ကျွန်မသည် မိဘအားကိုး အဒေါ်အားကိုး ဘဝမှာ နေခဲ့ဖူးပါတယ်.
အပူအပင်ကင်းခဲ့ဖူးပါတယ်.
ဒါပေမယ့် ... ကိုယ့်ခြေထောက်ပေါ်တစ်သက်လုံးရပ်တည်မယ်လို့ ဆုံးဖြတ်ကြိုးစားခဲ့ကတည်းက ... ရပ်တည်ခဲ့ကတည်းက ... လောကဓံ ၈ ပါး ကြံ့ကြံ့ခံ ကြိုးစားခဲ့ ... ကြိုးစားဆဲ ... ကြိုးစားပါဦးမယ်
✅ ကိုယ့်အားကိုယ်ကွယ်ကိုးကြမယ် ✅
ဘဝထဲက သင်ယူ ...
ပတ်ဝန်းကျင်က သင်ယူ ...
တရားတော်တွေက သင်ယူ ...
သင်ယူစရာမကုန်နိုင်တဲ့ လူ့လောကမှာ ...
နောက်ဆုံး သတိပြုမိစရာက ...
' ကိုယ့်အားကိုယ် ကိုးခြင်း ' မဟုတ်လား ...
ဘယ့်သူ့ကိုမှ အားမကိုးနဲ့လို့ပြောရင် ပြောသူဟာ ကိုယ့်အပေါ် တကယ်စေတနာစစ်မှန်တာ ယုံလိုက်ပါ.
မိဘအားကိုး ...
❓ကိုယ်က မိဘတွေထက်အရင် ဒီလောက က ထွက်သွားချင်ထွက်သွားနိုင်ပေမယ့် ... တကယ်လို့များ ကိုယ်ဟာ ဒီလောကမှာ ဆက်လက်ကျင်လည်ရမယ်ဆို မိဘတွေအနားမရှိတော့ ဘယ်သူ့ သွားအားကိုးမလဲ ?
မိဘ ပိုက်ဆံရှိတုန်းသာယာပေမယ့် မမြင်နိုင်တဲ့ ကံကြမ္မာမှာ မိဘ ပိုက်ဆံမရှိရင် မိဘအားကိုးနေသူ ကိုယ့်မှာလည်း ပိုက်ဆံမရှိတော့ပါဘူး.
ကိုယ့်ခြေထောက်ပေါ်ကိုယ် မတ်မတ်ရပ်မှ တစ်ချိန် တစ်ခုခုဆို ကိုယ်က မိသားစုကို ပြန်ကြည့်နိုင်သူ ဖြစ်မှာမဟုတ်လား ?
ယောင်္ကျားအားကိုး ...
❓ လူတစ်ယောက်နဲ့ တစ်ယောက် ကုသိုလ်ကံချင်းမတူပါဘူး. ဘယ်လောက်ချောလှ ပညာတတ် ပိုက်ဆံရှိတာမရှိတာနဲ့မဆိုင်ဘဲ မိန်းကလေးတစ်ယောက်ရဲ့ အိမ်ထောင်ရေးကံဆိုတာ ထီထိုးသလိုပါဘဲ.
အိမ်ထောင်ကျ သိပ်ကံကောင်းတဲ့ အမျိုးသမီးတွေ မြင်သူတကာက ငေးမောအားကျရအောင် ကံကောင်းတဲ့ အမျိုးသမီးတွေရှိသလို လင်ဆိုးမယားတဖားဖားဆိုသလို အိမ်ထောင်ရေးမှာ လူသိသူသိ ပေါက်ကွဲ လူမသိ သူမသိ တိတ်တိတ်မျက်ရည်ကျရတဲ့ မိန်းကလေးတွေအများကြီးပါ.
ချစ်နေတုန်းတော့ အချစ်ရေ ... အသည်းရေပေါ့ ...
မကြင်လို့ဖယ်ခွာချင်ပြီဆို မိန်းကလေးတွေဟာ အိမ်ထောင်ဖက်ရဲ့ အနှိပ်စက်ခံ ...
ဖောက်ပြန်တတ်တဲ့ မိန်းကလေးတွေရှိတတ်တာ တွေ့မြင်ကြားသိရပေမယ့် ... ယေဘူယျအားဖြင့် ... မိန်းကလေးတွေဟာ အိမ်ထောင်ဖက် အမျိုးသားအပေါ် မှီခို (အိမ်ထောင်ဖက် အမျိုးသားအပေါ် မမှီခိုတဲ့ မိန်းကလေးတွေ ဒီထဲမပါပါ.) ...
ယောင်္ကျားလုပ်သူဖောက်ပြန်တော့ တစ်ချို့ဆို အားကိုးစရာ မိဘမရှိ မောင်နှမ ဆွေမျိုးသားချင်းမရှိ အားကိုးရာက ကိုယ့်အိမ်ထောင်ဖက်မို့ သူဖောက်ပြန်လည်း ဆက်အားကိုးနေရတာပါဘဲ. တစ်ချို့က အားကိုးဖို့အတွက်မဟုတ် အိမ်ထောင်ရေးမပြိုကွဲချင်လို့ ဖောက်ပြန်မှုတွေကို မျက်စိစုံမှိတ်မသိချင်ယောင်ဆောင်ရတဲ့ အမျိုးသမီးတွေလည်းရှိတယ်. ဒါကို ပြောရမယ်ဆို အဖြစ်အပျက်တွေခြင်းမတူလို့ အများကြီးမရေးတော့ပါဘူး.
