ကြားဖူးတဲ့ပုံပြင်လေးပါ။
တစ်ခါတုန်းက...ကြက်တူရွေးရောင်းတဲ့ဆိုင်ကို ဝယ်သူတစ်ယောက်ရောက်လာတယ်။ဆိုင်မှာ ကြက်တူရွေးသုံးကောင်ရှိတယ်။ ဝယ်သူက ပထမအကောင်ကိုလက်ညှိုးထိုးပြီး "ဒီကောင်ကဘယ်လောက်လဲဗျ" လို့မေးလိုက်ပါတယ်။ဆိုင်ရှင်က "၂ထောင်ပါခင်ဗျ။ဒီကောင်က ကိုယ့်နာမည်ကို မိတ်ဆက်တတ်တယ်လေ" လို့ပြန်ဖြေလိုက်တယ်။
ဝယ်သူက ဒုတိယကောင်ကို လက်ညှိုးထိုးပြီး "ဒီကောင်ကရော ဘယ်လောက်လဲ" လို့မေးပါတယ်။ဆိုင်ရှင်လည်း"ဒီကောင်က ၃၀၀၀ပါ။ကိုယ့်နာမည်လည်းမိတ်ဆက်တတ်တယ်။အိမ်ကိုဧည့်သည်လာရင်လည်းခရီးကြိုတတ်တယ်ဗျ"။လို့ပြန်ဖြေလိုက်တယ်။ဝယ်သူလည်း နောက်ဆုံးတတိယတစ်ကောင်ကို လက်ညှိုးထိုးပြီး "ဒီကောင်ကရော" ။ ဆိုင်ရှင်က "ဒီကောင်ကတော့ ၅၀၀၀ ပါ"။ဝယ်သူကပြန်မေးတယ် "ဒီကောင်ကရောဘာလုပ်တတ်လဲ"။ "ဘာမှမလုပ်တတ်ဘူး" လို့ဆိုင်ရှင်ကဖြေလိုက်တယ်။ ဝယ်သူလဲ အံသြသောအမူအရာ ဖြင့် "ဘာမှမလုပ်တတ်တဲ့အကောင်က ဈေးဘာလို့ကြီးနေတာလဲ"လို့ပြန်မေးလိုက်တယ်။အဲ့ဒီတော့ဆိုင်ရှင်က "ဒီကောင်ကတခြားကောင်တွေနဲ့မတူဘူး။ဒီကောင်က ဆရာကြီးဗျ"။ ပုံပြင်ကတော့ဒါပါပဲ။ ကျွန်တော်ကတော့ဆရာကြီးဆိုသူတွေကို နည်းနည်းလန့်ပါတယ်။
Zaw Ye' @oliverrock ✌✌✌
I❤Steemit