မော်တာလည်ပတ်စေရန် လျှပ်စစ်ဓါတ်အား ပေးရသည်။
အဲ့ဒီလျှပ်စစ်ဓါတ်အားသည် အဲ့ဒီမော်တာသုံးစွဲမည့် စွမ်း
အားထက် များရမည်။
အော်တာနေတာ သို့မဟုတ် ဒိုင်နမိုကို လည်ပတ်စေမှ
လျှပ်စစ်ဓါတ်အားကို ထုတ်လွှတ်ပေးသည်။ လိုအပ်သည့်
လျှပ်စစ်ပမာဏ ရရှိစေရန် အဲ့ဒီ အော်တာနေတာ သို့မ
ဟုတ် ဒိုင်နမိုလည်ပတ်နှုံးထက် မလျှော့တဲ့ စွမ်းအားတခု
ခုလိုအပ်သည်။
အရာဝတ္ထုတို့တွင် အချင်းချင်းပွတ်တိုက်နေပါက စွမ်းအင်
ကုန်ခန်းသည်။ Power Lost ဆိုတဲ့ နိယာမရှိသည်။ အဲ့
ဒီကုန်ခန်းသွားတဲ့ စွမ်းအားကို သကြားမင်းရဲ့ ဝရဇိန်လက်
နှက်က လာဖြည့်ပေးမည် မဟုတ်ပါ။
အဲ့ဒီတော့ လျှပ်စစ်အကြောင်းကို မလေ့လာခင်မှာ ရူပဗေ
ဒ သဘောတရားများကို အလျင်လေ့လာသင့်ပါတယ်။ လျှပ်
စစ်အခန်းကဏ္ဍသည် အထက်တန်းရူပဗေဒ ပြထန်းချက်
တွင် နောက်ဆုံးသင်ခန်းစာ ဖြစ်ပါတယ်။ သူ့အရှေ့မှာ ရူ
ပဗေဒ သင်ခန်းစာတွေ အခြေခံအားဖြင့် ၁၂ ခန်းလောက်
ရှိနေပါတယ်။
လျှပ်စစ်အကြောင်းကလွဲပြီး ကျန်တာတွေကို မလေ့လာချင်
ဘူး ဆိုလျှင်လည်း ရပါတယ်။ လျှပ်စစ်ကိုပဲ လေ့လာပါ။
ဒါပေမယ့် ကိန်းကြီးခန်းကြီး သောမတ်အက်ဒီဆင်လောက်
ထိတော့ မတွေးခေါ်ပါနဲ့။ ဉာဏ်ကြီးရှင်တွေ မလုပ်ပါနဲ့။
မိမိတောင် မော်တာနှစ်လုံးနဲ့ အခမဲ့လျှပ်စစ်ဓါတ် ထုတ်ချင်
တဲ့ အာရုဏ်ပေါ်နေသေးရင်၊ အဲ့ဒီဘိုးအေကြီးတွေက ခင်
ဗျားတို့ထက် နှစ်ပေါင်း နှစ်ရာကျော်ကတည်းက စမ်းသပ်
ပြီးခဲ့ပြီဆိုတာ မမေ့ပါနဲ့။
တခါလာလည်း အဲ့ဒီမော်တာနှစ်လုံးနဲ့ လျှပ်စစ်ဓါတ်ထုတ်
ဖို့ မေးခွန်းတွေ တက်တက်လာတာ မြင်မြင်နေရတော့
အာရုဏ်နောက်လွန်းလို့ပါ။ စတင်လေ့လာသူ(Beginner)
သည် ဘီဂင်နာအတွေးလောက်ပဲ တွေးသင့်ပါတယ်။ သိပ်
မြင့်မြင့်ကို တွေးတောနေရင်တော့ ဂေါက်သွားပါလိမ့်မယ်။
အလှမ်းကျယ်ရင် အလယ်လပ်တတ်ပါတယ်ဆိုတာ လက်
တို့လိုက်ပါတယ် ခင်ဗျား။ လျှပ်စစ် အင်ဂျင်နီယာတွေ၊ ပညာ
ရှင်တွေ၊ မက်ကင်းနစ်တွေဆိုလျှင် အဲ့လို ရူးကြောင်ကြောင်
အတွေးမျိုးတွေကို ဘယ်တော့မှ မတွေးဘူးဆိုတာတော့
ယုံကြည်ပါလို့ လက်တို့လိုက်ပါရစေ။
လျှပ်စစ်အကြောင်း လေ့လာနေသူ ဘီဂင်နာတဦးပါ ခင်ဗျား။