စိတ်ကျရောဂါကို ဘယ်လိုသိနိုင်မလဲ

Words
81
Reading
1 min
Listen
Play
8y

image

စိတ်ကျရောဂါကို ဘယ်လိုသိနိုင်မလဲ

စိတ်ဓာတ်ကျတယ်ဆိုတာ လူတိုင်းဖြစ်လေ့ရှိတဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတစ်ရပ်ဖြစ်ပါတယ်။
စိတ်ဓာတ်ကျခြင်းဟာ လူသားတွေရဲ့ နေ့စဉ်လူနေမှုဘဝကို ထိခိုက်စေသလို လုပ်ငန်းဆောင်တာတွေကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျခြင်းနဲ့ ကြုံတွေ့နေရင် ဒီခံစားချက်ပြေပျောက်ဖို့ ကြိုးစားသင့်ပါတယ်။ ဒါပေမယ့်လည်း တစ်ခါတစ်လေမှာတော့ ကိုယ့်ကိုကိုယ်စိတ်ဓာတ်ကျနေတာကို မသိတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဘယ်လိုအမူအရာတွေက စိတ်ဓာတ်ကျဆင်းခြင်းရဲ့ သင်္ကေတတွေလည်းဆိုတာကို တင်ပြပေးပါမယ်။

၁။ ပင်ပန်းခြင်း

image

အိပ်ရာကထလာတဲ့အခါဖြစ်စေ၊ နေ့စဉ်အချိန်တိုင်း ပင်ပန်းသလို၊ အားကုန်နေသလို ခံစားနေရပြီဆိုရင် စိတ်ဓာတ်ကျဆင်းတဲ့ရောဂါ ခံစားနေရတာ ဖြစ်နိုင်ပါတယ်။

၂။ အသက်ရှင်ရတာအဓိပ္ပါယ်မရှိသလိုခံစားရခြင်း

image

သင့်အနေနဲ့ နေ့စဉ်ဘဝမှာ တန်ဖိုးမရှိသလို ခံစားလာရတာ၊ သေခြင်းတရားအတွက် ကြောက်ရွံမှုမရှိတော့သလို ခံစားနေရတယ်ဆိုရင် သင်စိတ်ကျရောဂါခံစားနေရပါပြီ။

၃။ အာရုံမစူးစိုက်နိုင်ခြင်း

သင့်အနေနဲ့ အရေးကြီးတဲ့ကိစ္စတွေကို မေ့လျော့တာ၊ နာမည်နဲ့ ဖုန်းနံပါတ်တွေကို အလွယ်တကူပြန်မပြောနိုင်တာ၊ အကြောင်းအရာတစ်ခုကို ရှင်းရှင်းလင်းလင်းမဖြေရှင်း၊ မဆောင်ရွက်နိုင်တာ စတဲ့ကိစ္စတွေဖြစ်နေပြီဆိုရင် သင်စိတ်ဓာတ်ကျဆင်းမှုနဲ့ ကြုံတွေ့နေရပါပြီ။

၎။ ပုံမှန်ထက်ပိုအိပ်ခြင်း

ပုံမှန်ထက်ပိုအိပ်လိုနေပြီး အဲဒီလို အိပ်စက်ပေမယ့်လည်း အင်အားမရှိသလို ဖြစ်နေပြီဆိုရင် သင်စိတ်ရောဂါဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှုခံယူသင့်ပါတယ်။

၅။ ကိုယ်အလေးချိန်ပြောင်းလဲခြင်း

ရုတ်တရက် ကိုယ်အလေးချိန်တက်တာ၊ ကျတာမျိုးတွေ ဖြစ်လာတာ၊ ဘယ်လောက်စားစား ဆာလောင်မှုမပျောက်နိုင်တာ စတာမျိုးတွေ ခံစားနေရပြီဆိုရင် သင်စိတ်ကျရောဂါခံစားနေရတာဖြစ်နိုင်ပါတယ်။

စိတ်ကျရောဂါကို ဘယ်လိုသိနိုင်မလဲ | Ecency