၂၁ရာစုမှာ AIDS ရောဂါရဲ့ ခြိမ်းခြောက်မှုအန္တရာယ်ဟာ လွန်းခဲ့တဲ့ ၁၀နှစ်ကနဲ့စာရင် အများကြီးလျော့ကျသွားပါပြီ။ လူဦးရေ ၁.၁သန်းထက်မနည်းမှာ ဖြစ်ပွားနေဆဲဖြစ်လို့ ရောဂါဆိုးကြီးစာရင်းထဲကနေတော့ ပယ်ဖျက်လို့မရသေးဘူးဆိုပေမယ့် AIDS ရောဂါကို ကုသနိုင်ဖို့ နီးသည်ထက်နီးလာနေပြီးဆိုတဲ့ သတင်းကောင်းလေးကိုတော့ ၂၀၁၇ရဲ့ နောက်ဆုံးလမှာ ရဲရဲကြီးပြောနိုင်ပါပြီ။
အချိန်က စကားပြောသွားပါပြီ။၁၉၈၀ပြည့်နှစ်ဝန်းကျင်က HIV ရောဂါပိုးကူးစက်ခံရသူနဲ့ ၂၀၀၀ပြည့်နှစ်နောက်ပိုင် ရောဂါကူးစက်ခံရသူတို့မှာ AIDS ဖြစ်ပွားနှုန်းက လုံးဝကိုမတူတော့တာပါ။၁၉၈၅ခုနှစ်တုန်းက HIV ကူးစက်ခံရရင် သေဆုံးဖို့က ရာနှုန်းပြည့်နီးပါဖြစ်ပါတယ်။ ၁၉၉၅ခုနှစ်မှာတော့ HIV ပိုးကူးစက်ခံရရင်လည် ရှင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ HIV/AIDS ရောဂါဖြစ်နေတဲ့ လူနာတွေအတွက် ဆေးဆိုတာရှိနေပါပြီ။၁၉၈၉ခုနှစ်တုန်းက AZT ကိုထုတ်လုပ်ခဲ့ပါတယ်။အကျိုးသိပ်မထူးလှသည့်အတွက် ၁၉၉၅ခုနှစ်မှာInverase ကို ထုတ်လုပ်ခဲ့ပါတယ်။HIV/AIDS အတွက် ဆေးသောက်သက်ရှည်ကြာလာတာနဲ့အမျှ အသက်ရှင်နိုင်ခြေကလည်း မြင့်မားလာခြင်းဖြစ်တယ်။
HIV လူနာတွေဟာ အိုမင်းတဲ့အထိ ရှင်သန်းနိုင်ကြပါပြီ။ဒါဟာ ART ကုထုံးရဲ့ကျေးဇူးပဲပေါ့။
ဆက်လက်ရေးသားပါမည်။
HFS-1