Mission: Impossible – Fallout (2018) Review

myokhant(39)
Published in
#msu
Words
89
Reading
1 min
Listen
Play
8y

ရုံတင်ခါစလေး ဖြစ်လို့ စပွိုင်လာလွတ်အောင် နည်းနည်းလေး ညွှန်းလိုက်ဦးမယ်.
ဇာတ်ကားကတော့ အရင်ထွက်ကားတွေလိုပဲ အကြမ်းအရမ်းစွန့်စားခန်းတွေရယ် ကမ္ဘာ့ရန်သူတော် တစ်ဦးရယ် နဲ့ မွဲပြာပုဆိုးဆန်သလို ခံစားရပေမယ့် ဒီကားထဲက စွန့်စားခန်းတွေက လူတွေ ဟိုက်ခနဲ ဟာခနဲ ဖြစ်သွားစေတဲ့အထိ အသဲတလှိုက်လှိုက်ဖြစ်စေခဲ့ပါတယ်. အရင်ကားတွေတုန်းက စွန့်စားခန်းတွေက ကြည့်ကောင်းတယ်ပြောရင် ဒီကားမှာ စွန့်စားခန်းတွေက သရဲ ကားတစ်ကား ကြည့်ရသလို ဘယ်အချိန် ဘွားခနဲ ဘယ်လိုတွေဖြစ်မယ်ဆိုပြီး ရင်တထိတ်ထိတ်ဖြစ်စေခဲ့ရပါတယ်။ အမှန်တိုင်းပြောရရင် ဇာတ်အိမ်ကိုတော့ သိပ်ပြီး သဘောမခွေ့ပေမယ့် အက်ရှင်ပိုင်းမှာတော့ ဒီနှစ်ထွက် အက်ရှင်ကားအားလုံးထဲမှာ ဒီကားအကောင်းဆုံးလို့ သတ်မှတ်မိသွားပါတယ်။ CGI အနည်းငယ်သုံးထားတာမှန်ပေမယ့် စွန့်စားခန်း အတော်များများကို မင်းသားကိုယ်တိုင် လူစားမထိုးပဲ ရိုက်တယ်ဆိုတဲ့အချက်က ကြည့်ရသူကို ပိုပြီး အလွင့်ခံစားချက်မျိုးရစေသလို မင်းသားနေရာ ကိုယ်ရောက်သွားပြီး တချို့အခန်းတွေဆို မျက်စိတွေပါ ကောက်မှိတ်လိုက်ရတဲ့အထိ ကြောက်ဖို့ကောင်းလွန်းပါတယ်။ နောက်ထပ် မင်းသားတစ်ယောက်ဖြစ်တဲ့ စူပါမန်း ကြီးကလဲ ဒီကားထဲမှာ ရေလည် အစွမ်းပြထားသေးတာမို့ မကြည့်ရသေးသူများရှိရင် သွားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ကျွန်တော် သွားကြည့်ခဲ့တဲ့ ရုံက ပိတ်ကားကြီးပေမယ့် အသံပိုင်း သိပ်စိတ်တိုင်းမကျခဲ့ရလို့ နောက်ခံတီးလုံးတွေ အကြောင်း သိပ် မှတ်မှတ်ရရ မခံစားလိုက်ရပေမယ့် သွားကြည့်မယ့်လူများအတွက် အသံထွက် ကောင်းတဲ့ ရုံအမျိုးအစားများမှာ သွားကြည့်ဖို့ တိုက်တွန်းပါရစေ။

Myo Khant
MSU-063

Photo Credit: https://www.imdb.com/title/tt4912910/mediaviewer/rm1258310912

Mission: Impossible – Fallout (2018) Review | Ecency