A Thone Taw Khan

news4(40)
Published in
#esteem
Words
333
Reading
2 min
Listen
Play
8y

ဆုတောင်းနေစရာမလိုလောက်အောင်
ကောင်းခြင်းဆိုတဲ့အရာတွေ
ခများလေးရဲ့ရပ်ဝန်းမှာ
image
နေခြည်နွေးနွေးအဖြစ်တည်ရှိနေပါစေ
ကျုပ်ရဲ့မေတ္တာတွေ တိမ်အဖြစ်ပြောင်းပြီး
ခများလေးရဲ့ကောင်းကင်မှာ နေရာယူနေပါစေ
အတွေ့အထိတွေဆိုတာထက်
နှုတ်ခမ်းဖူးဖူးလေးက ထွက်ကျလာတဲ့

ချိုမြိန်တဲ့ အသံလေးကြောင့်
ကျုပ်ရဲ့ကျရှုံးခြင်းဆိုတာ ခများလေးရဲ့
ခြေဖဝါးနုနုလေးအောက်မှာ မြေမြှပ်ထားရတာပါ
အလေးနက်ဆုံးသောစကားလုံး ရှာမတွေ့သေးတာမို့
ချစ်တယ်ဆိုတဲ့ စကားလုံးလေးနဲ့ပဲ အဆုံးသတ်ပါရစေ image
ဟုတ်ကဲ့ ကျုပ် ခများလေးကို အရမ်းချစ်တယ်
သူလိုလူစား ရှာမှရှား

ကျုပ်တို့ ဆင်ဖြူကျွန်း ကအများအကျိုး သယ်ပိုးဆောင်ရွက်နေတဲ့သူတယောက်အကြောင်းပြောပါအုံးမယ်။သူ့နာမည်က ဦးရီဌေး တဲ့•••သူလုပ်နေတာ မထူးဆန်းပေမဲ့ လူတိုင်းမလုပ်နိုင်ပါဘူး အခုလိုနွေရောက်ပြီဆိုကထဲက မည်သူတဦးတယောက်ကမှ တာဝန်ပေးချက်မရှိ ဘယ်သူတဦးတယောက်ကမှမတိုက်တွန်း ဇနီး သားသမီးများငြိုငြင် မှုကို အပြုံးနဲ့တုံ့ပြန် အချိန်မှန်ထွက်ဆိုင်ကယ်တွေပေါများနေတဲ့ခောတ်မှာ စက်ဘီးအိုလေးစီး ကယ်ရီယာနောက်မှာ sound boxစက်လေးကြိုးနဲ့ချည် သူသွားတာက တရပ်ကွက်လုံးတင်မက တမြို့လုံးနီးပါးလမ်းတကာဝင်လို့ထွက်လို့အခကြေးငွေ
တပြားတချပ်မှမရ(ပေးလဲမယူ) စေတနာဝန်ထမ်းစစ်စစ်တာဝန်သိသိနဲ့လုပ်ဆောင်နေတာပါ။သူဖွင့်သွားတဲ့သီချင်း က ခောတ်တွေဘယ်လိုပြောင်းပြောင်း မဟောင်းမရိုးနိုင်တဲ့ ဦးထွန်းရွှေ ရဲ့ " မီး ဘေးရှောင်မလောင်ခင်တား "တဲ့ဗျား။ ကဲfri တို့ရေ ပရိက္ခရာ ရပ်က ဦးရီဌေး ကိုဂုဏ်ပြုထိုက်တယ်ဆိုရင် like&share ပေးကြပါဗျာ။
ဆုတောင်းနေစရာမလိုလောက်အောင်
ကောင်းခြင်းဆိုတဲ့အရာတွေ
ခများလေးရဲ့ရပ်ဝန်းမှာ
နေခြည်နွေးနွေးအဖြစ်တည်ရှိနေပါစေ
ကျုပ်ရဲ့မေတ္တာတွေ တိမ်အဖြစ်ပြောင်းပြီး
ခများလေးရဲ့ကောင်းကင်မှာ နေရာယူနေပါစေ
အတွေ့အထိတွေဆိုတာထက်
နှုတ်ခမ်းဖူးဖူးလေးက ထွက်ကျလာတဲ့
ချိုမြိန်တဲ့ အသံလေးကြောင့်
ကျုပ်ရဲ့ကျရှုံးခြင်းဆိုတာ ခများလေးရဲ့
ခြေဖဝါးနုနုလေးအောက်မှာ မြေမြှပ်ထားရတာပါ
အလေးနက်ဆုံးသောစကားလုံး ရှာမတွေ့သေးတာမို့
ချစ်တယ်ဆိုတဲ့ စကားလုံးလေးနဲ့ပဲ အဆုံးသတ်ပါရစေ
ဟုတ်ကဲ့ ကျုပ် ခများလေးကို အရမ်းချစ်တယ်
သူလိုလူစား ရှာမှရှား

