သံသရာဝဋ်ကြွေး

Words
80
Reading
1 min
Listen
Play
8y

သံသရာမှာ မိမိရဲ့အကုသိုလ်၊ ၀ဋ်ကြွေးအညစ်အကြေးတွေ မကုန်စင်သေရွေ့တော့
ဒီသံသရာကနေထွက်သွားလွှတ်မြောက်ခွင့်မရှိဘူးဆိုတာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်မှအစ အဂ္ဂသာဝက မဟာသာဝက၊ ရဟန္တအရှင်သူမြတ်ကြီးများပါမကျန် သက်သေပြထားခဲ့ပြီးပြီပဲ့

ဝဋ်ကြွေးကို ဒီသံသရာမှာ ပြတ်အောင်ဆပ်နိုင်ဖို့ အကုသိုလ်ဖြစ်မယ့်အကြောင်းရာတွေ ရှောင်ရှားပြီး၊ ကုသိုလ်စိတ်တွေ ပွားများအောင်
နေထိုင်ကျင့်ကြံ ကျင့်သုံးပြီး နေထိုင်ဖို့က လူ့ဘ၀မှာ အရေးကြီးဆုံးပါဘဲ့။

ဘုံတစ်လှည့်ဖန်တစ်လှည့်နဲ့ မပြီးပြတ်နိုင်တဲ့ ဒီသံသရာတစ်လျှောက်လုံးမှာတော့ လွှတ်မြောက်ဖို့အတွက် မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ တရားဒေသနာ အဆုံးမတွေကို တတ်နိုင်သမျှ ကြိုးစားအားထုတ်လို့ နေထိုင်ပွားများရှုမှတ်နေတတ်ဖို့ အရေးကြီးလှပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ သံသရာစက်ဝိုင်း မူးနောက်အောင်လှည့်ပတ်နေတာ ခံရဖို့ ဧကန်မုချမလွဲပါဘဲ့။

ဒီသံသရာကို ဒီဘ၀မှာ အပြတ်ဆပ်နိုင်ဖို့ "ခန္ဓာထဲမှာ တရားရှိ " ဆိုတဲ့အတိုင်း ဆရာတော်ကြီးများ ဟောကြားပြသတော်မူသည့်အတိုင်း ကျင့်ကြံရှုမှတ်ပွားများနေဖို့က မိမိရဲ့ သဒ္ဓါစိတ်ကို အခြေခံပြီး ကောင်းကောင်းပွားများနေဖို့ လိုပါတယ်။

"ဒီသံသရာ ဒီခရီး၊
ပြတ်သားစွာ ဆက်လျှောက်နိုင်ဖို့၊
တို့မြတ်ဗုဒ္ဓရဲ့ အဆုံးမကို
နာခံလို့
ခန္ဓာထဲမှာ တရားရှာဖွေလို့
ဘ၀ရဲ့ နေ၀င်ချိန်တွေကို
စောင့်စားရင်း
ဝဋ်ဒုက္ခတွေ ဆက်မပွားကြရအောင်
အသေတတ်ဖို့လည်း ဆင့်ကာကြိုးစားလို
ရှုမှတ်ကာ နေကြပါစို့"
buddhist.png
Author- Pannthiri
Myanmar steemit
Photo Credit - https://medium.com/sant-mat-meditation-and-spirituality/the-sound-current-of-enlightenment-in-buddhist-mysticism-d3967dfb3d40

သံသရာဝဋ်ကြွေး | Ecency