ကျွန်တော်တို့သမိုင်းထဲမှ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာထွန်းကားဆုံးသောနေရာကိုပြပါဆိုလျှင် ယဉ်ကျေးမူသမိုင်းအမွေအနှစ်များထွန်းကားရာ Bagan(ပုဂံ)ကိုပြရပေလိမ့်မည်.
ပြောရင်လည်းပြောရပေလိမ့်မည်.ပုဂံတွင် လက်ညိုးထိုးရာနေရာတိုင်းလိုလို ဘုရားစေတီပေါင်းများစွာတည်ရှိလေသည်.
မြန်မာနိုင်ငံတွင် သမိုင်းယဉ်ကျေးမူအမွေအနှစ်များထွန်းကားရာနေရာဆိုလျင် မမှားနိုင်ပေ.
ပုဂံသို့ ရောက်လာကြသော နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တော်တော်များများသည် ဥရောပတိုက်ကလညသော နိုင်ငံသားများမှာအများသုပက်ဖြစ်သည်.ဥရောပနိုင်ငံတော်တော်များများတွင် အပူပိုင်းထက် အအေးလွန်သောနိုင်ငံတွေကပိုများသည်.ကျွန်တော်တို့နိုက်ငံတွင်သာ တစ်နှစ်တွင်ရာသီသုံးရာသီရှိရာမှ ဆောင်းတွင်းမှလွဲရ်ျ ကျန်ကာသီများမှာနေရောင်ကောင်းကောင်းမြင်ရသည်.ဆောင်းရာသီတောင်မှ မနက်ခင်းပင် ပတ်ဝန်းကျင်ကို ကွဲကွဲပြာပြားမမြင်နိုင်ပေ.ကျန်တဲ့အချိန်များတွင်တော့ ပတ်ဝန်းကျင်ကိုထင်ထင်ရှားရှားမြင်နိုင်ပေသည်.သို့ပေမဲ့ သူတို့ ဥရောပနိုင်ငံများတွင်တော့ တစ်နှစ်ပတ်လုံးတွင် လအနည်းငယ်သာနေရောင်ကိုမြင်ရသည်.ထို့ကြောင့်လည်း ကျွန်တော်တို့နိုင်ငံသို့ နိုင်ငံခြားသားများအလည်အပတ်လာရောက်ကြလေသည်.
ပုဂံ သည်မြန်မာနိုင်ငံတွင်ရှေးဟောင်းအမွှေအနှစ်များစွာတည်ရှိရာ/ဘုရားစေတီမြှောက်များစွာတည်ရှိသော သမိုင်းဝင်ယဉ်ကျေးမူထွန်းကားသောနေရာတစ်နေရာလည်းဖြစ်သည်.ထို့ကြောင့်လည်း နိုင်ငံခြားသားများမှ အထူးအဆန်းနှင့်မရိုးနိုင်အောင် စက်ဘီးနှင့်တစ်သွယ်/ဆိုင်ကယ်နှင့်တစ်မျိုး/မြင်းလှည်းနှင့်တစ်ဖုံအမျိုးမျိုးလည်ပတ်ကြလေသေည်.
ပုဂံတွင် ရောက်ရှိနေသောနိုင်ငံခြားသားများ၏အကြိုက်ဆုံးအရာတစ်ခုမှာ နေဝင်သွားချိန်ကို ဘုရားပစ္စယံပေါ်မှဘကြည့်နေရာတာကိုသူတို့အတွက်ဘယ်လိုမှမရိုးနိုင်သောရသတစ်ခုဖြစ်နေလေသည်.ညနေ နေဝင်ချိန်များတွင်ဘုရားပစ္စယံပေါ်၌ နေဝင်ချိန်တွင် နေဝင်သွားပုံကိုကြည့်နေသော နိုင်ငံခြားသားများမှာ နေ့တိုင်းကိုမရိုးဘဲ ဓာတ်ပုံများအမျိုးမျိုးရိုက်ကာမှတ်တမ်းတင်ရင်ပျော်ရွင်နေကြသည်.
ဒါပေမဲ့ ယခုအချိန်တွင် ပုဂံ၌ နေဝင်ချိန်ကိုဘုရားပစ္စယံပေါ် တွင်ကြည့်ရန်ခွင့်ပြုထားသော အထင်ကရ ဘုရားမှားနှစ်ဆူသာရှိသည်.ထိုဘုရားနှစ်ဆူမှာ ရွှေဆံတော်ဘုရားနှင့်ပြသာဒ်ကြီးဘုရားဖြစ်သည်.
ပုဂံတွင်ဘုရားပေါင်မြှောက်မြှားစွာရှိသော်လည်း အထက်ပစ္စယံပေါ်ကိုတက်၍နေဝင်ချိန်ကိုကြည့်ရန် ရှေးဟောင်းသုတေသီ ဌာနမှကန့်သတ်ထားသောကြောင့် ထိုဘုရားနှစ်ဆူတွင်သာကြည့်ခွင့်ရသည်.ပုဂံတွင်ရှိသောဘုရားများမှာ ရှေးဟောင်းယဉ်ကျေးမူလက်ရာများဖြစ်၍အချိန်ကြာမြှင့်ပီဖြစ်သောကြောင့် ရေရှည်တည်တံခိုင်မြဲရေးနှင့် ပြိုကျပျက်စီးမည့်အန္တရာယ်ကိုကာကွယ်နိုင်ရန် ရှေးဟောင်းသုတေသီ ဌာနမှတားမြစ်ထားခြင်းဖြစ်သည်.
စာရေးသူကျွန်တော် ပုဂံဘုရားဖူးသွားတော့ ဓမ္မရံကြီးဘုရားရှေ့တွင်ရီသော ကြာဇံဟင်းခါးဆိုင်နှင့် လက်တွင်အမှတ်တရာတက်တူးထိုးသောဆိုင်များမှာလည်းအလွန်ပင် ကြည်နူးစရာဖြစိသည်.ကြာဇံဟင်းခါးမှာလည်းအလွန်ပင်စားကောင်းသလို အမှတ်တရ တက်တူးပုံဟာလည်း ကျွန်တော်တင်မကဘဲဘုရားဖူးတော်တော်များများအတွက်ပါ အမှတ်တရဖြစ်စေခဲ့သည်.
တချို့နိုင်ငံခြားသားများမှာလည်း သူတို့၏လက်တွင်အမှတ်တရတက်တူးရေးထိုးပီးပီတိဖြစ်နေကြသောသူတို့ကိုကြည့်၍ စာရေးသူကျွန်နော်ကိုယ်တိုင်ပင် ကြည်နူးမိပါသည်.
အချုပ်ဆိုရသော် ရှေးမင်းဆက်များတည်ထားခဲ့သော ပုဂံသည် စိတ်ဝင်စားစရာ လေ့လာစရာအမြှောက်အမြှားကျန်ရှိနေသေးသည်.စာရေးသူကျွန်တော်
Steemit Platformပေါ်တွင်ရှိသော ဆရာ/အစ်ကို အစ်မများအားလုံးကို ဦးထိပ်ပန်ဆင်လျှက်
ဆက်လက်ကြိုးစားပါအုံးမည်.
Photo credit #Original and google image
Author @patrickshar
28.12.2017(Thu)10:18PM
MSC -174