ကျုပ်တို့ ဆင်ဖြူကျွန်း ကအများအကျိုး သယ်ပိုးဆောင်ရွက်နေတဲ့သူတယောက်အကြောင်းပြောပါအုံးမယ်။သူ့နာမည်က ဦးရီဌေး တဲ့•••သူလုပ်နေတာ မထူးဆန်းပေမဲ့ လူတိုင်းမလုပ်နိုင်ပါဘူး အခုလိုနွေရောက်ပြီဆိုကထဲက မည်သူတဦးတယောက်ကမှ တာဝန်ပေးချက်မရှိ ဘယ်သူတဦးတယောက်ကမှမတိုက်တွန်း ဇနီး သားသမီးများငြိုငြင် မှုကို အပြုံးနဲ့တုံ့ပြန် အချိန်မှန်ထွက်ဆိုင်ကယ်တွေပေါများနေတဲ့ခောတ်မှာ စက်ဘီးအိုလေးစီး ကယ်ရီယာနောက်မှာ sound boxစက်လေးကြိုးနဲ့ချည် သူသွားတာက တရပ်ကွက်လုံးတင်မက တမြို့လုံးနီးပါးလမ်းတကာဝင်လို့ထွက်လို့အခကြေးငွေ
တပြားတချပ်မှမရ(ပေးလဲမယူ) စေတနာဝန်ထမ်းစစ်စစ်တာဝန်သိသိနဲ့လုပ်ဆောင်နေတာပါ။သူဖွင့်သွားတဲ့သီချင်း က ခောတ်တွေဘယ်လိုပြောင်းပြောင်း မဟောင်းမရိုးနိုင်တဲ့ ဦးထွန်းရွှေ ရဲ့ " မီး ဘေးရှောင်မလောင်ခင်တား "တဲ့ဗျား။ ကဲfri တို့ရေ ပရိက္ခရာ ရပ်က ဦးရီဌေး ကိုဂုဏ်ပြုထိုက်တယ်ဆိုရင် like&share ပေးကြပါဗျာ။
ဖြစ်သင့်တာ လုပ်မှ တကယ်ဖြစ်တာ

သင်္ချာမေးခွန်းပုံစံကို ညကကြည့်လိုက်ရတယ်
ဆိုရင်ဘဲ အားနည်းချက် အလွန်များနေတာကို
တွေ့ရတယ်။

ဒီမေးခွန်းပုံစံမျိုးမေးပြီး
အောင်မှတ်ကို ဘယ်လောက်ထားဦးမှာတုန်း။

ဖြစ်သင့်တာက

SECTION ( A )
2 မှတ်တန် 12 ပုဒ်မေး 10 ပုဒ်ဖြေခိုင်း
အခန်းစုံ ၁ ပုဒ်စီထည့်။ 20

SECTION ( B )
3 မှန်တန် 12 ပုဒ်မေး 10 ပုဒ်ဖြေခိုင်း
အခန်းစုံ ၁ ပုဒ်စီထည့်။ 30

SECTION ( C )
5 မှတ်တန် အတွဲလိုက် ( a ) ( b ) ထားပြီး
6 ပုဒ် သို့မဟုတ် 7 ပုဒ်မေး 5 ပုဒ်ဖြေခိုင်း 50
ပေါင်း ၁၀၀

