ရေခြားမြေခြား အလွမ်း

Words
64
Reading
1 min
Listen
Play
8y

ရေခြားမြေခြား အလွမ်း

ဟို အဝေးက
ချစ်ရတဲ့ သူလေးဆီကို
ပြေးလို့ သာ လာခဲ့ချင်မိတယ်
အနေ ဝေးတဲ့ ဘဝမှ
အလွမ်း အဆွေးတွေ များလွန်းတယ်………

〰〰〰〰〰〰〰〰〰〰

သြော်
အရာရာ လိုအပ်ချက်တွေ ရှိနေတဲ့ ငါအတွက်
မင်းရှိရာ ခြေလှမ်းလိုက်ချင်ပေမဲ့ 
မျက်ဝန်း တချို့ ရဲ့  ဟန်တားမှုအရောက်မှာ
ရပ်တန့် ခဲ့ရပြီပေါ့
စာရွက်ပေါ် က ပိုင်ဆိုင်တွေက
အရေးပါလာခဲ့တော့ တို့ မြေမဟုတ်လဲ
မျက်ရည်မကျအောင်ထိန်းရင်း
မာန တခုနဲ့ ရှေ့ဆက်ခဲ့ရပြီလေ………

〰〰〰〰〰〰〰〰〰〰

အကြင်နာ မျက်ဝန်းတွေ ပြည့်နေတဲ့ 
ချစ်သူလေးကို တွေ့ ဖို့ အတွက်
🏃🏃🏃🏃🏃🏃🏃🏃

ရေခြားမြေခြား တံတိုင်းခြား ပြီး
ခဏတော့
အလွမ်းတွေ ခံစားနေရအုံးမှပေါ့………🙁🙁
📝ရေးသားသူ ဖြိုးဝေအောင်📝

Author phyowaiaung@phyowaiaung
MSC-115
image

received_1178917088909060.gif

ရေခြားမြေခြား အလွမ်း | Ecency