စွန်ပစ်မယ့်နေရက်ရှည် . . .

Words
43
Reading
1 min
Listen
Play
8y

သတ်ပုံတွေ မညီတဲ့
နေ့ရက်တွေ အများကြီး
ဖြတ်သန်းခဲ့ဖူးပြီးပြီ။

အနားတွေ ဖွာလန်ကျဲနေတဲ့
ပန်းချီကားတွေလည်း
အကြိမ်ကြိမ်ဆွဲခဲ့ပြီးပြီ။

နာဂစ်လို့ မုန်တိုင်းတွေ
ထန်ခဲ့တဲ့ နေ့ရက်တွေလည်း
ဖြတ်သန်းခဲ့ဖူးပြီးပြီ။

အဆုံးအစမဲ့တဲ့
ပင်လယ်ကြီးကို
အခုတစ်ခါ
လက်ပစ်ကူးနေပြန်ပြီ။ ။

အခက်ခဲဆိုတာ
လူဖြစ်နေသရွေ့
ကြုံကြိုက်လို့
နေရဦးမယ် ။ ။

အတ္တတွေ၊ မာနတွေ၊
တပ်မက်ချင်းတွေ၊ လောဘတွေ
အကုန်စွန့်ပစ်နိုင်မယ့်နေ့ရက်တွေ
ရောက်မယ့်နေ့ ကို
လက်ကမ်းကြိုရင်း
မျှော်လင့်နေမိတော့တယ်။ ။

Author - Pannthiri
Myanmar steemit
photo - me

trp.jpg

စွန်ပစ်မယ့်နေရက်ရှည် . . . | Ecency