ရုပ်ရှင်အညွှန်း

Words
160
Reading
1 min
Listen
Play
8y

ရုပ်ရှင်ကြည့်ရင်း အင်္ဂလိပ်စာအရည်အချင်း တိုးတက်အောင်လုပ်လို့ရတယ်ဆိုတာ အတော်များများသိကြမှာပါ။ ရုပ်ရှင်ချစ်သူတော်တော်များများဟာ အခြေခံအရည်အချင်းရှိရင်တောင် ရုပ်ရှင်ကြည့်ပါများလာရင်းနဲ့ အင်္ဂလိပ်စကားနဲ့ အတော်လေးကို လက်ပွန်းတတီးဖြစ်လာပြီး တချို့အသုံးအနှုန်းတွေကို သိလာကြပါတယ်။ အဲ့လိုသိလာတာကလဲ စေတနာပါပါမြန်မာဘာသာပြန်ပေးတဲ့ ဘာသာပြန်ဆရာတွေကြောင့်ဆိုတာကလဲ ရာခိုင်နှုန်းအတော်များမှာပါ။ ကျွန်တော်ဆိုလိုတာက ပညာရေးတပိုင်းတစနဲ့လူတွေ လူငယ်ပေါက်စလေးတွေကို ရည်ရွယ်တာပါ။ မြန်မာစာတန်းထိုးနဲ့ ဇာတ်ကားတွေ ပေါများလာပြီးနောက်မှာ အထက်က ကျွန်တော် ရေးခဲ့သလို အသံ နားထောင် အဓိပွါယ်ကို မြန်မာဘာသာပြန်တာနဲ့ဖတ်ပြီး Listening Skill ဘက်ကို မြန်မာစာတန်းထိုးကားတွေက အထောက်အကူပြုပေးပေမယ့် အမြဲတမ်းကြီး မြန်မာစာတန်းထိုးကားပဲ ကြည့်နေရင်တော့ Listening တစ်ခုတည်းနဲ့ ရပ်တန့်သွားမှာပါ။ Listening အပြင် Reading ပါ တိုးတက်လာဖို့ အင်္ဂလိပ်ကားများကို အင်္ဂလိပ်စာတန်းထိုးနဲ့ ကြည့်ပေးဖို့လဲ လိုလာပါပြီ။ ကြည့်ခါစမှာတော့ ပင်ပန်းသလိုခံစားရပါလိမ့်မယ် အချိန်လဲပိုပေးရပါလိမ့်မယ် တခွန်းပြော တစ်ခါ ရပ်ပြီး ဘာမှန်းသိအောင် ဖတ်လိုက် အဘိဓာန် လှန်လိုက် နဲ့ တိုင်အတော်ပတ်သွားမှာပါ အဲ့ဒီတော့ ရုပ်ရှင်ကြည့်တာ အပန်းမပြေပဲ ပိုပန်းလာတော့ အတော်များများ စိတ်ပျက်သွားပါလိမ့်မယ်။ တချို့ဇာတ်ကားတွေဆိုရင် အင်္ဂလိပ်ကားကို အင်္ဂလိပ်စစ်စစ် နားမလည်လောက်အောင် စကားလုံးခက်ခဲတဲ့ အဓိပွါယ်နက်နဲတဲ့ ကားတွေ ရှိနေလို့ပါ။ ဥပမာဗျာ ငါးတန်းကျောင်းသားတစ်ယောက်ကို interstellar လိုကားမျိုးကို အင်္ဂလိပ်လိုကြည့်ပြီး လေ့လာခိုင်းလိုက်ရင် သူ ချာလပတ်ရမ်းသွားမှာပါ။ အဲ့ဒီတော့ စကားလုံးအသုံးအနှုန်းလဲ လွယ်ကူ ရုပ်ရှင်တကားစာလောက်လဲ မရှည်တဲ့ တစ်ပိုင်းကို နာရီဝက်တောင်မရှိတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒါကတော့ 1994 မှာ စတင် ထုတ်လွှင့်ပြသပြီး 2004 ခုနစ်မှာ ဇာတ်သိမ်းသွားတဲ့ Friends လို့ အမည်ရတဲ့ ဟာသဇာတ်လမ်းတွဲလေးပါ။ ဒီဇာတ်လမ်းတွဲလေးက Family type ဆန်ဆန်လေးဖြစ်ပြီး ပေါ့ပေါ့ပါးပါးလဲ ဖြစ် စကားပြောတွေကလဲ လွယ်ကူပါတယ်။ ဒီဇာတ်လမ်းတွဲလေးကို အင်္ဂလိပ်လို ကြည့်ရှုဖို့ အဓိကညွှန်းချင်တာကတော့ အလယ်တန်းကျောင်းသားအရွယ်ညီလေးတွေနဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အလုပ်များပြီး အင်္ဂလိပ်စာနဲ့အလှမ်းဝေးနေတဲ့ အစ်ကိုများအတွက်ပါ။ ဟာသကားလေးဖြစ်တော့ လေ့လာရတာလဲ စိတ်ရွှင်မယ် စကားအပြောအဆို မခက်ခဲတဲ့အတွက် ဖတ်ရတာ အရမ်းကြီးလဲ ပင်ပန်းမှာ မဟုတ်တဲ့အတွက် တစ်နေ့ကို တစ်ပိုင်းလောက်ပဲ ဖြစ်ဖြစ် နာရီဝက်လောက်အချိန်ပေးပြီး အင်္ဂလိပ်စာတန်းထိုးလေးနဲ့ ကြည့်ကာ လေ့လာပေးပါလို့ တိုက်တွန်းပါရစေခင်မျာ။

ဖုန်းနဲ့ကြည့်ချင်သူများအတွက် Showbox ဆိုတဲ့ App လေးကို Google ကနေ ရှာဒေါင်းပြီး ကြည့်လို့ရပါတယ် TV နဲ့ ကြည့်ချင်သူများအတွက်ကတော့ နီးစပ်ရာ Data Store သို့မဟုတ် အင်္ဂလိပ်မူရင်းအခွေများ ရောင်းတဲ့ဆိုင်များတွင် သွားရောက်ဝယ်ယူလို့ရပါတယ်။

Photo credit: https://www.imdb.com/title/tt0108778/mediaviewer/rm2496332288

ရုပ်ရှင်အညွှန်း | Ecency