Photo credit; Orignal Source
မင်္ဂလာပါ steemit သုံးစွဲသူများ
ဤဆောင်းပါးကိုရေးသားရန် စိတ်ကူးဝင်လာရခြင်းမှာ အခုမှ steemitပေါ်သိုရောက်ရှိလာကြသူများ Cryptocurrency အပေါ်စိတ်ဝင်စားလာသူများ အသိတစ်ခုတိုးစေရန်ရွယ်ရည်ချက်ဖြစ်ပေါ်လာသောကြောင့် မိမိသိရှိလေ့လာမိသလောက်ကို မျှဝေချင်စိတ်ကြောင့်ရေးသားမိခြင်းပါ။ ကြိုတင်ပြီး တောင်ပန်းချင်တာက မိမိ သည်လည်းအကုန်လုံးကို နားမလည်သေးသောကြောင့် အမှားပါခဲ့သော် လမ်းညွှန်ပေးကြပါလို့ ဦးစွာပြောကြားလိုပါသည်။
ကမ္ဘာကြီးသည် globalization ခေတ်ကိုရောက်ရှိလာသည်နှင့်အမျှ ကမ္ဘာတစ်ဝန်းကုန်စည်စီးဆင်းမှုသည်တစ်နေ့ထက်တစ်နေ့ တန်းဖိုတိုးလာပါသည်။ ကုန်စည် များတစ်နေရာနှင့်တစ်နေရာ စီးဆင်းလာလေလေ ထိုကုန်စည်များအတွက် ငွေကြေး ပေးဆောင်မှုသည်လည်း ကျွှဲကူးရေပါအတိုင်းဖြစ်ပေါ်လာပါသည်။ တစ်နိုင်ငံမှ တစ်နိုင်ငံ ကုန်စည်စီးဆင်းမှု အတွက်ကတော့ ရေလမ်း ကုန်လမ်း လေလမ်း တို့ဖြင့် သယ်ယူပိုဆောင်ရေး ကုမ္ပဏီများက ဝန်ဆောင်မှုပေးကြပြီးငွေကြေးစီးဆင်းမှုအတွက်တော့ ဘဏ်များက ဝန်ဆောင်မှုပေးနေကြသည်မှာ ကြာညောင်းလာလေပါပြီ။
အပြောင်းအလဲတစ်ခုဖြစ်ပေါ်လာရန်အတွက် ထိုအပြောင်းအလဲအတွက်တောင်းဆိုမှုတစ်ခုစီက ရှိစမြဲပါ။ငွေကြေး စီးဆင်းမှုအတွက် ဘဏ်ကတစ်ဆင့် သွားနေရခြင်းက
၁။ ငွေစာရင်းအတိကျကို အစိုးရကသိရှိနေခြင်း
၂။ Currency exchange rates ကြောင့် ဆုံးရှုံးမှုများရှိခြင်း
၃။ ငွေကြေး လွှဲပြောင်းခပေးချေရခြင်း
၎။ တရားမဝင်ငွေများ လွှဲ၍မရခြင်း
၅။ နိုင်ငံရေး ပေါ်လဆီအရ ဘဏ်အကောင့်များ ပိတ်ခံရခြင်း(ဥပမာအနေဖြင့် တရုတ်နိုင်ငံကကုန်စည်ဝယ်ယူရာတွင်ငွေပေးချေရန်အတွက် မြန်မာကုန်သည်များက တရုတ်နိုင်ငံတွင့်ဖွင့်ထားသော ဘဏ်အကောင့်အပိတ်ခံရခြင်း)
ငွေကြေးလွှဲပြောင်းမှုအတွက် အခြားအကြောင်းအရာများစွာရှိနေပါသေးသည်။ ဤသည်ကို အဘယ်သို့ရှောင်ရှားပါမည်နည်း။ အမှီခိုကင်းမဲ့သော ငွေကြေးတစ်ရပ် မဖြစ်မနေလိုအပ်လာပါသည်။ ကမ္ဘာမည်သည့်နေရာသို့မဆို အလွယ်တစ်ကူးလွဲပြောင်း ထုတ်ယူနိုင်ရမည့် မည်သူတစ်ဦးတစ်ယောက်၊အဖွဲအစည်း၊ နိုင်ငံတစ်နိုင်ငံ မှ ထိန်းချုပ်၍ မရနိုင်သောပုံစံမျိုးဖြစ်ပေါ်လာရန် လိုအပ်ပါသည်။
Digital currency ခေါ် Cryptocurrency သည်ကား ဤသို့ တောင်းဆိုမှုတွေကြောင့် အခြေခံမွေးဖွား ကြီးပြင်းလာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုနီးပါးသို့ရောက်ရှိလာနေပါပြီး။ ၂၀၀၉ခုနှစ်ကနေ Bitcoin ရဲ့ဦးဆောင်မှုကနေ တိုးတက်လာခဲ့ရာ အခုအချိန်တွင်ကား အခြားcoinပေါင်း မြောက်များစွားဖြင့် ကြီးထွားလာနေပါသည်။ ဤငွေကြေးသည်ကားထိန်းချုပ်မှုကင်းမဲ့သောကြောင့် ဈေးအတက်အကျ မြန်ဆန်လွန်းသည့်အတွက် trading ပြုလုပ်သူများအကြိုက်သို့လည်းရောက်ရှိ၍နေပါသည်။
ဆက်ရန်..........
ဆက်လက်ကြိုးစားပါမည်@phyuphyu