ဆိုလိုရင်းကတော့ အိမ်ထောင်ဖက်ကို အားကိုးနေသူဆို ပြောင်းလဲတတ်တဲ့ လူ့စိတ်သဘောအရ သူ့စိတ်ပြောင်းလည်း အားကိုးနေရသူမှာ သူ့မျက်နှာကြည့်နေရလို့ သူထားရာနေ စေရာသွား ဘဝရောက်ကြသူတွေလည်းရှိရဲ့.
ဆိုတော့ကာ ... မိမိအိမ်ထောင်ဖက်ကို အားကိုးရခြင်းဆိုတာဟာ ကမ်းမမြင် လမ်းမမြင် ပင်လယ်ထဲ ရွက်လွှင့်နေရသလိုဘဲ. ဘယ်တော့မှ မုန်တိုင်းဒဏ်မခံရနိုငိတာရှိသလို ဘယ်တော့များ မုန်တိုင်းကျမလဲတွေးပူနေရတာမျိုးလည်းရှိတယ်မဟုတ်လား ?
သားသမီးအားကိုး ...
❓ဆိုရိုးတောင်ရှိသေး ... ' စုန်ရေဘဲရှိ. ဆန်ရေမရှိ ' တဲ့. ဆန်တဲ့ရေတွေလည်း ဒီကမ္ဘာမှာ အမြောက်အများရှိပေမယ့် များသောအားဖြင့်ကတော့ ... စုန်ရေဘဲများတာလေ. သားသမီးဆိုတာကလည်း သစ်ပင်စိုက်သလို မျိုးစေ့ချ ... ရေလောင်းပေါင်းသင် တယုတယပြုစုစောင့်ရှောက် အကိုင်းအခက် အသီးအပွင့်တွေဝေဆာလာအောင် တစ်သက်လုံးပြုစုရပေမယ့် အဲဒီ့အပင်ရဲ့ အသီးအပွင့် ကိုယ်ခံစားချင်မှ ခံစားရတာမျိုးမို့ မျိုးစေ့ချကတည်းက ပြန်လာဖို့ဆိုတာ မျှော်လင့်လို မရသလိုမျိုးလေ.
ဘိုးဘွားရိပ်သာမှာ ဘာလို့ အဖိုးအဖွားတွေများနေသလဲ ?
❓ ရွှေရှိမှ မျိုးခင်တယ်တဲ့. စကားက အလကားရှိခဲ့တာမှ မဟုတ်တာ. လျှံတယ်ဆိုတာ ကိုယ့်မှာ ပိုမှလေ. သူတို့ဘာသာ ရုန်းကန်နေရသူတွေဆို ဘယ်မှာ ပိုလို့ ကိုယ့်ဆီလျှံမှာတဲ့လဲ. သူများမျက်နှာကြည့် သူများပေးစာကမ်းစာဆိုတာကလည်း ကိုယ့်လည်ချောင်းမှာ လျောလျောရှူရှူ ဝင်ချင်မှ ဝင်တတ်တာမျိုးမို့လား ...
သူများ မျက်နှာကြည့်ရတယ်ဆိုတာမျိုးက သူများစိတ်နဲ့ ကိုယ့်ကိုယ် အသက်ရှင်နေရတာမျိုးမလား ?
💯 ဘယ်သူ့မှ အားမကိုးဘဲ ကိုယ့်အားကိုယ်ကိုးတဲ့အခါ ...
စိတ်သွားတိုင်းကိုယ်ပါတယ်.
ကိုယ့်ကိုယ်ကိုယုံကြည်မှု ... ကြံ့ခိုင်မှု ...
စိတ်ဓါတ်ခိုင်မာမှု ... နှလုံးသား ကျန်းမာမှု ...
တွယ်ရာမဲ့မဖြစ်မှု ... စတဲ့ပြောပြဖွယ်မကုန်နိုင်တဲ့ ကောင်းကျိုးချမ်းသာတွေရတယ်.
ရုန်းကန်ရမှုတွေအတွက် ပင်ပန်းမယ်. ဒါပေမယ့် စိုးထိတ်မှုတွေနဲ့ အသက်ရှင်စရာမလိုဘူး.
ကိုယ့်စိတ်ကသာ ကိုယ့်အရှင်သခင်မို့ သူတစ်ပါးမျက်နှာကြည့် စရာမလိုဘူး ...
' သေသည်အထိ ငါ ဘယ်သူ့မှ အားမကိုးဘူး ' ဆိုတဲ့ စိတ်စွဲမြဲခိုင်မာရင် ... ဘာကိုမှလည်း စိုးထိတ်နေစရာမလိုတော့ဘူးပေါ့.
#မယ်
#Maecoffee