံမှန် ရစရာရှိတာ ရနေမယ် အဆင့်ဆင့်တိုးနေမယ် အကြီးကြီးမို့ မကုန်ဘူးထင်တတ်ကြတယ်။ သို့ ပေမဲ့ လက်တွေ့ဘဝတွေမှာ လုပ်ငန်းတွေရဲ့ အနေအထားတွေ အနာဂတ်တွေ ကလည်း တည်ငြိမ်တာမဟုတ်ဘူး။ ကမ္ဘာမှာလည်း လုပ်ငန်းကြီးတွေက ရှေးခေတ်က လို တစ်ခုကောင်းနဲ့ တစ်သက်လုံးမနေနိုင်ဘူး အပြောင်းအလဲ wave တွေများတယ် အောင်မြင်နေသူတွေကိုယ်တိုင် ကိုယ်ဖာသာပြန်ပြိုင်ပြီး ပြောင်းနေကြရတယ်။
ကျွန်တော်တို့ လုပ်ငန်းလုပ်စက parcel programming တွေ လုပ်တဲ့ boolean တို့ ခေတ်ကောင်းခဲ့တဲ့ novel တို့ မရှိတော့ဘူး။ ထိပ်ဆုံးက apple တောင် သူသမိုင်းမှာ လဲကွဲခဲ့တာတွေ နဲ့။ Nokia လို Blackberry လို တွေ လောလောလပ်လပ် ပင်လယ်ဖက် သွားနေတဲ့ ဆင်သေတွေဖြစ်နေသလို OS2 ခေတ် O2 ဖုန်း Palm Pilot စတာတွေ လည်း တွေ့ခဲ့ဘူးတယ် Sony တောင် mobile လောကမှာ ရုန်းနေရတယ် motorolla ဆို Google ကိုရောင်းလိုက်ရပြီး အခု တရုတ် linovo အောက် ရောက်ရပြန်ပြီ။
ကိုယ်နိုင်ငံကလည်း အပြောင်းအလဲများတယ် နိုင်ငံရေးပြောင်းတယ် စီးပွားရေးပြောင်းတယ် လူမှု့ရေးနေထိုင်ပုံတွေပြောင်းတယ် အစိုးရကလည်း reform အော်နေသလို ကောင်းတဲ့ဖက် ရောက်မရောက် အာမမခံနိုင်ပေမဲ့ အရင်လိုမဟုတ်ဘဲ ပြောင်းနေတာကတော့ အသေအချာဘဲ။ တိုင်းပြည်ရဲ့ mission Vision ပြောင်းသလို ဥပဒေတွေ ပြောင်းနေတယ်။
ဟိုအရင်ခေတ်က ဆို ပြီး ကားပါမစ်ခေတ် ဖုန်းပါမစ်ခေတ် မြေပါမစ်ခေတ်တွေ ပြောင်းသွားတယ် ဆက်သွယ်ရေး တွေ ကားလိုင်စင်တွေ ပြောင်းသွားတယ် အထက်ပိုင်ရင်လုပ်လို့ ရတဲ့ အလုပ်ငန်းတွေ ရဲ့ ပုံစံပြောင်းသွားတယ်။ မီဒီယာတွေ ပုံစံပြောင်းသွားတယ်။ faceBook နဲ့ online တွေ ပြောင်းနေတယ် မကြာခင် telecom မှာ ပြောင်းကြပေဦးမယ်။
ဒီလိုဘဲ ကျွန်တော်တို့ လောကမှာ PC တွေရဲ့ ပုံစံပြောင်းသွားတယ် Programming တွေ ရဲ့ role တွေ server တွေ ရဲ့role တွေ push စနစ်တွေ ပြောင်းသွားကြတယ်ဝန်ဆောင်မှု့ တွေရဲ့ အနေအထားတွေပြောင်းသွားတယ်။ မပြောင်းချင်ဘဲ အရင် အတိုင်း နေပြီး အရင်လို နေရာရဖို့ မလွယ်ဘူးဆိုတာ စဖြစ်လာတယ်။
