အိမ်ရှေ့က ကောင်လေးများ(၁)

Words
72
Reading
1 min
7y
Listen to this post
~1 min

image

Image Source

ခုလို မိုးတွေရွာတဲ့ ကာလရောက်လာပြီဆိုတာနဲ့ အိမ်ရှေ့ကို ကောင်လေးတွေ ရောက်လာတတ်ကြပြီ။သူတို့အတွက် ခိုလှုံရာနေရာဖြစ်တဲ့ ကျွန်မတို့အိမ်ရှေ့က အုတ်ခုံလေးဆီ သူတို့လာကြပြီ။အုတ်ခုံလေးတွေပေါ်တက်ပြီး အပေါ်ထပ်ကဝရံတာတည်ဆောက်ထားမှု့ကြောင့် မိုးဒဏ်ကိုကာကွယ်ပေးထားသလိုဖြစ်နေတဲ့ အမိုးအောက်မှာ သူတို့လာလဲလျောင်း အိပ်စက်ကြလေပြီ။တစ်ခါတစ်ရံတော့ တစ်ကောင်တည်းသာ လာပေမဲ့ တစ်ခါတစ်ရံညဘက်လို အချိန်မျိုးတွေမှာတော့ ၃ကောင်လုံး အိမ်ရှေ့ကို ရောက်လာတတ်ကြပြီ။

သူတို့ကို အစာရေစာ ကျွေးမွေးလေ့ရှိတဲ့ အန်တီကြီးကလည်း ကျွန်မတို့အိမ်ရှေ့က အုတ်ခုံလေးမှာ အစာရေစာကျွေးမွေးဖို့အတွက် ရေနဲ့အစာခွက်လေးတွေ လာချထားတတ်ခဲ့လေပြီ။မိုးရာသီရောက်ခဲ့ပြီကိုး။မိုးဒဏ်ကြောင့် သူတို့ကို အရင်လို ကွန်ကရစ်လမ်းမှာ အစာခွက်များကို ချကျွေးလို့ မဖြစ်တော့ပြီမို့ ကျွန်မတို့တိုက်ရှေ့က အုတ်ခုံလေးမှာ လာရောက်ကျွေးမွေး ရှာလေပြီ။

ကောင်လေးများဟု ကျွန်မသုံးနှူန်းနေသော ထိုအကောင်လေးများမှာ ကျွန်မတို့အိမ်နားမှာနေသော လမ်းဘေးခွေးလေးများဖြစ်ကြသည်။ထိုခွေးများသည် အထူးသဖြင့် မိုးရာသီဆိုလျှင် ကျွန်မတို့ အိမ်ရှေ့က အုတ်ခုံဆီရောက်လာတတ်ကြသည်။အရောင်အသွေးများအနေနှင့်ဆိုလျှင်တော့ အဖြူရောင် နှစ်ကောင်နှင့်နီညိုရောင်တစ်ကောင် ဖြစ်သည်။သူတို့ကို ခွေးများကိုချစ်ခင်ကာ သနားကြင်နာတတ်သော ကျွန်မတို့အိမ်နီးချင်း အန်တီကြီးက အစာရေစာပုံမှန်ကျွေးမွေးထားပေးလေသည်။

ထိုခွေးသုံးကောင်အနက် နှစ်ကောင်မှာ စိတ်ဝင်စားစရာ ဇာတ်လမ်းများ အသီးသီးရှိကြသည်။ထို့ကြောင့် ထိုခွေးနှစ်ကောင် အကြောင်း စာရေးသားဖို့ စိတ်ကူးပေါ်မိလေသည်။

ဆက်ရန်

Author-myothuzar,MSC-033