Coins.ph ဖိလစ်ပိုင် crypto wallet နဲ့ Western Union တို့ ပူး​ပေါင်း

Words
156
Reading
1 min
Listen
Play
7y

နိုင်ငံတကာ ​ငွေပို့​ငွေလွှဲ ကုမ္ပဏီကြီးဖြစ်တဲ့ Western Union ဟာ ဖိလစ်ပိုင်နိုင်ငံက Coins.ph crypto wallet နဲ့ ပူး​ပေါင်းပြီး ဖိလစ်ပိုင်နိုင်ငံအတွက် ​ငွေပို့​ငွေလွှဲ ပိုမိုအဆင်​ပြေ​အောင် ​ဆောင်ရွက်ခဲ့ပါတယ်။ Coins.ph crypto wallet ဟာ အသုံးပြုသူ ၅ သန်း​ကျော်ရှိပြီး Western Union နဲ့ ပူး​ပေါင်းလိုက်တဲ့အတွက် ဖိလစ်ပိုင်နိုင်ငံအတွက် ​တော​ရောမြို့ပါ ဝန်​ဆောင်မှု​ပေးနိုင်​တော့မှာပါ။ Western Union နဲ့ ပို့လိုက်တဲ့ ​ငွေ​တွေဟာ အသုံးပြုသူရဲ့ Coins.ph wallet ထဲကို ​ရောက်ရှိသွားမှာပါ။ ဒီလိုနဲ့ ကမ္ဘာ့ ဘယ်နိုင်ငံမှမ​ရွေး ဖိလစ်ပိုင်ကို ​ငွေလွှဲနိုင်မှာပါ။ ဖိလစ်ပိုင်နိုင်ငံ လူဦး​ရေရဲ့ ၁၀ သန်းခန့်က နိုင်ငံခြားမှာ အလုပ်လုပ်​နေကြတဲ့အတွက် ​ငွေပို့​ငွေလွှဲ ​စျေးကွက်က ကြီးမားပါတယ်။ ဖိလစ်ပိုင် ဗဟိုဘဏ်ရဲ့ အဆိုအရ တစ်လကို နိုင်ငံခြားမှ မိသားစုများထံ ပြန်ပို့​ငွေ ​ဒေါ်လာ ၂.၇ ဘီလျံခန့် ရှိတယ်လို့ ဆိုပါတယ်။ ဒါကလည်း နှစ်စဥ် ၃ ရာခိုင်နှုန်း တိုးလာ​နေတာပါ။

Zawgyi

Coins.ph ဖိလစ္ပိုင္ crypto wallet နဲ႔ Western Union တို႔ ပူး​ေပါင္း

ႏိုင္ငံတကာ ​ေငြပို႔​ေငြလႊဲ ကုမၸဏီႀကီးျဖစ္တဲ့ Western Union ဟာ ဖိလစ္ပိုင္ႏိုင္ငံက Coins.ph crypto wallet နဲ႔ ပူး​ေပါင္းၿပီး ဖိလစ္ပိုင္ႏိုင္ငံအတြက္ ​ေငြပို႔​ေငြလႊဲ ပိုမိုအဆင္​ေျပ​ေအာင္ ​ေဆာင္႐ြက္ခဲ့ပါတယ္။ Coins.ph crypto wallet ဟာ အသုံးျပဳသူ ၅ သန္း​ေက်ာ္ရွိၿပီး Western Union နဲ႔ ပူး​ေပါင္းလိုက္တဲ့အတြက္ ဖိလစ္ပိုင္ႏိုင္ငံအတြက္ ​ေတာ​ေရာၿမိဳ႕ပါ ဝန္​ေဆာင္မႈ​ေပးႏိုင္​ေတာ့မွာပါ။ Western Union နဲ႔ ပို႔လိုက္တဲ့ ​ေငြ​ေတြဟာ အသုံးျပဳသူရဲ႕ Coins.ph wallet ထဲကို ​ေရာက္ရွိသြားမွာပါ။ ဒီလိုနဲ႔ ကမာၻ႔ ဘယ္ႏိုင္ငံမွမ​ေ႐ြး ဖိလစ္ပိုင္ကို ​ေငြလႊဲႏိုင္မွာပါ။ ဖိလစ္ပိုင္ႏိုင္ငံ လူဦး​ေရရဲ႕ ၁၀ သန္းခန္႔က ႏိုင္ငံျခားမွာ အလုပ္လုပ္​ေနၾကတဲ့အတြက္ ​ေငြပို႔​ေငြလႊဲ ​ေစ်းကြက္က ႀကီးမားပါတယ္။ ဖိလစ္ပိုင္ ဗဟိုဘဏ္ရဲ႕ အဆိုအရ တစ္လကို ႏိုင္ငံျခားမွ မိသားစုမ်ားထံ ျပန္ပို႔​ေငြ ​ေဒၚလာ ၂.၇ ဘီလ်ံခန္႔ ရွိတယ္လို႔ ဆိုပါတယ္။ ဒါကလည္း ႏွစ္စဥ္ ၃ ရာခိုင္ႏႈန္း တိုးလာ​ေနတာပါ။

Coins.ph ဖိလစ်ပိုင် crypto wallet နဲ့ Western Union တို့ ပူး​ပေါင်း | Ecency