သူငယ်ချင်းတို့ ဒီစာလေးကိုတွေ့ရင် ဖက်ပေးကြပါနော်
ထွန်းကြိုင်တစ်ယောက်လေလေးတချွန်ချွန်နဲ့ပေါက်တူးထမ်းလို့လယ်တောကနေပြန်လာတယ်သူကတော့အေးအေးဆေးဆေးနေတတ်တဲ့လူတခါတလေအရက်လေးနဲနဲတော့သောက်တယ်အရက်လေးသောက်ပီးရင်တော့လေပြေသွေးလေးနဲ့စတတ်နော်တတ်တဲ့လူသူအကြောင်းလဲတစ်ရွာလုံးကသိတယ်ရပ်ရေးရွာရေးဆိုလဲထိပ်ဆုံးကလို့ပြောရလောက်အောင်ကူညီတယ်အလှုအတန်းဆိုလဲလက်မနှေးဘူးတောင်သူလယ်သမယားဆိုတော့သူ့ပိုင်ဆိုင်မှုကလယ်ဧ၂၀လောက်ပိုင်တယ်အတော်တန်အဆင်ပြေတဲ့သူပေါ့ဗျာသူ့မိန်းမမဋ္ဌေးကလဲသူ့အတိုင်းပါပဲရှေ့သွားနောက်လိုက်ညီပါတယ်သူတို့မှာကသားဦးရတနာလေးတစ်ယောက်ရှိတယ်၎နှစ်သားလေးပေါ့နမ်မည်ကချစ်စနိုးလေးနဲ့ဖိုးလုံးလို့ခေါ်တယ်နောက်နှစ်ဆိုသူတို့သားလေးကိုရှင်ပြုကိုရင်ဆီးပေးဖို့အတွက်လင်မယားနှစ်ယောက်တိုင်ပင်ထားတယ်အဲ့ဒါကြောင့်လဲကိုထွန်းကြိုင်ဒီနှစ်လယ်အထွက်ကောင်းဖို့တွက်တော်တော်ကြိုးစားနေတယ်
{၂}
ညနေမောင်ရည်ပြိုးပြနွားရိုင်းသွင်းချိန်ပေါက်ပြားထမ်းလို့လေလေးတစ်ချွန်ချွန်နဲ့လယ်တောကပြန်လာတယ်
ဗျို့ကိုထွန်းကြိုင်ပြန်လာတာနောက်ကြလှပါလားဗျ
အေးဖိုးတုတ်ရေဟုတ်တယ်ဟေ့နောက်နှစ်ဆိုငါတို့သားလေးရှင်ပြုပေးတော့မှာလေအဲ့တာကြောင့်ဒီနှစ်ကြိုးစားလုပ်နေရတာဟေ့
ဟာဟုတ်လားကိုထွန်းကြိုင်ကြီးရအဲ့တာဆိုရင်တော့ကျုပ်ကိုဦးရွေရိုးကခိုင်းရမယ်နော်
အေးပါဖိုးတုတ်ရာကခိုင်းမှာပါဟမင်းအကဝါသနာပါတာငါသိပါတယ်မင်းနဲ့တွဲကဖို့ဒေါ်မိုးကိုးလည်းရှာပီးပါပီဟ
ဟုတ်လားဘယ်သူလဲဗျရွာလယ်ကခင်ခင်မြလား
ဟားဟုတ်ပါဘူးကွာရွာတောင်ပိုင်းကဒေါ်ကုလားမဟေ့
ဟာကိုထွန်းကြိုင်ကြီးကလဲနောက်တာဗျာကျနော်ကဒေါ်ကုလားမကြီးနဲ့တော့မတွဲပါရစေနဲ့
ဟောဘာဖြစ်လို့တုန်းကွ
ဒီမိန်းမကြီးကြောင်းခင်ဗျားလဲသိရသားနဲ့
ဂေါက်နေတာဗျ
အေးပါကွာငါကနောက်တာပါကွကဲဟေ့ကောင်ရေအိမ်ရှေ့တောင်ရောက်လာပီမင်းလဲထမင်းတခါထဲဝင်စားသွားပါလား
မစားတော့ပါဘူးဗျကျုပ်သွားစရာရှိလို့သွားလိုက်အုံးမယ်ဗျို့
အေးပါကွာဒေါ်ကုလားမကြီးဆီသွားမလို့လား