အဲဒါမှ မကြိုက်ရင်
အမှတ် ၂၀၀ ဘိုးမေး ၁၅၀ ဘိုးဖြေခိုင်း
အောင်မှတ်ကို ၅၀ သို့မဟုတ် ၆၀ ထား။

အဲဒီထဲမှာမှ ကျယ်ပြန့်တဲ့အခန်းကို
ဥပမာ TRIGO ပုစ္ဆာ များများမေး

အဲလို ဖြစ်သင့်တာ။

အင်း ၆ သိန်း ဝန်းကျင်သော
၁၀ တန်းကျောင်းသားတွေ ရင်လေးတယ်။

သင်ဘူးတဲ့သူများ ပါကြရဲ့လား။

၁၀ တန်းရောက်ပြီး အပိုင်းကိန်း ဒဿ မ
ထားလိုက်ဦး အလီတောင် ကောင်းကောင်း
မရကြတာတွေလေ။

ရှိစေတော့။ ပြောကို မပြောချင်တော့တာပါ။
၎ တန်းကစပြီး ကျောင်းသားတွေကိုလေ
၉ တန်းထိအောင်ပေါ့။

အပိုင်းကိန်း ဒဿ မ ညီမျှခြင်း
ကိန်းအကိုင်အတွယ် စတာလောက်ဘဲ
ကျွမ်းကျင်အောင်လုပ်ပေးစမ်းပါ။

ကျန်တာ အပိုတွေလို ဖြစ်နေတာ။

စာသင်တိုင်း အမြဲပြောဖြစ်တယ်

ဟေ့ မင်းတို့အားလုံး ၁၀ တန်းစာနားလည်ပြီ။
ဒါပေမဲ့ အဆိုးဆုံးက မင်းတို့အားလုံး
ကိန်းဂဏာန်းတောင် ကောင်းကောင်း
မရှင်းတတ်တော့ ခက်တယ် လို့။

ဘယ်က ဘယ်လို စပြီး လုပ်ရမယ်ဆိုတာ
ပညာရေး အကြီးအကဲတွေ သိစေ
နားလည်စေချင်တယ်။

ဖင်ထိုင်ခုံပေါ် ဖင်ပူအောင် ဂျွတ်တက်အောင်
ထိုင်လုပ်နေရုံနဲ့ကတော့
မြန်မာ့ပညာရေးကြီး လုံးဝ
မပြောင်းလဲနိုင်ဘူး။ အောက်ခြေထိ
သေချာ ကွင်းဆင်းလေ့လာရမယ်။
အဓိက နယ်မြို့တွေ တောမြို့တွေ ဆင်း။

ထပ်ပြောလိုက်ဦးမယ်။
ဆရာဆိုတာ စာသင်ဘို့ စာဘဲသင်ခိုင်း
အပိုဇယားတွေ လျှောက်လုပ်ခိုင်းမနေနဲ့။
အဲဒါတွေ စာရေးတွေခန့်ပြီး လုပ်ခိုင်း။
နားလည်ပြီလား။

စာသင်ရမဲ့ ဆရာတွေက အပိုတွေ
လျှောက်လုပ်နေမှတော့ စာကောင်းကောင်း
သင်နိုင်ပါဦးမလား။
ဥပမာ
LESSON PLAN ဆိုတာလား
မလိုဘူး။ အချိန်ကုန်ရုံဘဲ။
စစ်တိုက်နေတာမဟုတ်ဘူး။
တကယ်စာသင်တဲ့အခါကျတော့
အစီအစဉ်တိုင်း ဖြစ်မလာတာများတယ်။

တော်ပြီဗျာ။ မောတယ်။
ကောင်းလာဘို့မမြင်သေးဘူးနော်။

ပြောချင်တာက တပုံကြီးမို့
ဘာမှ ထပ်မပြောချင်တော့ဘူး။ image

A Thone Taw Khan | Ecency