online game အန္တရာယ်

phyo(45)
Published in
#myanmar
Words
198
Reading
1 min
Listen
Play
8y

image
ယနေ့ခေတ်လူငယ်များသည် online game များကို အချိန်ကုန် ငွေကုန်ခံပြီး ကစားနေကြသည်ကို နေရာတိုင်း၌ တွေ့မြင်နေရပါသည်။ ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် လူကြီးဖြစ်မည့်သူများပင်မဟုတ်ပါလော။ နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပုခုံးလွှဲယူ ထမ်းဆောင်ရမည်သူများပင်ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်ဆိုလျှင် လူငယ်များသည် အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်နေပါသည်။ ယနေ့လူငယ်များ လမ်းမှားမရောက်မှ နောင်တစ်ချိန် လမ်းမှန်သို့ရောက်ရမည့် လူကြီးများဖြစ်လာပေမည်။
ယနေ့ခေတ်တွင် အိုင်တီနည်းပညာများ တစ်ဟုန်ထိုးတိုးတက်လာသည်နှင့်အညီ ကမ္ဘာကြီးတွင် အွန်လိုင်းဟု ခေါ်ဆိုကြသည့် အင်တာနက်ပေါ်မှ ယှဉ်ပြိုင်ကစားရသည့် ဂိမ်းများသည် ပေါ်ပေါက်လာကာ လူသန်းပေါင်းများစွာ online game များကို ကစားလာခဲ့ကြပါသည်။ စင်စစ်အင်တာနက်onlineပေါ်မှ ကစားနေကြသည့်ဂိမ်းများသည် လူငယ်များ၏တန်ဖိုးရှိသောအချိန်များကို ဖြုန်းတီးနေခြင်းသာဖြစ်သည်။ Digital နည်းပညာများ ဖွံ့ဖြိုးလာသည်နှင့်အညီ မျက်မှောက်ခေတ်လူငယ်များသည် မိမိတို့၏ ကွန်ပျူ တာများ တက်ဘလက်များ အန်းဒရိုက်ဖုန်းများကို အသုံးပြုပြီး online game များကို နှစ်ခြိုက်စွာ ကစားလာကြသည်ကို တွေ့ရပါသည်။
ကျွန်တော်သည်လည်း လူငယ်တစ်ဦးပင်ဖြစ်သည်နှင့်အညီ ဂိမ်းများအားလုံးကို မကစားဖူးသော်လည်း COC (Clash Of Clan) online game ကို ကစားရင်းစွဲဖူးခဲ့သည်။ COC (Clash Of Clan) online game ကို သူငယ်ချင်းတစ်ဦး၏ စည်းရုံးမှုကြောင့် စမ်းကစားမိခဲ့ရာမှ ထိုဂိမ်းကို နေ့မနားညမနား ထမင်းမေ့ ဟင်းမေ့အောင်ပင် ကစားဖူးခဲ့ပါသည်။ COC (Clash Of Clan) ဂိမ်းသည် ဖုန်းအင်တာနက်ဖွင့်ပြီး ကစားရသည့် online game အမျိုးအစားဖြစ်ပါသည်။ ပထမကစားစဉ်က အပျင်ပြေသက်သက်ကစားခဲ့သော်လည်း နောက်ပိုင်းတွင် ဂိမ်းကိုမကစားရ မနေနိုင်လောက်အောင် စွဲသွားခဲ့ရခြင်းဖြစ်သည်။
ထိုဂိမ်းများကို အချိန်အနည်းငယ် ကစားဖူးသူများသည် နောက်ပိုင်း မကစားရမနေနိုင်လောက်အောင်ပင် ဂိမ်းကိုဖန်းတီးတီထွင်ထားသည်မှာလည်း စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။ ကျွန်တော် ကစားခဲ့ဖူးသော COC (Clash Of Clan) ဂိမ်း၏ ကစားနည်းမှာ မိမိတည်ဆောက်ထားသော စခန်းတပ်ကို အင်းအားကြီးမားလာအောင် ငွေကြေးတောင့်တင်းလာအောင် အခြားစခန်းများကို သွားတိုက်ရခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့ ထွက်တိုက်ရာတွင် နိုင်ခဲ့ပါက ရန်သူစခန်းမှ ရွှေများ(ဂိမ်းကသတ်မှတ်ထားသည့် တန်ဖိုးရှိသောအရာ) သွေးအားများရရှိပြီး မိမိစခန်းကို လိုအပ်သော လူအင်းအား လက်နက်တို့ကို ဖြည့်ဆည်းဝယ်ကာ တဖြည်းဖြည်းအင်အားကြီးမားလာအောင် ပြုလုပ်ကြရသည်။ ထွက်တိုက်၍ရှုံးခဲ့ပါက မိမိပါလာသော လူအင်အား၏ သွေးအားတန်ဖိုးများ ဆုံးရှုံးရပါသည်။ မိမိစခန်းထဲက တပ်သားများထုတ်ယူရာ၌လည်း အချိန်နှင့်စောင့်ထုတ်ရပါသည်။ ထိုသို့ထုတ်ရာ၌ သွေးအားများကို သတ်မှတ်ထားသော နှုန်းထားအတိုင်းပေးရသည်။ 'ထုတ်တိုက်ဖြည့်'ဟူသောမူဖြင့် ကစားရသောဂိမ်းဖြစ်သည်။ တပ်သားထုတ်ရသည်။ ထွက်တိုက်ရသည်။ ထွက်တိုက်၍ ရလာသော ရွှေများသွေးအားများကို မိမိစခန်းအတွက် ပြန်လည်းဖြည့်ဆည်းမွမ်းမံရသည်။
မိမိကလည်း ထွက်တိုက်ရသကဲ့သို့ မိမိစခန်းကိုလည်း မိမိlineပေါ် မရှိသည့်အခါ လာရောက်တိုက်ကြပါသည်။ ထို့ကြောင့် တိုက်စစ်ကိုမြှင့်နေရသကဲ့သို့ ခံစစ်ကိုလည်း အင်အားတောင့်တင်းအောင် လုပ်ထားရပါသည်။ ထို့ပြင် COC (Clash Of Clan)ဂိမ်းသည် မိမိတို့ ကစားဖော်အချင်းချင်းအုပ်စုဖွဲ့ကာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ချိန်းဆိုပြီး အဖွဲ့လိုက် အနိုင်အရှုံးတိုက်ရသော ကစားပွဲများလည်း ပါဝင်သေးသည်။ ထို့ကြောင့် COC (Clash Of Clan) ဂိမ်းကဲ့သို့သော အလားတူ online game များကို လူငယ်များ ဖုန်းနှင့်လက်မခွာနိုင်အောင် စိတ်ဝင်စားစွာ ကစားနေကြရပင်ဖြစ်ပါသည်။

online game အန္တရာယ် | Ecency