This content got low rating by people.

အဆင်ပြေလား

phyo1aung(37)
Published in
#poem
Words
74
Reading
1 min
Listen
Play
8y

"အဆင်ပြေလား"

လို့အမေးခံရတဲ့အခါ
ခေါင်းငုံ့ လိုက်တယ်
ခေါင်းညိတ်ပြတယ်လို့ထင်ချင်ထင်မှာပေါ့
တကယ်တော့ ကျနော် အောက်ငုံ့ပြီးငိုတာ

လေအဝှေ့မှာ
ရွေ့သွားတဲ့တိမ်တိုက်လေးတွေကိုမုန်းတယ်
ကျန်ရစ်ခဲ့ရတာကို
ကျနော်မကြိုက်ဘူးး

အချစ်ဆိုတာပေးဆပ်ခြင်းတဲ့
ဝဋ်ကြွေးဆိုရင်လည်း
မှန်ပါတယ်လေ

နောက်ကျောကဓားနဲ့ထိုးသွားရင်တောင်မှ
ဓားကိုဆွဲနှုတ်ပြီး
တယုတယသိမ်းထားမိမှာ
ကျနော့အတွက်
ခင်ဗျားပေးတဲ့ နောက်ဆုံးလက်ဆောင်မဟုတ်လား

တစ်ကမ္ဘာလုံးကိုကျောခိုင်းပြီးနောက်
ခင်ဗျားဘက်ကိုလည်းမလှည့်ချင်ဘူး
ဒီကောင့်နှလုံးသားကခပ်နုနုရယ်

ဟင်္သာလေးတွေကို လွှတ်အားကျတာ
သူတို့ဘဝမှာ ရှင်ကွဲဆိုတာမရှိ

မီးမှန်းသိရက်နဲ့
ဇွတ်တိုးဝင်တဲ့ ပိုးဖလံရယ်ပါ
ကျနော့လောင်မြိုက်မှုအတွက်
ခင်ဗျား အပြစ်ကင်းပါတယ်

ညညဆို မီးတွေအကုန်ပိတ်ပြိီးမှ
အိပ်ဖြစ်တယ်
ကျနော့ခေါင်းအုံးလေးရွှဲနေတဲ့အကြောင်း
ဘယ်သူမှမသိစေချင်

ပြတ်သွားတဲ့ လေတံခွန်လေး
ပြန်အလာကို
မျှော်နေတဲ့ ရစ်ဘီးဟာကျနော်ပါ

ဘယ်နေရာကြည့်ကြည့် ခင်ဗျားအရိပ်တွေချည်းပဲ
ဖြတ်သွားမယ့်အတူတူ
ကျနော့ကိုသတ်ပြီးမှ ထားခဲ့သင့်တာ

ခင်ဗျားကိုမုန်းတယ်
သတိရမိတိုင်းပြောတဲ့စကားပါ
"ခင်ဗျားကိုမုန်းတယ်"

လွမ်းစရာရှိရင် နာစရာနဲ့ဖြေတဲ့
ခင်ဗျားလုပ်ရပ်တိုင်းကို
ချစ်နေခဲ့တာဆိုရင်ရော

ကမ္ဘာကြီးကလုံးတာသေချာလား
သံသရာကရော တကယ်လည်ရဲ့လား
ဝေးသွားကတည်းက
အမှတ်တမဲ့တောင်
ကျနော်တို့ မဆုံဖြစ်ကြဘူး

သတိရစိတ်တွေကိုမီးရှို့တဲ့အခါ
မျက်ရည်ထည့်ရတယ်ဗျ
ခင်ဗျားသိလား
ကျနော်ငိုနေတယ်....

ပြန်မလာတော့တဲ့အကြောင်းကို
လက်မခံနိုင်သရွေ့
ကျနော်မျှော်နေမှာ
တစ်နေ့နေ့တော့ ခင်ဗျားပြန်လာမယ်မဟုတ်လား။ ။

အဆင်ပြေလား | Ecency