poem

Words
29
Reading
1 min
9y
Listen to this post
~1 min

အနေထိုင်မတတ်တဲ့တိမ်တိုက်
လေပြေတိုက်မှာစိုးနေတယ်
သင်းပျံ့ထုံဆင်း မိုးရနံ့ကင်းမှာကြောက်နေတယ်
သယ်ဆောင်သူ လေယူအတိမ်းမှာ
ငြိမ်းညောင့်ညောင့်ဆင်း
အော် သူပြန်မလာခြင်း လာခြင်းကလည်း
တစ်မေ့တစ်မော မေ့မျောနေလားသခင်
ဆောင်းအဝင်နှင်းအလှ မင်းနင်းချဖို့ပွင့်ဖက်သီ
ရော်ရီရော်မှန်း လေပွေဆော့သရမ်းတဲ့
သြဥသံတွန် နွေအလွန်ကိုရောက်ပြန်ပြီ
ဒီမိုးဒီလေ ခပ်ပြေပြေနဲ့ ရပ်မစဲ
မိုးမုန်တိုင်းတွေသည်းခဲ့ပြီ
မိုးမုန်တိုင်းတွေမစဲတော့ပြီ

image

author nannhtike@nannhtike
photo >> google image