ဒီလိုမျိုး ကျင့်ကြံပါ

nyinsi(40)
Published in
#myanmar
Words
95
Reading
1 min
Listen
Play
8y

image
အလုပ်တခုကို လုပ်တဲ့နေရာမှာ ဘယ်သူမှ ကိုယ့်စိတ်တိုင်းကျ ကိုယ်လုပ်ရတယ် လို့မရှိပါဘူး တကယ်တော့ လူတိုင်းဟာ ကံကြမ္မာပေးတဲ့ နေရာမှာ တာဝန်ဆိုတဲ့မျက်နှာဖုံးကို ကိုယ်ဆောင်ပြီး ကိုယ်ကျရာတာဝန်ကို ထမ်းဆောင်နေကြတဲ့ လူတွေချဉ်းပါပဲ ကြုံလာသမျှ အကောင်းအဆိုးများကို ရင်ဆိုင်ရင်း ကိုယ့်တာဝန်အတွက် ကိုယ့်ရဲ့မျက်နှာဖုံးကို ကိုယ်ကိုတိုင်က အကောင်းဆုံး ဖြစ်အောင် သုံးနေကြခြင်းသာ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးစွပ်သလိုပဲ လူတွေနဲ့ ဆက်ဆံတဲ့အခါ မျက်နှာဖုံးစွပ်ပါ သေလောက်အောင်မုန်းနေလည်း အရမ်းချစ်ပါတယ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ တစက်ကလေးမှ အဆင်မပြေလည်း အားလုံးအိုကေပါတယ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ တွေ့တဲ့နေရာ ဖြတ်ကန်ပစ်ချင်လည်း မြင်တာနဲ့ ဖက်နမ်းချင်ပါတယ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ ချုံးပွဲချပြီး ငိုချပစ်ချင်လည်း ထီပေါက်ထားပါတယ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ ဒရယ်ပေါက်လို ချိနဲ့နေလည်း ကေသရာဇာလို မျက်နှာဖုံးကိုစွပ်ပါ ဘာတစ်ခုမှ လက်မခံချင်လည်း အရာရာမင်းသဘောပါဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ ဘာသိဘာသာ နေလိုက်ချင်လည်း ဟေးလားဝါးလားဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ စိတ်ထဲရှိသမျှ ပြောချလိုက်ချင်လည်း ရေငုံနှုတ်ပိတ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ ရင့်ကျက်လာလေ မျက်နှာဖုံးစွပ်လေ လူပါးဝလာလေ မျက်နှာဖုံးများလေ အရေထူလာလေ မျက်နှာဖုံးစုံလေ မျက်နှာဖုံးတွေရဲ့တန်ဖိုးကို သိလာတဲ့တစ်နေ့ မျက်နှာဖုံးစွပ်ထားရတဲ့ အရသာအပေါ် ခံတွင်းတွေ့လာပါလိမ့်မယ်။အလုပ်တခုကို လုပ်တဲ့နေရာမှာ ဘယ်သူမှ ကိုယ့်စိတ်တိုင်းကျ ကိုယ်လုပ်ရတယ် လို့မရှိပါဘူး တကယ်တော့ လူတိုင်းဟာ ကံကြမ္မာပေးတဲ့ နေရာမှာ တာဝန်ဆိုတဲ့မျက်နှာဖုံးကို ကိုယ်ဆောင်ပြီး ကိုယ်ကျရာတာဝန်ကို ထမ်းဆောင်နေကြတဲ့ လူတွေချဉ်းပါပဲ ကြုံလာသမျှ အကောင်းအဆိုးများကို ရင်ဆိုင်ရင်း ကိုယ့်တာဝန်အတွက် ကိုယ့်ရဲ့မျက်နှာဖုံးကို ကိုယ်ကိုတိုင်က အကောင်းဆုံး
ဖြစ်အောင် သုံးနေကြခြင်းသာ။

ဒီလိုမျိုး ကျင့်ကြံပါ | Ecency