ကိုရင်လေးနဲ့ကြေးစည်

Words
176
Reading
1 min
Listen
Play
8y

မိဘအကြီးအကဲမိသားစုဆွေမျိုးနဲ့ခင်မင်တဲ့သူများက စေတနာနဲ့ အမှားတခုကို မြင်နေလို့  သိနေလို့  ကိုယ်တိုင်ကြုံဘူးလို့  ဝိုင်းပြီး ဖျောင်းဖျတယ် ။ ဒါကို လူတချို့က လက်မခံဘဲ ထိုအမှားကို ကျူးလွန်ရန် အားသန်နေတတ်ကြည် ။

ထိုသို့ အမှားကိုဆက်လုပ်ရန်ကြိုးစားနေခြင်း သို့ မဟုတ် ဆက်လုပ်နေတာကို တွေ့မြင်တော့ ဖျောင်းဖျမှုထက်ပိုသော စေတနာဖြင့် မလုပ်ရန် ဆူပူအော်ဟစ် ရိုက်နှက်သည်ထိ ဆုံးမတတ်လာကြပါတယ် ။

3295190_S.jpg

credit image source

နောက်ဆက်တွဲ ဘာတွေဖြစ်လာကြသလဲဆိုတော့ ……
အမှားလုပ်သူက ကိုယ်အမှားလုပ်တာကိုတော့ မမြင်ဘဲ ကိုယ့်ကို ရိုက်နှက်ဆူပူတာကို သူတို့ စိတ်ထဲမှတ်ထားကြပြီး ဆုံးမ ဖျောင်းဖျတဲ့လူတွေကို စိတ်ဆိုးစိတ်နာဖြစ်နေတတ်ကြတာပါဘဲ ။ ငပြူးကပြဲတယ်ဆိုတဲ့ စကားလိုပေါ့ဗျာ ။ ကိုယ်ပြူးနေတာကို သတိမထားဘဲ သူများပြဲနေတာကိုကျ မြင်တတ်တယ် ။

မိဘဆွေမျိးဆိုတာ ကိုယ့်သွေးသား အမှားလုပ်နေတာမြင်ပြီး အမှားတွေရဲ့အဆိုးကို သူတို့ မခံစားရပေမယ့် သားသမီးသွေးသားခံစားရတာ မြင်တော့ သူတို့ ခံစားထက်ပိုတတ်ကြအောင် မေတ္တာနဲ့သံယောဇဉ်ထားကြတာပါ ။

ငါ့သားငါ့သမီးလေး ဒုက္ခရောက်တော့မှာဘဲဆိုပြီး တွေးမိပြီး အိပ်ယာထဲဘုန်းဘုန်းလဲ သွေးတိုးပြီး အလူးအလဲ သူတို့ အတွက် ခံစားရတာမျိုးပါ ။ ကိုယ်အမှားလုပ်လို့  ကိုယ့်မိဘဆွေမျိုး အလူးအလဲဖြစ်နေတာကျ မမြင်ကြ မပြင်ကြဘဲ သူတို့ မှားနေတာကို ဆုံးမဆူပူ ရိုက်နှက်တာကျမှ ဇွတ်အတင်း စိတ်ဆိုးစိတ်နာလုပ်နေကြသူတွေကလည်း ရှိပြန်တယ် ။ ခက်တော့ခက်ပါတယ်ဗျာ ။

3298300_S.jpg

credit image source

မြန်မာစကားပုံလေး တခု ထိုသူတို့ ကို ဖတ်မိစေချင်ပါတယ် ။ ရေးပြပါ့မယ် ။

" ကိုရင်ကလေးသည်
ကြေးစည်ကြီးကို ရိုက်ခတ်၍
အမြဲတမ်း ငိုအောင်ပြု၏။ တစ်ခါတစ်ရံ
ကြေးစည်ကြီးသည် ကိုရင်ကလေးကို
ပြန်ရိုက်ခတ်သောအခါ ကိုရင်ကလေးသည်
ကြေးစည်ထက် အကြာကြီး ငိုနေတတ်၏ "

ဒီစကားပုံလေးကို ထိုသူတို့ ဖတ်မိ၍ အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်နိုင်ကြပါစေလို့ လဲ ဆန္ဒပြုပါတယ် ။

ကိုယ့်မှာအိမ်ထောင်မရှိ ကလေးမရှိနဲ့ တူတွေ တူမတွေအတွက် ပူပန်စိုးရိမ်ရသေးတာ မွေးထားတဲ့မိဘတွေအတွက် ကိုယ်ချင်းစာမိတာပေါ့ဗျာ ။

1026170_S.jpg

credit image source

ဒါကို သားသမီးတိုင်းက နားလည်စေချင်တာပါ ။ ကိုရင်လေးလို သူခနခနကြေးစည်ထုတာတော့ မမှုဘဲ ကြေးစည်က တခါတရံ သူ့ ပြန်ထုမှ အော်ငိုနေကြတာမျိုး မဖြစ်စေချင်တာပါ ။ ကြေးစည်က သူ့ ကိုပြန်ထုရတာဟာလည်း သက်သက်လာထုတာမျိုးမဟုတ်ဖူးလေ ။ ကြေးစည်ကို ထုချင်ဇောနဲ့ အထုမတတ်လို့  ကြေးစည်က ပြန်ထုရတာမျိုးဆိုတာ နားလည်သဘောပေါက်စေချင်တာပါ ။

Steemit လုပ်ကိုင်ရင်း အောင်မြင်ကြပါစေဗျာ ……

paingheinkyaw@paingheinkyaw ( author )

ကိုရင်လေးနဲ့ကြေးစည် | Ecency