ဟာဟုတ်ပါဘူးဗျာရွာလယ်ကခင်ခင်မြဆီသွားမလို့ဗျို့
ဒီလို့နဲ့ကိုထွန်းကြိုင်လဲအိမ်ထဲဝင်လာတော့တယ်
မိန်းမရေးငါပြန်လာပီဟေ့သားလေးရော
ရှိပါ့တော်တော့်သားစာလုပ်နေတယ်
ဟုတ်လား
ကဲရေမိုးချိုးပီးရင်ထမင်းစားဆို့
အေးပါမိန်မရယ်နေပါအုံးဟဖြေးဖြေးပေါ့
သားရေဖိုးလုံးအဖေ့ဆီလာပါအုံးသားကြီးရ
ဟုတ်ဖေကြီး ဖေကြီးပြန်လားပီလား
အေးပြန်လာပီကွငါသားကြီးကဘာစာတွေလုပ်နေတာတုန်းဟ
ဆရာမကကဗျာကျက်ခိုင်းလို့ဖေကြီးရမနက်ဖြန်
ရေးပြရမှာ
ဟုတ်လားသားကရေတတ်နေပီပေါ့
ဟုတ်
ငါ့သားလေးကတော်လိုက်တာကွာကြီးရင်ပညာတတ်ကြီးဖြစ်အောင်ကြိုးစားရမယ်နော်
ဟုတ်ဖေကြီးပညာမတတ်ရင်ဘာဖြစ်လဲဟင်
အော်သားရယ်ပညာမတတ်ရင်ဖေကြီးတို့လို
ပင်ပင်ပန်းပန်းလုပ်ကိုင်စားသောက်ရတာပေါ့
ပညာတတ်ရင်သားလေးကဆရာကြီးဖြစ်အေးအေးဆေးဆေးလုပ်စားရတာပေါပညာတတ်ကြီးဖြစ်အောင်ကြိုးစားနော်သား
ဟုတ်ဖေဖေ
ကဲမိန်းမရေငါရေချိုးလိုက်အုံးမယ်ဟေ့
ဟုတ်ပါပီတော်ချိုးပါကျုပ်ထမင်းဝိုင်းပြင်လိုက်အုံးမယ်
{၃}
ဒီလိုနဲ့ကိုထွန်းကြိုင်တစ်ယောက်သားလေးဖိုးလုံးကိုရှင်ပြုဖို့ရာ၅ရက်လောက်သာလိုတော့သည်
ကျွေးဖို့ရာအတွက်တော့ရွာမှာတင်စဆီစဉ်စရာရှီတာအကုန်လုပ်ပီးသွားပီ
မြို့တက်ပီးသားလေးတွက်သင်္ကန်းပရိတ်က္ခရာ
ဝယ်ဖို့ရာပဲကျန်တော့တယ်အဲ့တာကြောင့်
ငွေထုပိလွယ်ပီးရွာဦးကျောင်းကဆရာတော်ဆီ
ထွက်လာတော့တယ်
ဆရာတော်ဆီရောက်တောဦး၃ကြိမ်ချပီး
ဆရာတော်ဘုရားတပည့်တော်မြို့တက်မလို့ပါဘုရားဘာများမှာအုံးမလဲအရှင်ဘုးရား
အေးဒကာထွန်းကြိုင်ရေထွေထွေထူးထူးမှာစရာတော့မရှိပါဘူးကွယ့်ကဲသွားတော့ကွယ့်ခနနေမှောင်တော့မယ်ကွဲ့မင်းတစ်ယောက်ထဲသွားမှာလား
မဟုတ်ဘူးဘုရားဖိုးတုတ်ရောလိုက်မှာဘုရား
အေးအေးသွားကြကွယ်ဘေးအန္တရယ်ကင်းပါစေ
ကွယ်ပေးတဲ့ဆုနဲ့ပြည့်ပါရစေဘုရား
ထွန်ကြိုင်လဲဆရာတော်ကိုဦးချပီးထွက်လာတော့တယ်
ဖိုးတုတ်ရေဖိုးတုတ်
လာပီကိုကြီးထွန်ကြိုင်ရေအဆင်သင့်ပဲဗျို့
အေးသွားဆို့ကွခနနေမှောင်တော့မှာဟ
ဟုတ်ကိုကြီးထွန်းကြိုင်
{၄}
မြို့ကနေဝယ်စရာရှိတာဝယ်ပီးနှစ်ယောက်သား
