Mothball a health standpoint there is a suitable

phyo(45)
Published in
#myanmar
Words
296
Reading
2 min
Listen
Play
8y

image
Clothing slimy pests bite, and do not attempt to rupture Do not attempt to become, The wet fly mushroom can be used to add to mothball. So the whole picture Consumer goods also essential contradiction. Those who love clothes smell of camphor Thin still having headaches because of this smell dizzy because of the assets. Here is another kind of allergy. Out of the whole picture, because it can kill germs and chemicals have involved much contradiction. Not to use the same clothes, toilet, bathroom The books can be located at a mothball helpful.
Over long time, but mothball often evaporate chemical vapor were found to be hazardous to health. This vapor inhalation because it would be detrimental to the health of this gas will need to be cautious. This material is the resultant vapor, Entered smelled respiratory and headache DIZZY as well as nausea, Vomiting can feel the suffering. In addition, medical experts have argued that lead to cancer. Camphor involved throughout the subtle kind of a substance is toxic. Because of the destruction of red blood cells caused anemia, sometimes causing the latest Alzheimer's disease cases. So instead of mothball use cloves. Do not use mothball best.

ပရုတ်လုံးအသုံးပြုတာ ကျန်းမာရေးရှုထောင့်အရ သင့်တော်မှုရှိသလား

အဝတ်ဘီရိုထဲက အင်္ကျိတွေ ပိုးမွှားကိုက်ပြီး မပေါက်ပြဲသွားအောင်၊ မဆွေးမြေ့သွားအောင်၊ အစိုပျံပြီး မှိုမတက်စေဖို့အတွက် ပရုတ်လုံးကို ထည့်သွင်းအသုံးပြုရပါတယ်။ ဒါ့ကြောင့် ပရုပ်လုံးက လူသုံးကုန်ပစ္စည်းတွေထဲက မရှိမဖြစ် အရာလို့လည်း ဆိုနိုင်ပါတယ်။ အဝတ်အစားတွေ ပရုတ်နံ့သင်းသင်းလေး ဖြစ်နေတာကို နှစ်သက်ကြတဲ့သူတွေ ရှိသလို ဒီအနံ့ကြောင့် ခေါင်းကိုက်တာ ခေါင်းမူးသွားတာမျိုးလည်း ရှိပါတယ်။ ဒါကလည်း ဓာတ်မတည့်မှု တစ်မျိုးပါပဲ။ ပရုပ်လုံးက ဘီရိုထဲက ပိုးမွှားများကိုတောင် သေစေနိုင်တာကြောင့် ဓာတုပစ္စည်းများစွာ ပါဝင်တယ်လို့ ဆိုနိုင်ပါတယ်။ အဝတ်ဘီရိုထဲမှာပဲ ထည့်သုံးနိုင်တာ မဟုတ်ပါဘူး၊ အိမ်သာ၊ ရေချိုးခန်း၊ စာအုပ်စင် စတဲ့နေရာတွေမှာလည်း ပရုတ်လုံးက အသုံးဝင်ပါတယ်။
ဒါပေမယ့် ပရုတ်လုံးက အချိန်ကြာရှည်လာတာနဲ့အမျှ အငွေ့ပျံသွားတတ်ပြီး ဓာတုငွေ့တွေက ကျန်းမာရေးကို ထိခိုက်စေနိုင်တာကို တွေ့ရပါတယ်။ ဒီအငွေ့ကို ရှူရှိုက်မိမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတွက် ဒီအဆိပ်ငွေ့ကိုတော့ သတိထားဖို့ လိုပါတယ်။ ဒီပရုပ်လုံးက ထွက်ပေါ်လာတဲ့ အငွေ့၊ အနံ့အသက်က အသက်ရှူလမ်းကြောင်းထဲ ဝင်သွားတာနဲ့အမျှ ခေါင်းကိုက်ခြင်း မူးဝေခြင်းအပြင် ပျို့ခြင်း၊ အော့အန်ခြင်း စတဲ့ ဝေဒနာများကို ခံစားလာရစေပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါဖြစ်ပေါ်စေတယ်လို့တောင် ဆေးပညာရှင်များက ဆိုထားပါတယ်။ ပရုတ်လုံးမှာ ပါဝင်တဲ့ နပ်ဖ်သလင်းဓာတ်က အဆိပ်တစ်မျိုးပါပဲ။ သွေးနီဥများကို ပျက်စီးစေတာကြောင့် သွေးအားနည်းရောဂါကို ဖြစ်ပေါ်စေပြီး နောက်ဆုံး အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားတတ်ပါတယ်။ ဒါ့ကြောင့် ပရုတ်လုံးအစား လေးညှင်းပွင့်ကို အသုံးပြုနိုင်ပါတယ်။ ဖြစ်နိုင်ရင် ပရုတ်လုံးကို အသုံးမပြုတာကတော့ အကောင်းဆုံးပါပဲ။

Mothball a health standpoint there is a suitable | Ecency