အဖွဲ့အစည်းတွေလည်း မလုပ်မရှုပ် ပုံစံတွေ ဆရာမွေး တပည့်မွေး နေကြတာတွေ နေရာရပြီး ရင် တတ် တတ်မတတ်တတ် ခိုင်းတဲ့ အရာတွေ ပြောင်းသွားတယ်။ လုပ်ငန်းတွေရဲ့ ကုန်ကျစားရိတ်တွေ ပုံစံပြောင်းသွားသလို လိုတဲ့ resource တွေ ပြောင်းသွားတယ်။ ရန်ကုန်လိုနေရာမျိုးမှာ အိမ်လခတွေ ဆိုင်ခန်းခတွေနဲ့ လုပ်ခလစာပြောင်းတာ အတော်မြန်နေတယ်။ အရင်က မခေါ်ခံခဲ့ဘူးတဲ့ post တွေ ထွက်လာတယ် ပြောရရင်တော့ အများကြီးပါ။
ငါတို့ငယ်ငယ်ကလည်း ဒီလိုဘဲ လုပ် ဒီလိုဘဲနေထိုင်လုပ်ကိုင်စားသောက် ပြီး ဘာမှထပ်မကြိုးစားချင် မလုပ်မကိုင်ချင်ဘဲ ကိုယ်မိထားတဲ့ဂွင်ကြီး အမြဲခံမယ်ထင်နေသူတွေ တစ်ချိန်မှာ ဆင်သေပေါ်က ကျေးမိုက်လို အများနဲ့ဝေးသွားကြပြီး စားစရာတွေ ပုတ်သိုးတတ်တာကို သတိပြုမိကြစေချင်တယ်။
Intel ရဲ့ CEO ပြောခဲ့သလို ခေါင်းလောင်းသံတွေ နားစွင့်နေဖိုလိုတယ် သို့ သော် အမှိုက်ကားလာတဲ့ ခေါင်းလောင်းသံလား မီးလောင်နေလို့ တီးတဲ့ခေါင်းလောင်းသံလားဆိုတာကို သိအောင်လုပ်ပြီး အချိန်မှီတုန့်းပြန်နိုင် ပြောင်းလဲနိုင် ရင်ဆိုင်နိုင်ဖို့ လိုတယ် မလိုရင်လည်း ဂရူမစိုက်ဘဲနေဖို့ ပေါ့ တခါတစ်လေမှာ ကိုယ်လမ်းကိုသွားနေတုန်း မဟာဗျူဟာလမ်းခွဲတွေ တွေ့ရတတ်တယ် ဒီအချိန်မှာ မဆုံးဖြတ်ရဲရင် ဆုံးဖြတ်တာမှားရင် တော့ အကြီးကြီးတွေတောင် မြုပ်သွားတတ်ကြတာကို သတိပြုမိစေချင်တာပါ။
တကယ်တော့ စီးပွားရေးလောကမှာ player ဆိုတဲ့သူတွေ ခေါင်းဆောင်တွေဟာ အရည်အချင်းပြည်ဝသူ စွမ်းဆောင်နိုင်သူ ဖြစ်ယုံနဲ့ မလုံလောက်ကြပါဘူး အနာဂတ်ကို ကြိုတင်မြင်နိုင်သူ တွက်ဆနိုင်သူ နားလည်သဘောပေါက်နိုင်သူဖြစ်ပြီး အဲဒီအတွက် အတိတ်နဲ့ ပစ္စယုပ္ပန် ကို အကောင်းဆုံး ရင်းနှီးမြုတ်နှံပြီး ဆွဲခေါ်သွားနိုင်သူတွေပါ။
အားလုံး အခုချက်ချင်းငုံကြည့်ဖို့ လိုတာက ကိုယ်စားနေတာက ဆင်သေကြီးလား ပင်လယ်ထဲကို မျှောနေတာလား ဆိုတာပါ။ ဟုတ်တယ်ဆိုရင် တခုခုကြိုးစားပြီး ရုန်းထွက်ဖိုလိုပါတယ် အဲဒီအသားတွေကို ဆက်မမက်တွယ်မိဖို့လိုပါတယ် ဆုံးဖြတ်ချက်မှန်ဖို့ မြန်ဖို့ လိုနေပြီး သတ္တိရှိကြစေချင်ပါတယ် လောကကြီးမှာ အပြောင်းအလဲဆိုတာဟာ ပုံမှန် ဖြစ်လေ့ဖြစ်ထတစ်ခုပါ။