မွန်းကြပ်မှုတွေနဲ့ စိတ်ဖိစီးမှုတွေ
လကုန်တိုင်း ဖြစ်တတ်ခဲ့တာ
ဆယ်စုနှစ်နီးပါးဖြစ်ခဲ့ပြီ။
တိုးတက်ခြင်းဆိုတာထက် ဆုတ်ယုတ်ခြင်းဖက်သို့
တဖြည်းဖြည်းကူးပြောင်းလာခဲ့လေပြီ။ ။
ငွေမမြဲတတ်တဲ့ လက္ခဏာတွေမို့
စုဆောင်းခြင်းဆိုသည့် အရာကို မဆောင်ရွက်နိုင်ခဲ့။
စုဆောင်းခြင်းရဲ့ အနောက်ကို
ကုန်ပေါက်ဆိုသည့် အရိပ်က
ထပ်ချပ်မကွာ လိုက်လာနေတတ်တာ
အကြိမ်တစ်ရာ မကတော့ပါ။ ။
အလုံပိတ်အခန်းထဲ ပိတ်လှောင်ထားပေမယ့်လည်း
ကိုယ်ဆီကို သူတို့မို့ အားမနာတမ်းလိုက်လာတတ်တာ
ကိုယ့်ရဲ့ အတိတ်ဘဝကပေးတဲ့
ကုသိုလ်ကံလို့ပဲ့ တွေးတောရင်း
ကိုယ့်စိတ်လေးကို ကိုယ်ဘာသာဖြေသိမ့်လိုက်ရရှာ
အော်. . သနားစရာ ငါ့ဘဝလေးပါ တကား ။ ။ ။
Author - pannthiri
Myanmar steemit
photo credit - google image