ပြန်လာကြတယ်ငိုက်စိုက်ငိုက်စိုက်နဲ့ခရီးကလဲပန်းလာကြတယ်
ဒီလိုနဲ့ရွာဝင်ခံနီးမှာကိုထွန်းကြိုင်ရဲ့ကံကြမ္မာကစတော့တယ်
ရွာအဝင်လမ်းကလယ်ကွင်းတွေရဲ့ဘေးမှာလေ
စပါးရိတ်ပီးကာစဆိုတော့သိတဲ့တိုင်းပဲမြွေတွေပေါတာပေါ့
အားးးးး
ဟင်ကိုထွန်းကြိုင်ဘာဖြစ်တာတုန်း
ငါ့ငါ့မြွေကိုက်သွားလို့
ဟာ
ဖိုးတုတ်လဲပါလာတဲ့ပစ္စည်းတွေချပီး
ကိုက်တဲ့မြွေကိုကြည့်လိုက်တယ်
ဟင်မြွေပွေးကြီဟကိုထွန်းကြိုင်
တောင့်ထားနော်
ဆိုပြောလဲပြောကိုထွန်းကြိုင်ကိုလဲမထမ်းပီးတော့
ရွာထဲပြေးဝင်ဆရာမြအိမ်ကိုခေါ်သွာတယ်
တစ်ဆင့်စကားတစ်ဆင်နားနဲ့ကိုထွန်းကြိုင်မိန်းမမဋ္ဌေးနားရောက်လာတော့အပြေးတစ်ပိုင်းနဲ့
သားပွေ့ချိပီးဆရာမြအိမ်ကိုလိုက်လာတယ်
ဆရာမြအိမ်ရောက်တော့ကိုထွန်းကြိုင်ရဲ့အသက်မဲ့နေတဲ့ခန္တာကိုပဲတွေ့တော့တယ်
အမလေးကိုထွန်းကြိုင်ရဲ့လို့တပီးငိုရုံမှအပအခြားမရှိတော့ပါ
ဒီလိုနဲ့ကိုထွန်းကြိုင်ရဲ့အသုဘအခမ်းနားကိုပြင်ဆင်စရာပြင်ဆင်ပီးတော့မြေချဖို့ရင်ရောက်လာတော့တယ်နေ့လည်၂နာရီမှာမြေချပီးတော့သင်္ချိုင်းကနေပြန်လာကြတော့တယ်ညကြတော့
ရွာဓလေ့တိုင်းဖဲကကြတာပေါ့
အိမ်မှာလဲဧည့်သည်တွေနဲ့ပေါ့
မဋ္ဌေးလဲသားလေးကိုသိပ်ပီးရွာသူအချို့နဲ့စကားပြောနေတာပေါ့အဲ့မှာပဲဇတ်လမ်းကစတော့တာ
အိပ်နေတဲ့ဖိုးလုံးလေးကနိုးလားတယ်ပီးတော့
ခြံဝကိုကြည့်ပီး
ဟင်ဖေကြီးဘာလုပ်နေတာလဲဝင်ခဲ့လေ
မေကြီးကြလဲစကားပဲပြောနေတယ်ဖေကြီးပြန်လာတာကိုမခေါ်ဘူးဆိုပီးအိမ်ပေါ်ကနေပြေးဆင်းသွားပီးခြံဝကိုသွားတယ်ပီးတော့တစ်ယောက်ယောက်ကိုလက်ဆွဲခေါ်လာတဲ့ပုံစံမျိုးနဲ့
ပြန်ဝင်လာတယ်အားလုံးလဲပါးစပ်အဟောင်းသားနဲ့ပေါ့ကြောင်ကြည့်နေကြတယ်
{၅}
အရင်ဆုံးသတိရသူကမဋ္ဌေး
ဖိုးလုံးလေးလက်ကိုအတင်ဆွဲပီးတော့
သားလေးလာဘာတွေလှောက်ပြောနေတာလဲ
သားတစ်ကယ်ပြောတာမေရဲ့ဟင်ဖေကြီးကလဲ
ဘယ်ရောက်သွားမှန်းမသိပြန်ဘူး
အဲ့ဒီချိန်မှာပဲရွာသားတစ်ယောက်စီကဝမ်းနဲပလက်ငိုသံကြီးထွက်လာတယ်အီးးးးးဟီးးးးဟီးး
အားလုံးလဲကြောင်နေတာပေါ့
အဲအချိန်မှာဆရာမြက
