Life...

Words
60
Reading
1 min
Listen
Play
9y

ဘ၀ သံသရာ....
ခဏတာလေးများ ကုန်ဆုံးသွားတော့
ဘ၀တစ်ခုက နှုတ်ဆက်ပြီ၊
ကျန်ရစ်တဲ့ တမ်းတမှုတွေက
ဘယ်အချိန် အထိ ရှည်ကြာမလဲ။
မသေချာလည်းသံသရာမှာ
ကိုယ်မပိုင်ရာ ခန္ဓာသာ
စွဲမက်ကာ တွယ်ဖက်အသက်တွေ ဆက်ခဲ့ကြတာ....
အတ္တ၊ လောဘ နဲ့ ဒေါသဘ၀ဟာ
ဒါတွေနဲ့ပဲ ပြည့်နေနီတိတွေ
အလကားမေတ္တာ တရားကို ပစ်ခွာကာထား
ငါ တစ်လုံးနဲ့ဟန်ဆောင်ပြုံးတွေကလည်း
အရှုံးကို အရှုံးလို့ မမြင်နိုင်
်ဒဏ်ရာ အမာရွတ်နဲ့ ဘ၀ကို နေတတ်ခဲ့
ကိုးကွယ်ရာ ဆိုတာတောင် လက်တစ်လုံးခြား
ငါ့ဖို့သာ မကျန်ရင် ဘာမှ စိတ်မ၀င်စား
ပရဟိတက နောက်မှ
ငါ့အူမ တောင့်တတာ ပြဿနာ
ခက်တာတွေက ရက်တွေ ကြာခဲ့ပြီ
ပြက္ခဒိန်တွေသာ အရွက်ရွက် စုတ်ခဲ့
ပုပ်အက်တဲ့ နေ့ရက်တွေနဲ့ ပဲ
သတိတရ ထကြည့်မှလက်ပြချိန် ရောက်ခဲ့ရပြီ။
image
#Credit

Life... | Ecency