“တို့နှစ်ယောက်”

Words
96
Reading
1 min
Listen
Play
8y

IMG_20171211_182328.jpg

“တို့နှစ်ယောက်”

အေးမြသော လေပြေလေး နှင့်အတူ ရုတ်တရက်ငါ့ဘ၀ထဲကို မင်းဝင်ရောက် လာခဲ့တယ်နော်။
မပြောင်းလဲတဲ့ စကားတစ်ခွန်းကိုပဲ တို့တွေပြောခဲ့ကြတယ် ဒီလို အချိန်လေးတွေ အမြဲရှိနေမယ်လို့လဲ တို့နှစ်ယောက် ထင်ယောင် နေခဲ့ကြတယ်နော်။

back love.jpg

ဒါပေမယ့် ဘ၀ဆိုတာ အပြောင်းအလဲများစွာ ရှိပါတယ်ဆိုတာ သိခဲ့ရချိန်ကြ
တို့နှစ်ယောက်ဟာ ပြောနေကြစကားတစ်ခွန်းကို ပြောဘို့ မေ့လာကြပီနော်။
အခက်အခဲ ဆိုတာ ကြုံတွေ့လာတိုင်း အပြစ်ပုံချစရာ ရှာနေကြတဲ့ တို့နှစ်ယောက်ဟာ ဖြေရှုင်းနည်းမှားနေတယ် ဆိုတာလည်း မျက်ကွယ်ပြု နေမိကြတယ်နော်။

ရယ်တစ်ခါ ပြုံးတစ်လှည့် ကြည်နူး၊ ပျော်ရွှုင်ခဲ့တာလဲ တို့နှစ်ယောက်ပဲနော်။
ရန်လို၊မုန်းထား တစ်ယောက်မျက်နှာ တစ်ယောက် မမြင်ချင်အောင် မုန်းမိကြတာလဲ တို့နှစ်ယောက်ပဲနော်။

heart broke love 3.jpg

အဆုံးကို မကြည့်ကြပဲ လက်ရှိအခြေအနေကို ပူလောင်ပေါက်ကွဲမိ ကြတော့ တို့တွေရဲ့ သံယောဇဉ်ကြိုးဟာ အဖု၊ အထုံးတွေနဲ့ ပြည့်လာကြတာလဲ တို့နှစ်ယောက်ပဲနော်။
နောက်ထပ် နောက်ထပ် ကြုံတွေ့လာတဲ့ အနှောင်အဖွဲ့လေးတွေကိုလည်း လျစ်လျူရှု နေမိခဲ့ကြ၊ ပြစ်ပါယ်ထားမိကြတာလည်း တို့နှစ်ယောက်ပဲနော်။

true-love-never-ends.jpg

နောက်ဆုံးတော့ တို့နှစ်ယောက်ပြုတဲ့ကံက တို့ဆီကိုပဲပြန်လာတယ်နော်။ အခုတော့ မဆုံနိုင်အောင် ဝေးကြရပီလေ။

မြန်မာစတီးမစ် ညီအစ်ကိုမောင်နှမများ တိုးတက်အောင်မြင်ကြပါစေ။

Steemit photos for paragraph.jpg

Writer >>>nyinyiwin@nyinyiwin(Steemit) MSC-006
Writing End Time >>> 12:00 PM (21.3.2018)
Above Article is Using Google Images.

#Myanmar #Literature #Love #Writing #Life

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

“တို့နှစ်ယောက်” | Ecency