ကျတော်နှင့် ခဏတာ

Words
274
Reading
2 min
9y
Listen to this post
~2 min
  • item
    ဒီနေ့ကတော့ ကံမကောင်းတဲ့နေ့လို့ ဆိုရတော့မှာဘဲ။
    မနက်ခင်းဆိုင်စဖွင့်တယ်ဆိုတာနဲ့ ကဲဒီနေ့တော့ ဖုန်းလေးတွေနည်းနည်းပြင်မယ်ဆိုတဲ့စိတ်ကူးနဲ့
    ပြင်လို့ လွယ်မယ်ထင်တဲ့ဖုန်းလေးကိုစကိုင်လိုက်တယ် ။ huawei Y330 လေးတစ်လုံး မိုက်ကအသံ
    နည်းနေလို့ဆိုပြီးလာအပ်ထားတာ။ မိုက်လဲဖို့ ကြည့်လိုက်တော့ ဟိုကျော်ဒီခွလုပ်ထားတာဖြစ်နေတယ်။
    ကဲပါလေ မိုက်ကမကောင်းတာဘဲဖြစ်ဖို့ များလောက်မှာဆိုပြီး နှစ်ပင်မိုက်လေးအစားထိုးလဲပေးလိုက်တယ်။
    image
    လဲလည်းပြီးရော အသံကောင်းမကောင်း စစ်ဆေးကြည့်လိုက်တယ်။ အသံကနည်းနည်းတိုးနေသေးတယ်။
    သိပ်ပြီးစိတ်ကြိုက်မတွေ့ဘူး။ အဲတာနဲ့ ဆားကစ်ဘုတ်အဟောင်းထဲက မိုက်ကိုဖြုတ်ပြီးတော့ တက်စမ်းကြည့်
    လိုက်တယ်။ စိတ်ကြိုက်မဖြစ်ဘူး။ ကာဗာတွေဘာတွေတပ်ပြီး ပြန်တပ်ဆင်မယ်လုပ်တော့ ဘတ္ထရီအထိုင်ငုတ်က
    လှုပ်တုပ်လှုပ်တုပ်ဖြစ်နေတာနဲ့ စေတနာထားပြီး အသစ်လဲပေးမလို့ဆိုပြီး ဖြုတ်လိုက်တယ်။ တပ်ပေးမယ်လုပ်မှ
    အဲလိုအမျိုးအစားတူတဲ့ ဘတ္ထရီအထိုင်ငုတ်ကမရှိဘူးဖြစ်နေတာပေါ့။ ခက်ပြီ မနက်ဖြန်မနက်လာယူလှည့်ဆိုပြီး
    ချိန်းဆိုထားလိုက်တယ်။ ဒါနဲ့ဘဲ သူငယ်ချင်းဆိုင်တွေကို လှည့်ပတ်ပြီး လိုက်မေးတော့ သူတို့ဆီမှာလည်းမရှိဘူး
    ဖြစ်နေတယ်။ အဟောင်းထဲဖြုတ်ထည့်ရတော့မှာပေါ့လေ။ အဟောင်းမဖြုတ်ထည့်ခင် အရင်ဆုံးသူ့မှာပါတဲ့ ကြေး
    ချောင်းလေးတွေဘဲ သီးသန့်ပြန်ထိုင်ကြည့်လိုက်တယ်။ အဲမှာ စတွေ့တော့တာဘဲ။ စက်ကတက်မလာတော့ဘူး။
    image
    လိုဂိုမှာတင်လည်ခံနေတယ်။ reset ချကြည့်တယ်။ မရဘူး။ firmware ပြန်တင်ကြည့်တယ်။ မရဘူး။ ခေါင်းပူသွား
    တယ်။ စိတ်ညစ်တာနဲ့ ဒီတစ်လုံးကိုဘေးချပြီး နောက်တစ်လုံးလုပ်ကြည်မယ်ဆိုပြီး စကိုင်လိုင်တယ်။ True ဖုန်းလေး
    ပိုင်ရှင်က စပီကာလဲပေးဖို့ ပြောသွားတာ။ ကိုယ်ကမိုက်တွေကောက်လဲပြစ်လိုက်တယ်။ ပိုင်ရှင်ကလာယူတော့ သူက
