Steemmonsters Game ကိုအင်အားပြန်ဖြည့်တော့မယ်

Words
120
Reading
1 min
Listen
Play
7y

ဒီနေ့တော့ စာပြန်ရေးတာ တစ်ပတ်ပြည့်ပါပြီ ။ ဝမ်းသာစရာကတော့ ဒီတစ်ပတ်မှာ ဒေါင်းဗုတ်မလာပါဘူး ။ ဒေါင်းဗုတ်မလာတော့ဘူး ဆိုရင်တော့ စာလေးတွေဆက်ရေးဖို့ အားရှိသွားတာပေါ့ ။ စာလေးတွေရေး ဂိမ်းလေးတွေဆော့ပြီး စတင်းပါဝါ ပြန်စုလို့ရပြီ ။ ဒေါင်းဗုတ်မလာတာဟာ ကျွန်တော့်အတွက်တော့ ပျော်စရာပါပဲ ။ ဒီနေ့မှာတော့ steemmonsters game ကို အင်အားပြန်ဖြည့်ထားပါတယ် ။ အရင်လယ်ဗယ် ရောက်အောင် တဖြည်းဖြည်းခြင်း စုသွားပါတော့မယ် ။

Screenshot_20190728120412160_com.android.chrome.png

source

အရင်ကထက်စာရင် steemmonsters game က ပိုပြီးတော့ ကောင်းလာပြီထင်တယ် ။ အရင်လို အက်ဗုတ် free မရတော့ပေမဲ့ အက်ဗုတ်အတွက်က ဂိမ်းကစားတိုင်းရလာတဲ့ DEC တိုကင်နဲ့ လဲလို့ရနေတော့ မဆိုးပါဘူး ။ steemmonsters game မှာ splinter ငါးခုရှိတယ် ဆိုပေမဲ့ လယ်ဗယ်တင်ဖို့ အဓိကလိုအပ်တာက splinter လေးခုပါပဲ ။ အဓိက quest လုပ်ဖို့ splinter လေးခုရှိရင် အဆင်ပြေပြီ ။ steemmonsters game ကို နေ့တိုင်းကစားပြီး DEC တိုကင်တွေပြန်စုတော့မယ် ။

ဒါကတော့ ဒီနေ့ ရလာတဲ့ကဒ်လေးတွေပါ

1564291686picsay.jpg

source

splinter လယ်ဗယ်က တစ်ခုပဲတင်ရသေးတော့ silver III မှာပဲရှိပါသေးတယ် ။ နောက်ထပ် splinter တွေကို လယ်ဗယ်တင်ပြီးရင်တော့ Gold I ထိရောက်နိုင်မယ်လို့တော့ ထင်တယ် ။ ဂိမ်းတွေထဲမှာ အများဆုံး အကျိုးပြုခဲ့တာက ကျွန်တော့်အတွက်တော့ steemmonsters game ပါပဲ ။ ဒါကြောင့် steemmonsters game ကို အင်အားပြန်ဖြည့်ပြီး ကစားပါတော့မယ် ။

အားလုံးပဲ အောင်မြင်ပျော်ရွှင်နိုင်ကြပါစေ ။

Author naythan@naythan

Game play link👇

https://nextcolony.io

https://steemmonsters.com?ref=naythan

https://drugwars.io/i/naythan

Steemmonsters Game ကိုအင်အားပြန်ဖြည့်တော့မယ် | Ecency