အခုအချိန်မှာတော့ လူတွေ လမ်းပျောက်တာများနေကြတယ် တစ်ချို့ဆိုရင် ဘာလုပ်လို့လုပ်ရမှန်းမသိလို့ ရူးချင်နေကြပါပြီ ဝင်ငွေကမရှိ လုပ်စရာကလည်း မတွေ့ လုပ်ချင်စိတ်လည်း မရှိကြတော့ပါဘူး ဘာမှ မသေချာတော့ သေချာအောင် လုပ်နေတာမဟုတ်သည့်တိုင် အဆင်ပြေအောင် လုပ်ချင်နေတဲ့သူတွေ တိုင်ပါတ်တဲ့ အချိန်ပါဘဲ လူတန်းစားအလွှာအလိုက် လမး်ပျောက်နေကြတာပါဘဲ
သောကတွေက မတူညီနို်ငပေမယ့် အပူတွေကတော့ အနဲအများသာကွာတယ် လူတိုင်းက အပူကိုယ်စီနဲ့ အဆင်ပြေနေသူတွေကလည်း စိုးရိမ် စိတ်တွေနဲ့ပါဘဲ
ဘယ်တက်နိုင်မည်လဲ ကံအကျိုးပေးလာချိန်မှာ ရှောင်လွှဲလို့မှမရတာ ရင်ဆိုင်ရတော့မှာဘဲပေါ့
စိတ်ဓါတ်တွေ မကျချင်လည်း ကျနေမိတယ် အားတင်းနေလည်း တင်းရတဲ့ အားကိုမရှိတော့ပါ ဘယ်အရာကို အားကိုးပြီး အားတင်းရမည်လဲ မသိတော့ပါဘူး
စမ်းတဝါးဝါးနဲ့ လမ်းလျှောက်ရင်း လမ်းပျောက်နေတဲ့ ဘဝတွေ
စိတ်ဓါတ်ကျနေရင်တော့ ကျန်တာတွေ ဘာမှ မရေရာတာသိနေတဲ့အတွက် ဆက်ပြီး စိတ်ဓါတ်ကျနေရတယ်
လမ်းကြောင်းကောင်းသူတွေကိုလည်း အားကျတယ် သူတို့လို ကိုယ့်လမ်းကြောင်းမကောင်းတာကိုလည်း စိတ်တိုတယ်
သူများတွေ ကြိုးစားထားတာတွေကို မနာလို မဖြစ်ပါဘူး ကိုယ် မကြိုးစားခဲ့တာကိုဘဲ အပြစ်မြင်မိတယ်
အားမာန်တင်းပြီး ရည်မှန်းတယ် ကိုယ်လည်း တစ်ခုခုတော့ ဖြစ်အောင် လုပ်ရပါလိမ့်မယ်
လုပ်တော့မယ်လို့လည်း စိတ်ပိုင်းဖြတ်တယ် လမ်းစ တစ်ခုခုတော့ ရလာမှာပါ
လေလွင့်နေတဲ့ စိတ်တွေက အားအင်မဲ့နေပေမဲ့ လမ်းပျောက်သူအတွက် လမ်းသစ်တစ်ခုတော့ တစ်နေ့ တွေ့ရမယ်