Train to 요진
အလုပ်အားသော မိုးအေးအေးနှင့် အင်္ဂါနေ့ တွေစရာအစအနများနှင့် ကျွန်တော်အလုပ်ရှုတ်နေမိသည် တွေးနေမိသောအကြာင်းကာ
တစ်ခြားမဟုတ် အခု့တစ်လောကျွန်တော်တို့ အလုပ်တွင် hot ဖြစ်နေသော အပြောင်းရွေ့ကိစ္စများပင်ဖြစ်သည်။
အလုပ်ထဲမှမိတ်ဆွေ တစ်ချို့ အလုပ်ထွက်ပြီးတစ်ခြားအလုပ်သို့ပြောင်းသွားကြသည် စိတ်မကောင်းပါ သို့သော်ပို၍ စိတ်မကောင်းစရာမှာ တစ်ဖက်အလုပ်မှ offer ing salary မှာ လက်ရှိကုမ္မဏီ ၏ salary ထက် အနည်းဆုံး နှစ်ဆမှ သုံးဆခန့်များ နေခြင်းပင်ဖြစ်သည်။
စဉ်းစားစရာပါ အဘယ်ကြောင့် ကျွန်တော်တို့လစာအဲ့ လောက်ကွာခြားနေရသလဲ ? ကျွန်တော် စဉ်းစားနိုင်သလောက် ကျွန်တော် တင်ပြပါမယ် ....
(inequality)လက်ရှိအလုပ်တွင် ကျွန်တော် လုပ်လာသည်မှာ တစ်နှစ်နှင့် ဆယ့်တစ်လမျှ နှစ်နှစ်နီးပါးမျှ ကြာခဲ့ပါပြီ သို့သော် လစာ မှာ ဝင်ဝင်ခြင်း220000 မှလက်ရှိလစာ 240800 နှစ်သောင်းနှင့် ရှစ်ရာသာတိုးခဲ့ပါတယ် ဒေါ်လာ$သန်းရာချီ ရင်းနှီးမြုတ်နှံထားသော ကုမ္မဏီကြီးတစ်ခု၏ လစာတိုးနှုန်းမှာ အတော်ပင်ရယ်စရာကောင်းပါတယ် သို့သော် ကျွန်တော်တို့အလုပ်ရှိ နိုင်ငံခြားသား ထိုင်းလူမျိုးများ၏ လစာမှာ ကျွန်တော် တို့ထက် ဆယ်ဆလောက်ပိုများနေပါတယ် ။ ကျွန်တော်တွေးမိပါတယ် ကျွန်တော်တို့သည် ကို့တိုင်းပြည်တွင်ကိုနေ၍ သူများကျွန်ဖြစ်နေပြီလား ...? ကျွန်တော် ဒီကုမ္မဏီတွင်လုပ်လာသည့် သက်တမ်းတစ်လျှောက် ကုမ္မဏီစည်းကမ်းမဖောက်ဖြတ်ခဲ့ဖူးပါ အချိန်တစ်ခါမှမနောက်ကျခဲ့ဖူးပါ ကျွန်တော်အလုပ်စဝင် သောကာလမှာ ကုမ္မဏီ စက်ရုံစတင်လည်ပတ် နေချိန်ဖြစ်သဖြင့် ဘဝတူ စီနေရာဂျူနေရာ များနှင့်အတူ ရုန်းကန်ခဲ့ရပါတယ် စေတနာလည်း တစ်ကယ်ထားပြီး အလုပ်လုပ်ခဲ့ကြပါတယ် သို့သော် ကုမ္မဏီ အရှုံးပေါ်နေပါသဖြင့် အရင်းမကြေသေးပါသဖြင့် အကြောင်းအမျိုးဖြင့်ကျွန်တော်တို့၏ လစာတိုးနှုန်းများမှာ အလွန်အားရစရာနှေးကွေးနေခဲ့ပါတယ်။
တစ်နည်းအားဖြင့် ကျွန်တော် တို့၏ လုပ်ဆောင်နိုင်စွမ်းကို အသိအမှတ်မပြုရာရောက်ခြင်းပင်ဖြစ်သည် အချိန်ကြာလာသည်နှင့်အမျှကျွန်တော်တို့ စိတ်ဓာတ်ကျလာခဲ့သည် အခြားကုမ္မဏီများမှ လစာများကြောင်းကြားရသောအခါ ပို၍ပို၍ပင် စိတ်ဓာတ် ကျလာကြပါတော့သည်တင်ပြရင်း ကျွန်တော် တို့၏ဝန်ထမ်းများ၏စိတ်ဓာတ်များ ပြန်လည်တက်ကြွစိုပြေလာဖို့ဆုတောင်းရင် .
...HT 11:55 AM Mon,may 28