    သူ့စက်လေးဖွင့်ပြပြီးတော့ အစ်ကို အသံကသိပ်မလာဘူးတဲ့။ ဟင် ~ မင်းပြောတော့ မိုက်လဲမှာပြောသွားတာမဟုတ်
    ဘူးလား။ မဟုတ်ဘူးအစ်ကို စပီကာလဲမယ်လို့ ပြောထားခဲ့တာပါတဲ့။ သေရော။ အေးအေး ခဏလေးစောင့် ပြန်လုပ်
    ပေးမယ်ဆိုပြီး တစ်စဆီပြန်ဖြုတ်ပြီး စပီကာလေးလည်းပေးလိုက်တယ်။ ခဏကြာတော့ ညီရပြီရော့ စမ်းကြည့်လိုက်
    ပါဦးလို့ ဆိုပြီးသူ့ဖုန်းလေးပေးလိုက်တယ်။ သီချင်းလေးတွေဖွင့်ကြည့်တယ်။ ဖုန်းအသံစမ်းကြည့်တယ်။ ညီမိုက်လေး
    ရောတစ်ချက်ပြန်စမ်းကြည့်လိုက်ပါဦးလို့။ သူကမိုက်စမ်းကြည့်တယ်။ အဲ အစ်ကို မိုက်ကမလာတော့ဘူးဗျ။ ဟာဟုတ်လား
    အဲတာဆိုလည်းခဏစောင့်ပေးဦးဆိုပြီး ဖုန်းလေးကိုတစ်စစီပြန်ဖြုတ်ပြီးတော့ မိုက်လေးအသစ်တစ်လုံးပြန်လဲပေး
    လိုက်တယ်။ ဒီတစ်ခါ မိုက်ရော၊ စပီကာရော ကိုယ်တိုင်စမ်းပြီး ပေးလိုက်တယ်။ အော် ကိုယ့်နှယ် စိတ်နဲ့ လူနဲ့မကပ်
    လိုက်ပုံများ စပီကာလဲခိုင်းတာကို မိုက်သွားလဲပေးမိတာ ။
    image
    နောက်ထပ်တစ်လုံးထပ်ကိုင်မယ် ဆိုပြီးလုပ်လိုက်တယ်။ အဲအလုံးကလည်း ဘတ္ထရီအထိုင်တွေကပျက်နေတာ။
    တစ်ခြားဆိုင်မှာလုပ်လာတာမရလို့ လာအပ်တာတဲ့။ ကိုယ်လည်းဟုတ်ကဲ့ ရပါတယ်။ လုပ်တော့ကြည့်လိုက်မယ်ဗျ။
    ရမရတော့ အာမမခံဘူးလို့ပြောလိုက်တယ်။ ကိစ္စမရှိဘူး လုပ်သာလုပ်တဲ့။ ရရင်လည်းအမြတ်ပေါ့တဲ့။
    ကဲ့ ဒါနဲ့ google လေးခေါက်ပြီး ဘတ္ထရီလမ်းကြောင်းလေးတွေရှာလိုက်တယ်။ ပုံလေးတွေတွေ့တော့ သိမ်းပြီး
    သူ့ပြထားတဲ့လမ်းကြောင်းလေးတွေထဲက ပျက်နေတဲ့ အပင်လေးတွေကို ဆက်ပေးလိုက်တယ်။ ဆက်ပြီးတာနဲ့ဘတ္ထရီ
    လေးတပ်ပြီးစမ်းကြည့်လိုက်တော့ အားသွင်းပြနေတဲ့ပုံလေးတက်လာပြီး။ ပျော်သွားတာပေါ့လေ။ အဲတာနဲ့ ကာဗာအဖုံး
    လေးတွေပြန်တပ်ပြီး စမ်းကြည့်လိုက်တယ်။ သူလည်းလိုဂိုလေးဘဲ တက်လာပြီး ပြန်ပြန်ကျသွားတယ်။ အဲတာနဲ့
