This content got low rating by people.

No Pain No Gain

news4(40)
Published in
#esteem
Words
164
Reading
1 min
Listen
Play
8y

imageသူငယ်ချင်းတစ်ယောက်ကပြောတယ် ...
သူ့အမျိုးသားက အွန်လိုင်းမှာရှိတယ်. ဒါပေမယ့် ... သူတို့နှစ်ယောက်စကားမပြောဖြစ်ဘူး.
သူတို့ ချစ်သူ သက်တမ်း ၁၀ နှစ်ကြာပြီး တစ်ယောက်နဲ့တစ်ယောက်ချစ်လို့ လက်ထပ်ခဲ့ကြတာတဲ့.
အဲ့လို မီးစိမ်းကနေ မခေါ်ပြောဘဲ အနေစိမ်းကြရင်း သူတို့နှစ်ယောက် လမ်းခွဲလိုက်ကြတယ် ...

၁၀ နှစ်ကျော်ကြာတဲ့ ချစ်ခြင်းတောင် စိမ်းသွားကြတယ် ...
တစ်ခါတစ်ခါ မီးစိမ်းတွေက အနေစိမ်းဘက်ပြောင်းတဲ့အခါ ...
တစ်ဘဝလုံးစာ ' သူစိမ်း ' တွေဖြစ်သွားကြတယ်ပေါ့နော်.

အလုပ်ဟု ဆိုခြင်းထက် ဘုရားသခင်စေခိုင်းသောအမှုဟု ကျွန်တော်ခံယူထားသော ကျွန်တော့်၏ အစောပိုင်း အသက်မွေးဝမ်းကြောင်း အလုပ်လုပ်ကိုင်စဉ် အခြားကုမ္ပဏီ တစ်ခုမှ ပို၍ သိသာများပြားသော လစာဖြင့် ရာထူးတစ်ခု ကမ်းလှမ်းလာသည်။ ထိုပြောင်းရွေ့မှုသည် ကျွန်တော့်မိသားစုအတွက် သေချာပေါက် အကျိုးကျေးဇူး ခံစားရမည် ဖြစ်သည်။ သို့သော် ပြဿနာတစ်ခုရှိနေသည်။ ကျွန်တော်က အလုပ်သစ်ကို လိုက်ရှာဖွေနေခြင်း မဟုတ်ဘဲ
လက်ရှိအလုပ်ကို ကျွန်တော် နှစ်သက်ပြီး ၎င်းသည် ခေါ်ယူ စေစားခံရသည့် အလုပ်ဖြစ်သည်မှာ သေချာသည်ထက် သေချာသည်။
သို့သော် ပိုက်ဆံ…။ အသက် ၇၀ ရှိပြီဖြစ်သော အဖေထံဖုန်းဆက်ပြီး အခြေအနေကို ရှင်းပြသည်။ တစ်ချိန်က
ထက်မြက်ခဲ့သော အဖေ့၏အသိဉာဏ်မှာ နှစ်ကြာရှည်စွာ လေဖြတ်မှုကြောင့် နှေးသွားသော်လည်း အဖေ့၏ အဖြေက ပြတ်သည်။ “ပိုက်ဆံအကြောင်းပဲ ခေါင်းထဲထည့်မထားနဲ့လေ၊ မင်းဘာလုပ်မှာလဲ။”
image
ချက်ခြင်းပင် ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်သည်။ မိမိနှစ်သက်သောအလုပ်ကို စွန့်ခွာရခြင်း၏အကြောင်းရင်းက ပိုက်ဆံကြောင့် ဖြစ်နေသည်။ ကျေးဇူးတင်ပါတယ် အဖေ။
တောင်ပေါ်ဒေသနာ၌ ငွေနှင့် ငွေကို တပ်မက်ခြင်းအကြောင်းကို သခင်ယေ imageရှု အလေးအနက်ပြောထားသည်။ ကြွယ်ဝချမ်းသာရန်အတွက် မဟုတ်ဘဲ “အသက် မွေးလောက်သောအစာ” (မဿဲ ၆း၁၁) အတွက် ဆုတောင်းရန် ကိုယ်တော် သွန်သင် သည်။ ဘုရားသခင်သည် သူဖန်ဆင်းထားသော အရာများကို ဂရုစိုက်ကြောင်း သက်သေ အဖြစ် ငှက်များနှင့် ပန်းပင်များကို ကိုယ်တော် ညွှန်ပြလျက် မြေကြီးပေါ်တွင် ဘဏ္ဍာ မစုဆောင်းရန် ကိုယ်တော်မိန့်ကြားသည် (း၁၉-၃၁)။ “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်း တရားတော်ကို ရှေ့ဦးစွာ ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မူလတံ္တ” ဟု သခင်ယေရှု ပြောထားသည် (း၃၃)။
ငွေသည် အရေးပါသည်။ သို့သော် ငွေက ကျွန်တော်တို့ ဆုံးဖြတ်ချက်ချမည့် လမ်းကြောင်းတွင် မလွှမ်းမိုးသင့်ပါ။ ခက်ခဲသောအချိန်နှင့် ဆုံးဖြတ်ချက်ချစရာများက အသစ်သော နည်းလမ်းဖြင့် ယုံကြည်ခြင်း ကြီးထွားရန် အခွင့်အလမ်းများဖြစ်သည်။ ကောင်းကင်ဘုံရှင်အဘသည် ကျွန်ုပ်တို့ကို ဂရုစိုက်ပါသည်။

image

No Pain No Gain | Ecency