ဟင်မဖြစ်ဘူးဟေ့ဘာကြည့်နေကြတာလဲ
ဆရာတော်ဘုရားကြီးသွားပင့်ဟေ့ဆရာတော်ကြီးမှလုပ်တတ်မှာ
ဆရာတော်ဘုရားကြီးရောက်လာတော့ငိုနေတဲ့သူကိုအရှေ့ခေါ်ပီး
ဘာလို့ဒီလောက်ငိုနေတာလဲဒကာရဲ့
အရှင်ဘုရားတည့်ပည့်တော်ရဲ့သားလေးအလှုကို
တပည့်တော်မလုပ်နိုင်တော့လို့ပါဘုရား
သူတို့ကိုလဲတပည့်တော်ခွဲမသွားချင်သေးဘူးဘုရား
ပဲ့လိုလုပ်လိုမရဘူးလေဒကာရဲ့မင်းနဲ့သူတိုကဘဝချားနေပီအတူနေလို့မရတော့ဘူးကွဲ့
တပည့်တော်တောင်းပန်ပါတယ်ဘုရား
တပည့်တော်ရက်လည်ကျရင်အမျှမဝေပါနဲ့ဘုးရား
တပည့်တော်သားလေးရှင်ပြုဆံချကိုရင်ဝတ်တဲ့နေ့မှအမျှဝေပေးပါဘုရားတပည့်တော်တောင်းပန်ပါတယ်
ကဲဒကာမကြီးဘယ်လိုသဘောရလဲကွဲ့
တပည့်တော်မကတော့ကိုထွန်းကြိုင်ရဲ့သဘောတိုင်ပါဘုရား
ကဲကောင်းပီလေဒကာထွန်းကြိုင်မင်းနေလို့တော့ရတယ်ဘယ်သူ့မှမနှောက်ယှက်နဲ့နော်
တင်ပါ့ဘုရားတပည့်တော်မိသားစုနားနေရရင်
ပျော်ပါပီဘုရားဆိုပီး
ဆရာတော်ဘုရားကြီးကိုဦးချပီးပြန်ထမလာတော့ဘူးအဲ့ဒီတော့မှအားလုံးလဲလဲနေတဲ့လူကို
ရေတွေဘာတွေတိုက်ပြုစုကြတော့တယ်
{၆}
ဒီလိုနဲ့သားလေးဖိုးလုံးရှငွပြုမယ့်နေ့ကိုရောက်လာတော့တယ်
ရှင်ပြုဆံချသင်္ကန်းတောင်းပီးတော့ကိုရင်စီး
ကိုရင်လေးဖိုးလုံးကကျောင်းအပြင်ကိုကြည့်ပီး
ဖေကြီးလာလေဘာလုက်နေတာလဲ
ဟင်ဖေကြီးငိုနေတာလားမငိုနဲ့လေဖေကြီးရဲ့
ဖေကြီးငျုတော့သားလဲငိုချင်တာပေါ့မငိုနဲ့တော့နဲ့နော်
အင်းပါသားရယ်လို့ကိုထွန်းကြိုင်ပြောချင်ပေမဲ့ပါးစပ်ကမပြောနိုင်
ကဲကိုရင်လေးဖိုးလုံးရေလာဟေ့
တရားနာရအောင်
အားလုံးကြားကြားသမျှအမျှအမျှ
အမျှအမျှ
အမျှအမျှ
ရကြပါကုန်သော်
ကိုထွန်းကြိုင်ရေအမျှအမျှရလို့ကောင်းရာ
သုကတိလားပါစေ
ဖေကြီးဘယ်သွားမလို့လဲမသွားပါနဲ့
သားတို့ကိုခွဲမသွားပါနဲ့အီးးးးဟီးးးဟီးး
ကိုရင်လေးဖိုးလုံးငိုနေတာကိုကြည့်ရင်း
အားလုံးရဲ့ရင်ထဲမှာလဲမျက်ရည်မိုးတွေရွာနေတယ်
မဋ္ဌေးရင်ထဲကဆုတောင်းတစ်ခုကတော့
ကိုထွန်းကြိုင်ရေနောင်ဘဝရှိခဲ့မယ်ဆိုရင်
အခုလိုအဖြစ်ဆိုးမျိုးနဲ့မကြုံပါရစေနဲ့လို့
ကျုပ်ဆုးတောင်းပါတယ်ရှင်