    recovery ခေါ်ပြီး reset ချကြည့်လိုက်တယ်။ ခဏလောက်နေတော့ စက်က ဂျီအိုဝါးသည်ရွှေကြယ် ဆိုပြီး တက်လာ
    တော့ ပျော်သွားရပြန်တယ်။
    image
    အဲတာနဲ့ မြန်မာစာလေးထည့်။ zapya လေး facebook လေး viber လေးတွေထည့်ပြီး
    တော့ သိမ်းထားလိုက်တယ်။ နောက်တစ်လုံး vivo Y15 ဖုန်းလိုင်းမတက်တော့လို့ အဲတာလေးလုပ်ချင်လို့ပါဆိုပြီး
    လာအပ်တယ်။ ဟုတ်အစ်ကို ခဏလေး ကြည့်ပေးမယ်ဆိုပြီး စောင့်ခိုင်းလိုက်တယ်။ IMEI စစ်ကြည့်တော့လည်းပါတယ်။
    baseband ကလည်းရှိနေတော့ အင်းစက်ပြားကဖြစ်တာဘဲနေမှာဆိုပြီး အဖုံးတွေခွါလိုက်တယ်။ အားလားလား
    ရေတွေဝင်ပြီး ရေဂျိုးတွေတက်နေတယ်။ အဲတာနဲ့ ပိုင်ရှင်ကိုခေါ်ပြီး အစ်ကို အစ်ကိုဖုန်းကရေတွေတစ်အားဝင်ထားတာ
    ဗျ။ အဲတာ လုပ်ကြည့်လိုက်လို့ ပါဝါတွေမတက်လာတော့ရင်တော့ တာဝန်မယူဘူး။ အဲတာလုပ်ပေးရမလားဗျဆိုတော့
    သူက ပထမတော့နည်းနည်းစဉ်းစားနေတယ်။ နောက်တော့ ဟုတ်လုပ်လိုက်ပါဗျာ။ ဘယ်တက်နိုင်မလဲ ကံတရားပေါ့။
    အဲတာနဲ့ တင်ဒါရေလေးနဲ့ ဟိုပွတ်ဒီပွတ်လုပ်လိုက်တယ်။ နောက်ပြီး ပေါင်းစက်လေးနဲ့ ထည့်ပေါင်းလိုက်တယ်။
    အဲမှာ အပေါ်ဆားကစ်ပြားခြမ်းနဲ့ အောက်ခြမ်းပြားတွဲထားတဲ့ နေရာက အထိုင်မှာ အပင်တစ်ပင် ပါမလာတော့ဘူး။
    ရေဂျိုးတွေကိုက်ပြီး စားနေတယ်။ တပ်ပြီးစမ်းလိုက်တော့ ရုပ်ကထွက်မလာတော့ဘူး။ ခေါင်းကိုက်သွားရပြန်တယ်။
    အဲတာနဲ့ google ဆိုတာကြီးကိုခေါက်ပြီး ပုံလေးတွေလိုက်ရှာတဲ့အလုပ်လုပ်လိုက်ရတော့ ဟော တွေ့ပါပြီ။ အဲတာနဲ့
    ပုံထဲကလမ်းကြောင်း အတိုင်း ကြိုးနဲ့ ကျော်ခွပေးလိုက်တော့ မောင်မင်းကြီးသားလေးပြန်လည်ပြီးအသက်ဝင်လာပါ
    တော့တယ်။ ဟူးးးးး တော်တော်လေး တိုင်ပတ်သွားတယ်။ နတ်ဝ ပိုင်းမတတ်တာကိုတော့ နောက်နေ့မှဘဲ ဆက်လက်
    ပြီးလုပ်ကိုင်တော့မယ်ဆိုပြီး ညနေ ၄ နာရီလည်းခွဲတော့ ကိုယ်လက်ကျန်းမာရေးအတွက် ခြင်းခတ်ဖို့ ထွက်ခွါလိုက်လေ
    တော့သည်။* item

MSC-164
Authro nannhtike@nannhtike

ကျတော်နှင့် ခဏတာ | Ecency