အချစ်

news4(40)
Published in
#story
Words
102
Reading
1 min
9y
Listen to this post
~1 min

အမုန်းလား ?
အမုန်းရဲ့ အခြားတစ်ဖက်မှာ ...
အချစ်ပြန်လည်မွေးဖွားလာနိုင်သေးတယ် ...

စိတ်ကုန် စိတ်ပျက်ခြင်းလား ?
ညည်းခံခြင်းနောက် စိတ်ကုန်စိတ်ပျက်ခြင်းမှာ ...
အချစ်ထာဝရသေဆုံးသွားတယ် ...
ထိုသူအပေါ်မှာပေါ့ ...

ပုထုဇဉ်လူသားတိုင်းရဲ့ သည်းခံခြင်းမှာ ... နောက်ဆုံးမှတ်ရှိပါတယ်.
ခန္တီပါရမီဆိုတာ ဘဝအဆက်ဆက်က ပါရီဖြည့်ခဲ့မှ ...
သည်းခံခြင်းကို အဆုံးစွန်ထိ ရှိ သတ်မှတ်ချက်ကင်းစွာ သည်းခံနိုင်တယ်ဆို လွန်စွာမြင့်မြတ်ပါရမီပြည့်စုံလို့ ပုထုဇဉ်ဘယ်ဟုတ်ပါ့မလဲ ...

အနိုင်ရတိုင်းမနိုင်ပါနဲ့ ...
တစ်ခါတစ်ခါမှာ ကိုယ်ရနေတာတွေက အနိုင်မဟုတ်ဘူး ... ကိုယ့်အရှုံးတွေတဲ့ ...
သူက သည်းခံလို့နိုင်ရတိုင်းနိုင် ...
သူ့ သည်းခံခြင်းဂိတ်ဆုံး ဘဝထဲက ထွက်သွားတော့ ...
ကိုယ်ရလိုက်တာ အနိုင်မဟုတ်ဘူး ...
ကိုယ်မြတ်နိုးရတဲ့ သူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အရှုံး ...

ပေးသောလက်က ယူသောလက်ထက် မြင့်မြတ်၏တဲ့ ...
တကယ်တမ်းက ...
ပေးလိုက်ရလို့ လျော့သွားတာမဟုတ်ပါဘူး ...
ကိုယ့်ဘဝထဲ ကုသိုလ်တွေတိုးပွားလာတာပါ ...

ဘယ်သူ့ကိုမဆို အနိုင်ယူချင်တဲ့အခါ ...
သေချာစဉ်းစားရမှာပေါ့ ...
ကိုယ်တကယ်ဘဲ အနိုင်ရလိုက်တာလား ...
ဆုံးရှုံးခြင်းလားဆိုတာ ...

ဘဝမှာ တစ်ချို့အရာတွေ ...
တစ်ချို့သူတွေဟာ ...
တစ်ဘဝလုံးမှာ တစ်ခုဘဲရှိ ...
တစ်ယောက်ဘဲတွေ့နိုင်တာမျိုးမလား ...
image
အရှုံးပေးရင် နှလုံးအေးတဲ့ ...
နှလုံးလေးတွေအေးစေဖို့ ...
သည်းခံခြင်းပေါ် နိုင်လိုမင်းထက်တွေစွန့်လွှတ် ...
သူ အေးချမ်းပျော်ရွှင်ပါစေ စိတ်ဆန္ဒတစ်ခု နှလုံးသားမှာရှင်သန် နေ့ရက်တိုင်းဖြတ်သန်းကြရအောင်လေ

image
#Maecoffee

အချစ် | Ecency